Sales Hotline : 09448001653       Download App



အထက်တန်း ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရန် ဆောင်ရွက်နေမှု ဆိုင်းငံထား 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် Grade 11 ကျောင်းသားကျောင်းသူများအား အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်များ ထုတ်ပေးရမည့် သတ်မှတ်ရက်များထုတ်ပြန်ချက်ကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ 

သို့သော် စက်တင်ဘာလ ၄ ရက်နေ့တွင် ထိုသို့ ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ခေတ္တဆိုင်းငံထားကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ 

Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် လူစုလူဝေး မဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လက်မှတ်များ ထုတ်ဝေခြင်း လုပ်ငန်းကို ရပ်တန့်ထားခြင်းဖြစ်သည်။ ကတ်ပြားများကို သက်ဆိုင်ရာကျောင်းများတွင် စနစ်တကျ လုံခြုံစွာ သိမ်းဆည်းထားပြီး ကျောင်းသားများထံ ဖြန့်ဝေရမည့် ရက် ကို ထပ်မံ အသိပေးမည် ဖြစ်ကြောင်း သိရသည်။


By Myanmar Education Guide - EDGE

ပညာရေးမှူးရုံး၊ ချင်းပြည်နယ် ဟားခါးမြို့

Latest Post News Read 714 times