Sales Hotline : 09448001653       Download App



အမှတ်စာရင်းထုတ်ပေးမည်ဆိုကာ အွန်လိုင်းတွင် ငွေကြေးတောင်းခံမှုများရှိနေ

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းကို  အောင်စာရင်းထွက်ပြီး တစ်ပတ်အတွင်း ရန်ကုန်မြို့ရှိ မြန်မာနိင်ငံစာစစ်ဦးစီး ( ရန်ကုန်) ၊ ပါရမီလမ်း ( အေဒီမှတ်တိုင် ၊ပြည်လမ်း)ရန်ကုန်တက္ကသိုလ်ဝင်းအနီး၊ လှိုင်နယ်မြေ ၊ ၁၂ ရပ်ကွက်၊ လှိုင်မြို့နယ် တွင်လည်းကောင်း၊ နေပြည်တော်ရှိ မြန်မာနိင်ငံစာစစ်ဦးစီး၊ ရုံးအမှတ် ၅၂ တွင်လည်းကောင်း ထုတ်ပေးခဲ့ပါသည်။

ယခုနှစ်တွင် COVID-19 ကြောင့် အမှတ်စာရင်းထုတ် ပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအ မျိုးသားအဆင့်ဗဟိုကော်မတီထံ  တင်ပြမည်ဖြစ်ပြီး ထိုကော်မတီက ခွင့်ပြုမှသာ အမှတ်စာရင်း ထုတ် ပေးခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လတ်တလောတွင် အမှတ်စာရင်းထုတ်ပေးရန် အစီအစဉ် မရှိသေးဟု သိရပါသည်။

အမှတ်စာရင်း ထုတ်မပေးသေးသော်လည်း အမှတ်စာရင်းကြည့်ပေးမည်ဟုဆိုကာ Facebook တွင် ကြော်ငြာကာ ငွေကြေး တောင်းခံမှုများ ရှိနေသည်။ ကြည့်လိုသဖြင့် စုံစမ်းသည့်အခါ အွန်လိုင်းငွေလွှဲစနစ်မှ ငွေလွှဲပေးရန် ပြောဆိုကာ ကျပ်တစ်သောင်း၊ ကျပ်နှစ်သောင်း စသဖြင့် ငွေတောင်းခံပါသည်။ 

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း ထုတ်ပြန်စဉ်ကလည်း ထုတ်ပြန်မည့်ရက်ကို ကြိုတင်အသိပးသည့်အပြင် အစီအစဉ် အသေးစိတ်ကိုပါ တရားဝင် ကြိုတင်ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရသည်။ တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်းထုတ်ပေး မည့်အစီအစဉ်ကိုလည်း အလားတူ ကြိုတင်အသိ ပေးမည်ဖြစ်သည်ဟု သိရသည်။ www.edge.com.mm တွင်လည်း ဖော်ပြပေးမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ အမှတ်စာရင်းထုတ်ပေးမည်ဆိုကာ အွန်လိုင်းတွင် ငွေကြေးတောင်းခံမှုများရှိနေသည်ကို သတိပြုဆင်ခြင်သင့်ပါသည်။

Latest Post News Read 2678 times