Sales Hotline : 09448001653       Download App



ယခုလကုန်နောက်ဆုံးထား၍ ကျောင်းအပ်ရမည့် အဝေးသင် ပထမနှစ်သင်တန်းများ

** Unicode **

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီး အဝေးသင်တက္ကသိုလ်ပထမနှစ် သင်တန်းဝင်ခွင့်ရသူများသည် ယခုလကုန် နောက်ဆုံး ကျောင်းအပ်ရမည်ဟု တက္ကသိုလ်များက ကြေညာထားပါတယ်။

အဝေးသင်ဘာသာရပ်သင်တန်းများ ဖွင့်လှစ်မည့် တစ်နိုင်ငံလုံးရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ ဝင်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာ ကျောင်းများတွင် ကြေညာထားပြီး ဘာသာရပ်တစ်ခုချင်းဒီ၏ ဝင်ခွင့်ရ အနိမ့်ဆုံးအမှတ်များသည် တက္ကသိုလ်တစ်ခုနှင့်တစ်ခု မတူညီပေ၊ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်သည့် ပထမနှစ်ကျောင်းသား/သူများအားလုံး ဇန်နဝါရီလ (၃၁) ရက်အထိ ကျောင်းအပ်ကြရမည်ဖြစ်ပါတယ်။

အဝေးသင်ကျောင်းသား/သူများသည် ပထမနှစ်ဝက် အတွက်စာစဉ် (Assignment) များကို မေလကုန်အထိ၊ ဒုတိယနှစ်ဝက် အတွက်စာစဉ် (Assignment) များကိုဇူလိုင်လကုန်အထိနောက်ဆုံးထားတင်ပေးရမည်ဖြစ်ပါတယ်။

ဒုတိယနှစ်နှင့်အထက်သင်တန်းများအားလုံးကို ဖေဖော်ဝါရီလ (၇) ရက်မှ မေလ (၂၉) ရက်အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပါတယ်။

ထိုအတန်းများ၏ ပထမနှစ်ဝက်အတွက် စာစဉ်များကို ဇွန်လကုန်အထိ၊ ဒုတိယနှစ်ဝက်အတွက်စာစဉ်များကို သြဂုတ်လကုန်နောက်ဆုံးထားတင်ပေးရမည်ဖြစ်ပါတယ်။

အတန်းတင်စာမေးပွဲကိုပညာသင်နှစ်တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပမည်ဖြစ်ပါတယ်။ စာစဉ်များအားလုံးတင်သွင်းထားရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းပြီးမှသာ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဟု အဝေးသင်တက္ကသိုလ်များအားလုံးက ကြေညာထားပါတယ်။

သိပ္ပံဘာသာရပ်အထူးပြုသင်တန်းတက်ရောက်ရမည့်သူများအတွက် သိပ္ပံလက်တွေ့သင်တန်းကို (၇၅%) တက်ရောက်ပြီးမှ စာမေးပွဲကိုဖြေဆိုခွင့်ရရှိမည်ဖြစ်ပြီး အဝေးသင် သင်တန်းများ၏ သတ်မှတ်ထားသော Assignment များကို အချိန်နှင့်တကွ မပျက်မကွက်အချိန်မီတင်ပေးရမည်ဖြစ်ပါတယ်။

Read More:>>>> "ဗြိတိန်နိုင်ငံ နှင့် သြစတေးလျနိုင်ငံ ပညာသင်ဆုများ

သိပ္ပံလက်တွေ့တန်း၊ နည်းပြတန်းနှင့် ဝိဇ္ဇာအနီးကပ်သင်တန်းများကို အချိန်ပြည့်တက်ရောက်ရန်လည်း လိုအပ်ကြောင်း ကျောင်းသား/သူများအား အသိပေးလိုပါတယ်။

(www.edge.com.mm)
 

** Zawgyi **

၂၀၁၉ တကၠသုိလ္ဝင္စာေမးပြဲေအာင္ၿပီး အေဝးသင္တကၠသုိလ္ပထမႏွစ္ သင္တန္းဝင္ခြင့္ရသူမ်ားသည္ ယခုလကုန္ ေနာက္ဆံုး ေက်ာင္းအပ္ရမည္ဟု တကၠသုိလ္မ်ားက ေၾကညာထားပါတယ္။

အေဝးသင္ဘာသာရပ္သင္တန္းမ်ား ဖြင့္လွစ္မည့္ တစ္ႏိုင္ငံလံုးရွိတကၠသုိလ္၊ ဒီဂရီေကာလိပ္မ်ားသို႔ ဝင္ခြင့္ရသူမ်ားစာရင္းကို သက္ဆိုင္ရာ ေက်ာင္းမ်ားတြင္ ေၾကညာထားၿပီး ဘာသာရပ္တစ္ခုခ်င္းဒီ၏ ဝင္ခြင့္ရ အနိမ့္ဆံုးအမွတ္မ်ားသည္ တကၠသုိလ္တစ္ခုႏွင့္တစ္ခု မတူညီေပ၊ ၂၀၁၉ တကၠသိုလ္ဝင္စာေမးပြဲေအာင္သည့္ ပထမႏွစ္ေက်ာင္းသား/သူမ်ားအားလံုး ဇန္နဝါရီလ (၃၁) ရက္အထိ ေက်ာင္းအပ္ၾကရမည္ျဖစ္ပါတယ္။

အေဝးသင္ေက်ာင္းသား/သူမ်ားသည္ ပထမႏွစ္ဝက္ အတြက္စာစဥ္ (Assignment) မ်ားကို ေမလကုန္အထိ၊ ဒုတိယႏွစ္ဝက္ အတြက္စာစဥ္ (Assignment) မ်ားကိုဇူလိုင္လကုန္အထိေနာက္ဆံုးထားတင္ေပးရမည္ျဖစ္ပါတယ္။

ဒုတိယႏွစ္ႏွင့္အထက္သင္တန္းမ်ားအားလံုးကို ေဖေဖာ္ဝါရီလ (၇) ရက္မွ ေမလ (၂၉) ရက္အထိ ေက်ာင္းအပ္လက္ခံမည္ျဖစ္ပါတယ္။

ထိုအတန္းမ်ား၏ ပထမႏွစ္ဝက္အတြက္ စာစဥ္မ်ားကို ဇြန္လကုန္အထိ၊ ဒုတိယႏွစ္ဝက္အတြက္စာစဥ္မ်ားကို ၾသဂုတ္လကုန္ေနာက္ဆံုးထားတင္ေပးရမည္ျဖစ္ပါတယ္။

အတန္းတင္စာေမးပြဲကိုပညာသင္ႏွစ္တစ္ႏွစ္လ်ွင္ တစ္ႀကိမ္က်င္းပမည္ျဖစ္ပါတယ္။ စာစဥ္မ်ားအားလံုးတင္သြင္းထားရမည္ျဖစ္ၿပီး သတ္မွတ္ရက္အတြင္း စာေမးပြဲဝင္ခြင့္ ေလ်ွာက္လႊာတင္သြင္းၿပီးမွသာ စာေမးပြဲဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္ဟု အေဝးသင္တကၠသုိလ္မ်ားအားလံုးက ေၾကညာထားပါတယ္။

သိပၸံဘာသာရပ္အထူးျပဳသင္တန္းတက္ေရာက္ရမည့္သူမ်ားအတြက္ သိပၸံလက္ေတြ႔သင္တန္းကို (၇၅%) တက္ေရာက္ၿပီးမွ စာေမးပြဲကိုေျဖဆိုခြင့္ရရွိမည္ျဖစ္ၿပီး အေဝးသင္ သင္တန္းမ်ား၏ သတ္မွတ္ထားေသာ Assignment မ်ားကို အခ်ိန္ႏွင့္တကြ မပ်က္မကြက္အခ်ိန္မီတင္ေပးရမည္ျဖစ္ပါတယ္။

Read More:>>>>  ၿဗိတိန္ႏိုင္ငံ ႏွင့္ ၾသစေတးလ်ႏိုင္ငံ ပညာသင္ဆုမ်ား

သိပၸံလက္ေတြ႔တန္း၊ နည္းျပတန္းႏွင့္ ဝိဇၨာအနီးကပ္သင္တန္းမ်ားကို အခ်ိန္ျပည့္တက္ေရာက္ရန္လည္း လိုအပ္ေၾကာင္း ေက်ာင္းသား/သူမ်ားအား အသိေပးလိုပါတယ္။

(www.edge.com.mm)
 

News Tips Latest Post Read 2120 times