Sales Hotline : 09448001653       Download App



၂၀၂၀ အတွက် အာရှ၏ ထိပ်တန်းတက္ကသိုလ် ၁၀ ခု

၂၀၂၀ ပြည့်နှစ်အတွက် QS Asia University အဆင့်သတ်မှတ်ချက်ကို တက္ကသိုလ်ပေါင်း ၅၅၀ ဖြင့် ဖွဲ့စည်းထားပြီး ယခုနှစ် အတွက် အညွှန်းကိန်းတွင် ပြင်ဆင်ချက်အသစ် ၆၈ချက်ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ အဆင့်သတ်မှတ်ချက်များကို ညွှန်းကိန်း ၁၁ ခုဖြင့်တွက်ချက်ထားပြီး ညွှန်းကိန်း တစ်ခုချင်းစီ၏အရေးပါမှုအရတွက်ချက်ထားသည်။ ထိုအညွှန်းကိန်းများတွင် ပညာရေးဆိုင်ရာဂုဏ်သတင်းများ၊ ၊အလုပ်ရှင်ဂုဏ်သတင်းများ၊ကျောင်းသား/ဆရာများ၏ အချိုး၊ နိုင်ငံတကာသုတေသနလုပ်ငန်းဆိုင်ရာ ကွန်ယက်၊ ဘွဲ့ယူကျမ်းဆိုင်ရာ စာရွက်စာတမ်းများ၊ ဆရာများ၏ စာရွက်စာတမ်းများ ပါဝင်ပါသည်။ ကျန်ရှိသည့် အခြားအညွှန်းကိန်းများမှာ ပါရဂူဘွဲ့ရှိသော ၀န်ထမ်းများ၊ နိုင်ငံတကာမှ လာသောဆရာများအချိုးအစား၊ နိုင်ငံတကာကျောင်းသား အရေအတွက်၊ နိုင်ငံတကာမှလာသော အိတ်ချိန်းကျောင်းသားများအရေအတွက် နှင့် နိုင်ငံတွင်းမှ စေလွှတ်သော အိတ်ချိန်းကျောင်းသားများ၏ အရေအတွက် များ ဖြစ်ပါသည်။

ဆက်စပ်ဖတ်ရှုရန် >>> အာရှတွင် နိုင်ငံခြားပညာသင်ရန် အကောင်းဆုံး နိုင်ငံရှစ်ခု <<<

၂၀၂၀ ပြည့်နှစ်အတွက် QS Asia University အဆင့်သတ်မှတ်ချက်အရ အာရှရှိ ထိပ်တန်းတက္ကသိုလ် ၁၀ မှာ -

၁။ National University of Singapore (NUS)

National University of Singapore (NUS) သည် အာရှတိုက်တွင် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး၊ ယခုနှစ်တွင်ဒေသဆိုင်ရာအဆင့်သတ်မှတ်ချက်အရကမ္ဘာ့နံပါတ် ၁၁ အဆင့်တွင်ရှိသည်။ ၁၉၀၅ ခုနှစ်တွင် တည်ထောင်ခဲ့သော NUS သည် စင်ကာပူတွင် ပထမဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သုတေသနတက္ကသိုလ်ဖြစ်ပါသည်။ ၎င်းတွင် ကျောင်းဝန်း သုံးခုရှိပြီး ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့်ပညာရေးအတွက် လေ့လာမှုများကို အာရှအမြင် နှင့် ကျွမ်းကျင်မှုများဖြင့် အဓိကထားလေ့လာနိုင်ပါသည်။ NUSသည် အဓိကအညွှန်းကိန်းများဖြစ်သည့် ပါရဂူဘွဲ့ရှိသော ၀န်ထမ်းများ၊ နိုင်ငံတကာမှ လာသောဆရာများအချိုးအစား၊ နိုင်ငံတကာကျောင်းသား အရေအတွက်၊ နိုင်ငံတကာမှလာသော အိတ်ချိန်းကျောင်းသားများအရေအတွက် နှင့် ုင်ငံတွင်းမှ စေလွှတ်သော အိတ်ချိန်းကျောင်းသားများ၏ အရေအတွက်များစံနှုန်းနှင့် အကောင်းဆုံးကိုက်ညီပြီး ထိပ်တန်းတက္ကသိုလ် အဖြစ်ကိုယ်စားပြု ရပ်တည်လျက်ရှိပါသည်။

၂။ Nanyang Technological University (NTU)

၂၀၂၀ ပြည့်နှစ်တွင်အာရှ၏ ဒုတိယအကောင်းဆုံးတက္ကသိုလ်မှာ စင်ကာပူရှိ နန်ယန်းနည်းပညာတက္ကသိုလ် (NTU) ဖြစ်ပြီး မနှစ်က တတိယနေရာတွင်ရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ဆင့်တက်ကာ ဒုတိယနေရာ ဖြစ်လာခဲ့ခြင်းဖြစ်ပါသည်။ ၁၉၈၁ ခုနှစ်တွင် နန်ယန်းနည်းပညာအင်တီကျု အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၀ နှစ်အကြာတွင် နန်ယန်းနည်းပညာတက္ကသိုလ် အဖြစ် အဆင့်မြှင့်နိုင်ခဲ့သည့် အပြင် စင်ကာပူ၏ သက်တမ်းအနည်းဆုံး တက္ကသိုလ်ဖြစ်ပါသည်။ သို့သော်လည်း NTU သည် သုတေသနလုပ်ငန်းများတွင် အထူးပြုဆောင်ရွက်နေကြပြီး ဘွဲ့ယူကျမ်းဆိုင်ရာ စာရွက်စာတမ်းများဆိုင်ရာအညွှန်းတွင် ပထမနေရာတွင် ဖြစ်သည်။

၃။ The University of Hong Kong

၂၀၂၀ ပြည့်နှစ်တွင် အဆင့်တစ်နေရာတွင် ကျဆင်းသွားသော်လည်း ဟောင်ကောင်တက္ကသိုလ်သည် ယခုနှစ်အာရှရှိ ထိပ်တန်းတက္ကသိုလ်တွင် အဆင့် ၃ အဖြစ်ရပ်တည်လျက်ရှိပါသည်။ ဟောင်ကောင်တက္ကသိုလ်သည် နှစ်ပေါင်း ၁၀၀ ကျော်သမိုင်းကြောင်း နှင့်အတူ ဟောင်ကောင်၏သက်တမ်းအရင့်ဆုံးတက္ကသိုလ်ဖြစ်သည်။ ဟောင်ကောင်တက္ကသိုလ်သည် ကမ္ဘာအနှံ့ဆက်သွယ်မှု အလွန်ကောင်းမွန်ပြီး နိုင်ငံပေါင်း ၄၃ နိုင်ငံရှိထိပ်တန်းတက္ကသိုလ် ၃၄၀ ကျော်နှင့်ပူးပေါင်းထားပါသည်။ ၎င်းသည် ယခုနှစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များတွင် အဆင့် ၂၅ တွင် ရှိနေပြီး ၂၀၂၀ ဘွဲ့လွန်အလုပ်ခန့်အပ်မှုအဆင့်တွင်နံပါတ် ၉ နေရာတွင်ရှိနေပါသည်။

၄။ Tsinghua University

ယခုနှစ်နေရာတစ်ခုကျဆင်းသွားခြင်းကြောင့် Tsinghua တက္ကသိုလ်သည် ထိပ်ဆုံး ၃ နေရာနှင့် လွဲချော်ခဲ့ပြီး ယခုနှစ်တွင်စတုတ္ထနေရာတွင်ရှိနေသည်။ Tsinghua တက္ကသိုလ်ကို ၁၉၁၁ ခုနှစ်တွင်ဘေဂျင်း၌ စတင်တည်ထောင်ခဲ့ပြီး ၎င်း၏ဂုဏ်သိက္ခာရှိသောအင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံပရိုဂရမ်များကြောင့် ကမ္ဘာအနှံ့တွင်ထင်ရှားသည်။ Tsinghua တက္ကသိုလ်သည်တရုတ်ပြည်မကြီးတွင် ထိပ်တန်းအဆင့်တက္ကသိုလ် ခေါင်းစဉ်ဖြင့် ရပ်တည်နေကာ ၂၀၂၀ တွင် ကမ္ဘာ့အဆင့် ၁၆ နေရာတွင်ရှိနေသည်။ ယခုနှစ်တွင် အလုပ်ရှင်ဂုဏ်သတင်းများ အညွှန်းကိန်းတွင် အဆင့် ၆ ရရှိထားပါသည်။

၅။ Peking University

ပီကင်းတက္ကသိုလ်သည် အာရှထိပ်တန်းတက္ကသိုလ်၏ အဆင့်ငါးနေရာတွင် ရပ်တည်နေသည်မှာ ငါးနှစ် မြောက်ခဲ့ပြီ ဖြစ်ပါသည်။ အခြားတရုတ်၏ရှေးအကျဆုံးတက္ကသိုလ်တစ်ခု ဖြစ်သော ပီကင်းတက္ကသိုလ်သည် ၁၈၉၈ ခုနှစ်တွင် Guozijian ကျောင်း (Imperial College) အတွက်အစားထိုးဖွင့်လှစ်ခဲ့သော တက္ကသိုလ်ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ပီကင်းတက္ကသိုလ်သည် တရုတ်၏ ထိပ်တန်းပညာရေးဆိုင်ရာအဖွဲ့အစည်း တစ်ခုအဖြစ် တသမတ်တည်း သတ်မှတ်ထားခဲ့ကြပါသည်။ ထို့အပြင် ၎င်း၏ရင်သပ်ရှုမောဖွယ်ကျောင်းဝင်း အပြင်အဆင်နှင့် တရုတ်ရိုးရာ ဗိသုကာများသည် လူသိများထင်ရှားစေ‌သော အချက်များဖြစ်ပါသည်။ ပီကင်းတက္ကသိုလ်သည် ပြီးပြည့်စုံသော ရမှတ်ဖြင့် အလုပ်ရှင်ဂုဏ်သတင်းများ အညွှန်းကိန်းတွင် ထိပ်တန်းတက္ကသိုလ်အဖြစ် ရပ်တည်လျက်ရှိပါသည်။

၆။ Zhejiang University (ZJU)

Zhejiang University (ZJU) သည် တရုတ်နိုင်ငံ၏ ရှေးအကျဆုံးတက္ကသိုလ်များထဲမှ တစ်ခုဖြစ်ပြီး အစောဆုံးအနေဖြင့် ၁၈၉၇ တွင် စတင်တည်ထောင်ခဲ့ပါသည်။ ယနေ့ ZJU သည်တရုတ်၏ ထိပ်တန်းအဆင့်မြင့်ပညာရေးတက္ကသိုလ်များ နှင့် အာရှရှိ အကောင်းဆုံးတက္ကသိုလ်များအနက်မှတစ်ခုဖြစ်ပြီး အံ့ဩသင့်ဖွယ်အချက်အနေဖြင့် အဆင့်ပေါင်း ခုနစ်နေရာကို ကျော်ဖြတ်ကာ ယခုနှစ်တွင် ထိပ်တန်းအဆင့် ခြောက်တွင် ရပ်တည်နေခြင်းဖြစ်ပါသည်။ ZJU သည် နိုင်ငံတကာတွင် အင်အားကြီးသော ပုံရိပ်ရှိပြီး ကမ္ဘာအနှံ့ရှိနိုင်ငံပေါင်း ၃၀ ကျော်ရှိအဖွဲ့အစည်းပေါင်း ၁၈၀ ကျော်နှင့် လက်တွဲထားကာ နိုင်ငံတကာမှလာသော အိတ်ချိန်းကျောင်းသားများအရေအတွက် အညွှန်းကိန်းတွင် ထိပ်ဆုံးမှ ရပ်လျက်ရှိပြီး နိုင်ငံတွင်းမှ စေလွှတ်သော အိတ်ချိန်းကျောင်းသားများ၏ အရေအတွက်များအညွှန်းကိန်းတွင် စတုတ္ထမြောက်တွင် ရပ်တည်နေပါသည်။

၇။ Fudan University

ရှန်ဟိုင်းမြို့လယ်တွင် တည်ရှိသော Fudan တက္ကသိုလ်သည် တရုတ်နိုင်ငံ၏ဂုဏ်သတင်းနှင့်ရွေးချယ်မှုအရှိဆုံးအဖွဲ့အစည်းထဲမှ တစ်ခုဖြစ်သည်။ ၁၉၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထင်ရှားသော ကျောင်းသားဟောင်းများစွာကို မွေးထုတ်ပေးထားသော တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်၏ဒါရိုက်တာ Zhang Shengman အပါအဝင် ခြေပြတ်လက်ပြတ်များအတွက် ခြေတုလက်တုများတပ်ဆင်ပေးသည့် လုပ်ငန်းစဉ်၏ ရှေ့ဆောင်တ်ဦးဖြစ်သည့် Chen Zhongwei တို့ ပါဝင်ပါသည်။ ဤထိပ်တန်းတက္ကသိုလ်သည် အာရှတက္ကသိုလ်အဆင့်တွင်အဆင့် ၇ တွင်ရှိပြီး ယခုနှစ်တွင်ကမ္ဘာ့အဆင့် ၄၀ တွင်ရှိသည်။ ပညာရေးဆိုင်ရာဂုဏ်သိက္ခာနှင့်အလုပ်ရှင်၏ဂုဏ်သတင်းများအပါအ၀င်ညွှန်းကိန်းအမျိုးမျိုးကိုကျော်ဖြတ်နိုင်ခဲ့သည်။

၈။ Hong Kong University of Science and Technology (HKUST)

အာရှတွင် အဆင့်ရှစ် အပြင် ကမ္ဘာ့အဆင့်တွင် ၃၂ နေရာတွင် ရပ်တည်နေသော ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် (HKUST) သည် နိုင်ငံတကာသုတေသန တက္ကသိုလ်အဖြစ်ထင်ရှားပြီး ၎င်းတက္ကသိုလ်မှ သုတေသန ရလဒ်များသည် အလွန်မြင့်မားကောင်းမွန်လျက်ရှိသည်။ HKUST သည် ဘွဲ့ယူကျမ်းဆိုင်ရာ စာရွက်စာတမ်းများ အညွှန်းကိန်းတွင် အဆင့်နှစ် နှင့် နိုင်ငံတကာမှ လာသောဆရာများအချိုးအစား အညွှန်းကိန်းတွင် အဆင့်လေးအဖြစ် ရရှိထားပြီး တက္ကသိုလ်၏ ခိုင်မာသောပညာရေးဆိုင်ရာရလဒ်များသည် နိုင်ငံတကာမှဆရာများသည် ကျောင်းသို့ လာရောက် လုပ်ကိုင်ရန် ဆွဲဆောင်လျက်ရှိသည်။

၉။ KAIST - Korea Advanced Institute of Science and Technology

တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်၏ တောင်ဘက်ကီလိုမီတာ ၁၅၀ အကွာရှိ Daejeonမြို့တွင်တည်ရှိပြီး KAIST သည် ကျောင်းသားပေါင်း တစ်သောင်းကျော်ရှိသော အများပိုင်တက္ကသိုလ် တစ်ခုဖြစ်ပါသည်။ ကိုရီးယားအစိုးရမှ ၁၉၇၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သောတက္ကသိုလ်သည်နိုင်ငံ၏ပထမဆုံးသုတေသနပြုသည့်သိပ္ပံနှင့်အင်ဂျင်နီယာတက္ကသိုလ်ဖြစ်လာသည်။ ယခုနှစ်အတွက် အာရှထိပ်တန်း အဆင့်ကိုးတွင် ရှိနေသော KAIST သည် ဆရာများ၏ စာရွက်စာတမ်းများ အညွှန်းကိန်းတွင် အဆင့် ရှစ် နှင့် ပညာရေးဆိုင်ရာဂုဏ်သတင်းများ အညွှန်းကိန်းတွင် အဆင့် ၁၂ ရရှိထားပါသည်။

၁၀။ The Chinese University of Hong Kong (CUHK)

ယခုနှစ်အာရှရှိထိပ်တန်းတက္ကသိုလ် (၁၀) ခုတွင် CUHKသည် အဆင့် တစ်နေရာ ကျဆင်းပြီးနောက်တွင် ဒသမမြောက်တွင် ရပ်တည်နေခြင်း ဖြစ်ပါသည်။ CUHKသည် နိုင်ငံတကာမှလာသော အိတ်ချိန်းကျောင်းသားများအရေအတွက် အညွှန်းကိန်းတွင် အမှတ်အများဆုံးရထားပြီး ထိုအမှတ်သည် ကမ္ဘာ့အဆင့်လေးတွင် ရှိနေပါသည်။ နိုင်ငံတကာတွင် CUHKသည် သုတေသနကို အထူးအလေးထားခြင်းဖြင့် လူသိများထင်ရှားပါသည်။

By Myanmar Education Guide- EDGE

Latest Post News Read 876 times