“ကိုယ်ပိုင်ကျောင်းသစ်ဖွင့်ခွင့်ရသူများကို မေလတွင် ကြေညာမည်”

“ကိုယ်ပိုင်ကျောင်းသစ်ဖွင့်ခွင့်ရသူများကို မေလတွင် ကြေညာမည်”

လာမည့်​ ပညာသင်​နှစ်​(၂၀၁၉-၂၀) တွင်​ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းသစ် ဖွင့်ခွင့်​​လျှောက်​ထားမှုများအနက်​ ဖွင့်​လှစ်​ခွင့်ရသူများစာရင်းကို ​မေလအတွင်း ​ကြေညာ​ပေးရန်​ လျာထားသည်​ဟု

ရန်​ကုန်​တိုင်း​ဒေသကြီးပညာ​ရေးမှူးရုံး တာဝန်​ရှိသူတစ်​ဦးက ပြောပါသည်​။

 

ကိုယ်​ပိုင်​​ကျောင်းသစ်​ ဖွင့်​လှစ်ခွင့်​အပြင်​ သက်တမ်းတိုး လျှောက်ထားခြင်းများ၊ အတန်းအဆင့်​ တိုး​လျှောက်​ထားခြင်းများကိုလည်း ​မေလအတွင်း ​ကြေညာ​ပေးနိုင်​ရန်​ ​ဆောင်​ရွက်​​နေသည်​ဟု ၎င်းကဆိုပါသည်​။

‘‘​ကျောင်း​တွေကို လိုက်​စစ်​တာ​တွေပြီးပြီ။ ဒီဘက်​က စစ်​ထားတာ​တွေကို အ​ခြေခံပညာဦး စီးဌာနဘက်​ကို တင်ပြထားတယ်။ ဦးစီးကစိစစ်​ပြီး ခွင့်​ပြုချက်​ရရင်

 ​​ကြေညာ​ပေးမှာ’’ဟု ရန်​ကုန်​တိုင်း​ဒေသကြီး ပညာ​ရေးမှူး ရုံးတာဝန်​ရှိသူတစ်​ဦးက ​ပြောပါသည်​။

 

၂၀၁၉ –၂၀ ပညာသင်နှစ်   ဇွန်လကျောင်းဖွင့်ချိန်တွင် ကိုယ်ပိုင်ကျောင်းအသစ် စတင်ဖွင့်လှစ် လိုသူများ၊ ယခင်နှစ်များက ဖွင့်လှစ်ခွင့်ရထားပြီး

သက်တမ်းတိုး၊ အတန်းတိုး၊ ကျောင်းအဆင့်တိုး လျှောက်ထားလိုသူများ ခွင့်ပြုချက်လျှောက်ထားရန်

ပညာရေးဝန်ကြီးဌာနက ၂၀၁၈ နိုဝင်ဘာ၌ လျှောက်လွှာခေါ်ယူခဲ့ပါသည်။

 

ကိုယ်ပိုင်ကျောင်းသစ် လျှောက်ထားသည့်ကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံး စစ်ဆေးရေးအဖွဲ့က လိုက်လံစစ်ဆေးပြီးထောက်

ခံကြောင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အခြေခံပညာဦးစီးဌာနထံတင်ပြကာ အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်ခွင့် ချထားမည်​ ဖြစပ်​ပါသည်။

 

ခွင့်ပြုချက်မကျသေးမီ ​ကျောင်းသားလက်ခံသင်ကြားနေသည့် ကျောင်းများကို စိစစ်ကြပ်မတ်ရန်လည်း အခြေခံပညာဦးစီးဌာနက

တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ မတ်လ တတိယပတ်က ညွှန်ကြားထားပါသည်။

 

ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းဖွင့်လှစ်ရန် ၂၀၁၁ တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်းပြီး  ၂၀၁၂ ဧပြီအတွင်းကိုယ်ပိုင် ကျောင်းမှတ်ပုံတင်နည်း

ဥပဒေကို ထပ်မံပြဋ္ဌာန်းကာ ယင်းနည်း ဥပဒေအရ စမ်းသပ်တစ်နှစ်၊ ယာယီ ၂ နှစ်လိုင်စင်များ ချထားပေးနေပါသည်။

 

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် လက်မှတ်မရှိဘဲ တည်ထောင်ဖွင့်လှစ်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ကျခံစေရမည့်အပြင်

ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ၌ ဖော်ပြထားပါသည်။

 

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂-၁၃ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခွင့်ပြုပြီး ၂၀၁၈- ၁၉ ပညာသင်နှစ်တွင်

တစ်နိုင်ငံလုံး၌ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၈၉၆ ​ကျောင်း ရှိ​နေပါသည်။

 

Ref: 7Day Daily

News Read 3253 times