Sales Hotline : 09448001653       Download App



တပ်ကြပ်ကြီးသားဖွား ဒီပလိုမာသင်တန်း အတွက် သင်တန်းသားများခေါ်ယူလျက်ရှိ 

တပ်ရင်း တပ်ဖွဲ့များအတွက် လိုအပ်လျက်ရှိသော တပ်ကြပ်ကြီးသားဖွား လစ်လပ်ရာထူးများအတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိပါသည်။ 

သင်တန်း ကာလမှာ နှစ်နှစ် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက် မှ စတင်ကာ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းနှင့် သင်ကြားရေး ဆေးရုံများတွင် သင်ကြားပေး သွားမည် ဖြစ်သည်။ 

လိုအပ်ချက်များ အနေဖြင့် အောက်ပါအတိုင်းဖြစ်သည်။ 

လျှောက်လွှာများကို ၆.၁၁.၂၀၂၀ သောကြာနေ့ နောက်ဆုံးထားပြီး တပ်မတော် ဆေးဘက်ဆိုင်ရာ  ပညာသင်ကျောင်းသို့ ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။ 

အဆိုပါ သင်တန်းမှာ ၇-၁၂-၂၀၂၀ မှ စတင် ကာ ၁၆-၁၂-၂၀၂၂ အထိ သင်တန်းသူ အယောက် ၅၀ ကို ခေါ်ယူသွားမည်ဖြစ်သည်။ 

လူတွေ့ စစ်ဆေးမှုများကို ၅-၁၂-၂၀၂၀ တွင် ပြုလုပ်မည် ဖြစ်ပြီး ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်မည့် ရက်များကို ဖြင့် ၈-၁၂-၂၀၂၀ နှင့် ၉-၁၂-၂၀၂၀ သတ်မှတ်ထားသည်။

By Myanmar Education Guide - EDGE 

 

Latest Post News Read 5363 times