Sales Hotline : 09448001653       Download App



မိဘများ ကျောင်းပို့ကျောင်းကြိုလုပ်ရာတွင် လူစုလူဝေးမဖြစ်စေရန်

** Unicode **

အခြေခံကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် မိဘများအနေဖြင့် ကျောင်းပို့/ကျောင်းကြို လုပ်ဆောင်ရာတွင် လူစုလူဝေးမဖြစ်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ကျောင်းအကြို/အပို့ ကားများမှာလည်း COVID -19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နှစ်ယောက်တွဲ ထိုင်ခုံများမှာ တစ်ယောက်စီသာ စီးနင်းခွင့်ပြုမှာ ဖြစ်ပါတယ်။

လိုအပ်လာမည့် ကျောင်းကားအရေအတွက်ကိုလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ပါတယ်။

မိဘများအနေဖြင့် လူစုလူဝေးမဖြစ်စေရန် မိဘတစ်ဦးထဲကသာ သီးသန့်ကြို/ပို့ရန်နှင့် မဖြစ်နိုင်ပါက လူအစားလဲရန် လိုအပ်ပါတယ်။ 

ကျောင်းအကြို/အပို့ လုပ်မည့်သူများအားလုံးကို စာရင်းကောက်ယူ၍ ဖုန်းနံပါတ်ယူထားရန်များကိုလည်း ဆောင်ရွက်မည်ဖြစ်ပါတယ်။

ကျောင်းအကြို/အပို့ ကားများအနေဖြင့် ပုံမှန်အတိုင်း ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ကျောင်းကားများအနေဖြင့် တစ်ခုံတစ်ယောက်သာ ထိုင်ရမည်ဖြစ်၍ အဲယားကွန်းသုံး ကားများအနေဖြင့် အဲယားကွန်းပိတ်၍ ကားတံခါးများကို ဖွင့်ထားရန်လိုအပ်ပါတယ်။

မူလတွင် အယောက် (၄၀) စီးနိုင်သော ကျောင်းကားများသည် လူဦးရေကို လျော့၍ အကြို/အပို့ လုပ်ဆောင်မည်ဖြစ်ပါတယ်။

ကျောင်းအကြို/အပို့ ကားများတွင် လိုက်ပါမည့် ကျောင်းသားများသည် ကားပေါ်လိုက်နာရမည့် စည်းကမ်းများနှင့် ကားပေါ်ကဆင်းပါက လုပ်ဆောင်ရမည်အချက်များကိုပါ သိထားရမည်ဖြစ်ပါတယ်။

College (108) ကောလိပ်နှင့်ပတ်သက်ပြီး (၁၀၈) ခုရှာရန်နှိပ်ပါ။

ကျောင်းကားများသည် မူလအနေအထားထက် (၂)ဆ ပိုမိုလိုအပ်မည်ဖြစ်ကြောင်းလည်းသိရပါတယ်။

ကျောင်းကားများနှင့်ပတ်သက်ပြီး လိုအပ်ချက်ရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Credit: MRTV 

 

** Zawgyi **













Credit: MRTV 

News News Latest Post News News Read 21441 times