Sales Hotline : 09448001653       Download App



ပညာရေးဝန်ကြီးဌာနမှ ပညာရေးစီမံခန့်ခွဲမှု အသိအမှတ်ပြု လက်မှတ်ရသင်တန်း ဖွင့်လှစ်မည်

 

အင်္ဂလိပ်စာ၊ အိုင်စီတီ၊ သုတေသန စွမ်းဆောင်ရည်နှင့် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်များ ပေါ်မူတည်၍ ပညာရေးစီမံခန့်ခွဲမှု အသိအမှတ်ပြု လက်မှတ်ရသင်တန်း (Certificate in Education Management – CEM Training) ကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မှပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးသဘောတရားဌာနမှ ပါမောက္ခ(ဌာနမှူး) Dr. ခင်မာနီ (Capacity Development Fund - CDF), University College London-Institute of Education (UCL-IOE) နှင့် အတူ သင်တန်းဆရာများမှ ပံပိုးပေးခဲ့ကြပြီး ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုနှင့် ထိရောက်သည့် ခေါင်းဆောင်မှုများရရှိစေရန် ပညာရေးဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းပြီး စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်း (Diploma in Education Management -DEM) ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်း ဖြစ်သည်။ DEM သင်တန်းသည် ရန်ကုန်ပညာရေးတက္ကသိုလ်က ဘွဲ့ပေးအပ်မည့် နိုင်ငံတကာအဆင့်မီ ဘွဲ့လွန်ဒီပလိုမာဘွဲ့ဖြစ်ပြီး သင်တန်းကာလ တစ်နှစ်တွင် စုစုပေါင်း ရမှတ် Total credit မှာ 21 မှတ် ရရှိရမည် ဖြစ်သည်။

ထို သင်တန်းတွင် ပညာရေး၏အခြေခံများကို ဦးဆောင်မှုပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ မူဝါဒ၊ သုတေသနနှင့် စီမံကိန်းရေးဆွဲခြင်း၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဆက်သွယ်ပြောဆိုမှုဆိုင်ရာ စွမ်းရည်တိုးတက်စေခြင်း အစရှိသည့် သင်ရိုးများ ပါရှိမည် ဖြစ်သည်။

“ဒီ သင်တန်းကို စက်တင်ဘာ ၁ ရက်နေ့က Zoom နဲ့ စတင်ဖွင့်ခဲ့ပြီး အဓိကရည်ရွယ်သည့်အုပ်စု (Target Group) မှာ ပညာရေးဝန်ကြီးဌာနမှ သင်တန်းဌာနမှူးများ၊ တက္ကသိုလ်အသီးသီးကို ဉီးဆောင်မည့် ဒုတိယပါမောက္ခချုပ်များ၊ အခြေခံပညာဉီးစီးဌာနရှိ ကျောင်းအုပ်ကြီးများအတွက် ရည်ရွယ်ပါတယ်” ဟု ဒေါက်တာ ခင်မာနီမှ ဆိုသည်။

သင်တန်းကာလမှာ ရက် ၄၀ ဖြစ်ပြီး Total credit မှာ 21 ဖြစ်သည်။ သင်တန်းပြီးမြောက်ပါက ရန်ကုန်ပညာရေးတက္ကသိုလ်မှ အသိအမှတ်ပြုလက်မှတ် ပေးအပ်မည်ဖြစ်သည်။ CEM သင်တန်းပြီးမြောက်ပါက DEM သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်သည်။ CEM သင်တန်းတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှပညာရှင်များနှင့် ပြင်ပမှပညာရှင်များပူးပေါင်းကာ ဆွေးနွေးပို့ချမည် ဖြစ်ကြောင်း သိရသည်။

By Myanmar Education Guide – EDGE

Source: Myanmar Digital News

Latest Post News Read 1252 times