Sales Hotline : 09448001653       Download App



အခြေခံပညာအတန်းစာမေးပွဲ အချိန်စာရင်းများထုတ်ပြန်

အခြေခံပညာအတန်းစာမေးပွဲ အချိန်စာရင်းများထုတ်ပြန်

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံး၊ အခန်းဆုံးစစ်ဆေးခြင်းနှင့် ဒုတိယနှစ်ဝက် စစ်ဆေးခြင်းများကို အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်ကြေညာလိုက်ရာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အတွင်းကျင်းပမည်ဖြစ်ပြီး ကျန်ရှိသောကျောင်းတွင်းစစ်စာမေးပွဲများကို ဖေဖော်ဝါရီလ ၄ ရက်မှ ၁၁ ရက်အတွင်း စနေ၊ တနင်္ဂနွေရက်များမှအပ ကျင်းပသွားရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၆ ရက်မှ ၁၅ ရက်အတွင်း စစ်ဆေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။

“ စာမေးပွဲမစစ်ရတဲ့ အတန်းတွေကို တခမ်းတနားနဲ့ စာမေးပွဲတွေမစစ်ဖို့ ကျောင်းတွေအနေနဲ့ဂရုပြုစေချင်ပါတယ်။ အဆင့်ဆင့်ကြီးကြပ်သူတွေအနေနဲ့လည်း ဒီအခြေအနေတွေကို ဂရုတစိုက်နဲ့ ကြပ်မတ်စေလိုပါတယ်”ဟုအခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးကပြောသည်။

အခြေခံပညာစတုတ္ထတန်း၏ စာမေးပွဲများကို တစ်ရက်လျှင် တစ်ဘာသာဖြင့် တစ်နာရီခွဲမေးခွန်း စစ်ဆေးမည်ဖြစ်သလို အဌမတန်းစာမေးပွဲကို တစ်ရက်လျှင် တစ်ဘာသာ နှစ်နာရီမေးခွန်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယခုပညာသင်နှစ်အထိ အခြေခံပညာသူငယ်တန်းမှ ဒုတိယတန်းအထိကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားနေပြီး အဆိုပါအတန်းများကို စာမေးပွဲစစ်ဆေးခြင်းပြုလုပ်မည်မဟုတ်ဘဲ ကျောင်းသားကျောင်းသူများ၏ တတ်မြောက်မှုအပေါ်တွင်သာ အကဲဖြတ်ပြီး အတန်းတင်ခြင်းစနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ယခုနှစ်တွင် အဌမတန်းအဆင့်ကို အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ထားသူများနှင့် အဌမတန်းကျဆုံးထားသူများကို ပြင်ပမှဝင်ရောက်ဖြေဆိုခွင့်အား ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးထားကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူကိုးသန်းကျော်ပညာသင်ကြားနေကြောင်းသိရသည်။

Source: Democracy news

Related Items:၇ တန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသူများကို အဌမတန်းစာမေးပွဲအား ပြင်ပဖြေအဖြစ် ၀င်ရောက်ဖြေဆိုနိုင်

News Read 3059 times