Sales Hotline : 09448001653       Download App



"အမေရိကန်နှင့် ကနေဒါထိပ်တန်းတက္ကသိုလ် ၅၀ ကျော် ပါဝင်ပြသမည့် ပညာရေးပြပွဲကြီး"

"အမေရိကန်နှင့် ကနေဒါထိပ်တန်းတက္ကသိုလ် ၅၀ ကျော် ပါဝင်ပြသမည့် ပညာရေးပြပွဲကြီး"

အမေရိကန်နှင့် ကနေဒါတက္ကသိုလ်များပညာရေးပြပွဲကို မေ ၁၈ ရက်၊ နေ့လည် ၁ နာရီမှ

ညနေ ၄ နာရီအထိ Novotel Hotel ပြည်လမ်းမှာ ကျင်းပမည်ဟုသိရှိရပါသည်။

 

ပြပွဲကို AT&S ပညာရေးဝန်ဆောင်မှုမှ ကြီးမှူးကျင်းပသွားမှာဖြစ်ပြီး ပြပွဲတွင် အမေရိကန်နှင့်

ကနေဒါထိပ်တန်းတက္ကသိုလ် ကောလိပ်ပေါင်း(၅၀) ကျော်မှ ပါဝင်ပြသမှာ ဖြစ်ပါသည်။

 

အထက်တန်းအောင်မြင်ပြီးသူတွေ၊ IGCSE အောင်မြင်ပြီးသူတွေ SAT/ACT မလိုဘဲတက်ရောက်နိုင်မည့်

အမေရိကန်တက္ကသိုလ်တွေ၊ SAT ရမှတ်ပေါ်မူတည်ပြီးပညာသင်ဆုလျှောက်ထားနိုင်မည့် တက္ကသိုလ်တွေအပြင်

အမေရိကန်ထိပ်တန်းတက္ကသိုလ် ၁၀၀ ကို လျှောက်ထားနိုင်မည့် ကောလိပ်နှင့် အထက်တန်းကျောင်းများအကြောင်း၊

ထိပ်တန်းအင်ဂျင်နီယာ တက္ကသိုလ်များသို့ Guaranteed Admission ရရှိနိုင်မည့် တက္ကသိုလ်နှင့်

ကောလိပ်များ၊ MBA နှင့်စီးပွားရေးဘာသာရပ်များကို တက်ရောက်ပြီး အလုပ်အကိုင်နှင့်

အခြေချနေထိုင်ခွင့်လျှောက်ထားနိုင်မည့် ကနေဒါတက္ကသိုလ်များအကြောင်းကို တစ်နေရာတည်းမှာ လေ့လာနိုင်မှာဖြစ်ပါသည်။

 

ပြပွဲအတွင်း မိမိတို့၏ ပညာရေးအထောက်အထားများကို ယူဆောင်လာပြီး

ပညာသင်ဆုနှင့် ကျောင်းခေါ်စာ Offer Letter ရရှိရန် အခမဲ့လျှောက်ထားနိုင်မှာဖြစ်ပါသည်။

 

Read More: Full Scholarship for Master’s in Engineering ပညာသင်ဆု လျှောက်ထားနိုင်

 

တက်ရောက်လိုသူများအနေဖြင့် AT&S (နိုင်ငံတကာတက္ကသိုလ်ပညာရေး ဝန်ဆောင်မှုကုမ္ပဏီ)

အဆောင်() ၊ အခန်း ()၊ မြန်မာအင်ဖိုတက်(ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ၊

ဖုန်း ၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉၊ ၀၉-၅၀၆၂၁၆၁ နှင့် ၀၉-၇၇၇၂၂၃၂၂၅

ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Source: Internet Journal

News Read 1476 times