Sales Hotline : 09448001653       Download App



“မိမိတို့ကလေးသူငယ်များကို အလွယ်တကူ ပညာရေးစိတ်ပါလာအောင်ဘယ်လိုလုပ်မလဲ”

“မိမိတို့ကလေးသူငယ်များကို အလွယ်တကူ ပညာရေးစိတ်ပါလာအောင်ဘယ်လိုလုပ်မလဲ”

မိဘတိုင်းသည် မိမိတို့၏ ကလေးများကို လိုအပ်သည်ထက်ဖြစ်ချင် တတ်ချင်သည့်စိတ်ကများနေပါသည်။

အများနှင့်ယှဉ်လျှင် မိမိတို့၏သားသမီးသာ ထူးချွန်သူဖြစ်လိုပါသည်။ မိမိတို့၏ဖြစ်ချင်သည့်စိတ်ဆန္ဒများကို

ကလေးများက မလိုက်နိုင်လျှင် ဒေါသထွက်ရသည်မှာ မိဘများသာဖြစ်၍ ပင်ပန်းရသည်မှာလည်းမိဘများသာ

ဖြစ်သည်ဟု အများစုသော မိဘများက ထင်မှတ်နေကြပါသည်။

 

အမှန်မှာမိမိတို့သာလျှင် စိတ်ညစ်ရ၊ ပင်ပန်းရ၊ ဒေါသဖြစ်ရတာမဟုတ်ပဲ ကလေးသူငယ်များပါ ထပ်တူဖြစ်နေ

ရသည်ကို မေ့လျော့နေကြပါသည်။ ကလေးများသည် သူတို့ကိုဆူပူပြောဆိုသောအခါများတွင် စိတ်တွင်းခံစား

ချက်အရမ်းလွယ်ကူ၍ ခံစားချက်ပိုပြင်းထန်လှပါသည်။

 

ဆူပူပြောဆိုပြီးနောက်စိတ်မကောင်း၍ ပြန်လည်နှစ်သိမ့်သော်လည်း ဆူထားသည်ကိုမှတ်မိနေတတ်ကြသည်။ တချို့အမှတ်ကြီးသော

သား/သမီး ဆိုလျှင် သူတို့ကြီးလာသောအချိန်အခါအထိ အမှတ်ရပြောစမှတ်ဖြစ်သွားသည်အထိရှိတတ်သည်။

 

ထို့အခါ မိဘများစဉ်းစားရမည်မှာ မိမိတို့ကလေးကို မည်သည့်နည်းလမ်းဖြင့် ပညာရေးအပေါ်စိတ်ဝင်စားလာ

အောင်လုပ်ရမည်နည်း။

 

၁။ အနည်းငယ်နားလည်မှုပိုပေးလိုက်ပါ…

ဥပမာပြောရမယ်ဆိုရင် သူတို့လေးတွေ ကျောင်းကပြန်လာရင် အိမ်စာတွေလုပ်နော် ပြောရမယ့်အစား

သားလေး/သမီ်းလေး သွားဆော့ချင်ဆော့လေ ပြီးရင်တော့မေမေတို့စာလုပ်ကြမယ်နော်ပေါ့။

 

၂။ အတူတူမျှဝေပေးလိုက်ပါ…

အတူတူမျှဝေဆိုတဲ့နေရာမှာ ကလေးကိုတစ်ယောက်ထဲ စာလုပ်ခိုင်းတာမျိုး မဟုတ်ပဲ မိမိကိုယ်တိုင်အချိန်

ပေးပါဝင်ပြီးလုပ်ဆောင်စေလိုတာပါ။ ဒီနေ့ဘာသင်တယ် ဘယ်ဆရာမက ဘာတွေပြောလဲ ဆရာမတွေနဲ့

ဘယ်လိုအပြန်အလှန်စာလေ့လာခဲ့သလဲ ပြောရင်းဆိုရင်း အိမ်စာ၊ ကျက်စာတွေကို အတူတူမျှဝေပေးစေလို

တာပါ။ သူတို့စိတ်မှ တစ်ယောက်ထဲဆိုတဲ့ အသိဥာဏ်မျိုးမဟုတ်ပဲ မိဘကဝိုင်းလုပ်ပေးတယ်ပေါ့။

 

၃။ ကလေးသူငယ်ကိုအမြဲချီးကျူးပေးပါ…

မိမိကလေးတွေ ပညာရေးမှာ တော်နေရင်တော်နေမယ်၊ ထူးချွန်နေရင်ထူးချွန်မယ်၊ အားနည်းချက်ရှိကောင်းလဲ

ရှိနေနိုင်မယ်၊ စာမလိုက်နိုင်တာ၊ စာရေးနှေးကွေးနေတာမျိုးပေါ့။ အဲ့လိုအချိန်မျိုးမှာ ကလေးကို စာမပြီးလို့ စာမ

လိုက်နိုင်လို့ ဆူပူလိုက်မယ့်အစား သားလေး/သမီးလေး ရတယ်ဘာမှမဖြစ်ဘူး အေးဆေးလုပ် ပုံမှန်သာလုပ်

ရသွားမယ် မေမေလည်းဝိုင်းလုပ်ပေးမယ် နောက်ဆိုရင် သား/သမီးတို့ အဆင်ပြေသွာမှာ မေမေကလေးက

တော်ပြီးသား မလုပ်လို့မရတာ မယုံရင်လုပ်ကြည့်လိုက်ရလိမ့်မယ်လို့ ချီးကျူးပေးလိုက်ပါ။

 

ကလေးများပညာရေးကိုစိတ်ပါဝင်စားလာအောင် အမျိုးမျိုးသော အပေးအယူ၊ ချီးကျူးစကား၊ မဟုတ်လဲဟုတ်

တယ်၊ မိမိကလေးလုပ်တာမှန်တယ်ပေါ့၊ သူတို့လေးတွေအတော်များများက အာ့လိုပုံစံမျိုးကို လိုချင်တာများ

တယ်။ ကလေးတွေကကျောင်းက ပြန်လာရင်သွားဆော့မယ်ဆိုတာပဲ အသိကရောက်နေတာများတယ် အဲ့ဒီလို

အချိန်ဆို သူတို့မပြောခင်ကိုက သွားဆော့လေ ပြီးရင်မေမေတို့တူတူစာလုပ်မယ်သာ ပြောလိုက်ပျော်ပြီးလုပ်

လိမ့်မယ်။

ကိုယ်တိုင်လဲ အချိန်ပေးပြီးအတူဆော့ကစားသင့်ရင်ကစားပေးလိုက်ပါ။အဲ့ဒီအပြောအဆို၊ အပြုအမှု လေးတွေကို

မိမိကိုယ်တိုင်ကစပြီးပြောင်းလဲ ပြောဆိုကြည့်လိုက်ပါ သား/သမီးများပါပညာရေးစိတ်ပါပြီး

ပြောင်းလဲလုပ်ဆောင်ချင်စိတ်များဖြစ်လာနိုင်ပါတယ်။

Author: Phyoe Hthazin Shwe

(မိမိ၏ဘဝအတွေးအမြင်စုပေါင်း၍ ရေးသားခြင်းဖြစ်ပါသည်။)

News Read 2823 times