ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်၊ မန္တလေး) တို့တွင် ဓာတုအင်ဂျင်နီယာ ပေါင်းကူးဘွဲ့ကြိုသင်တန်း ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
အဆိုပါသင်တန်းသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ပါက ပေါင်းကူးသင်တန်း (၁) နှစ်ကို ပုံမှန်ဓာတုအင်ဂျင်နီယာဘွဲ့သင်တန်း၏ စတုတ္ထနှစ်တွင် ဖြည့်စွက်သင်ရိုးညွှန်းတမ်းနှင့်အတူ တက်ရောက်ရမည်ဖြစ်သည်။
ဓာတုဗေဒအင်ဂျင်နီယာဆိုသည်မှာ -
ဓာတုအင်ဂျင်နီယာပညာရပ်သည် စက်ပစ္စည်းများကို ဒီဇိုင်းပြုလုပ်၍ ဓာတုကုန်ပစ္စည်းများအား အကြီစား ထုတ်လုပ်ခြင်းပညာရပ်၊ စွမ်းအင်များရရှိစေရန် တီထွင်ကြံဆမှုပညာရပ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုပညာရပ်တို့ကို လေ့လာသော အင်ဂျင်နီယာနယ်ပယ်ကြီးတစ်ခုပင်ဖြစ်သည်။
ဓာတုဗေဒနှင့် ဓာတုအင်ဂျင်နီယာ ပညာရပ်တို့မှာ ကွဲပြားခြားနား၏။ ဓာတုဗေဒပညာဆိုသည် ဓာတုပစ္စည်းများ၏ သဘာဝအခြေအနေ၊ ဂုဏ်သတ္တိ၊ ပစ္စည်းတစ်ခုနှင့် တစ်ခုအပြန်အလှန် သက်ရောက်မှုများကို ဖန်ထည်ပစ္စည်းများ၊ ဓာတ်ခွဲစမ်းသပ် ကိရိယာများဖြင့် အသုံးပြုကာ ဓာတ်ခွဲခန်းတွင် လေ့လာရသည်။
ဓာတုအင်ဂျင်နီယာကမူ ဓာတုဗေဒပညာရှင်များ၏ လေ့လာတွေ့ရှိမှုများကို အခြေခံ၍ စက်မှုပညာ၊ လျှပ်စစ်ပညာတို့ဖြင့် ပေါင်းစပ်အသုံးပြုကာ ဓာတုကုန်ပစ္စည်းများကို ထုတ်လုပ်ကြပြီး လုပ်ငန်းလည်ပတ်မှု၊ ဘေးကင်းစိတ်ချရမှု၊ သဘာ၀ပတ်၀န်းကျင်အပေါ် သက်ရောက်မှုတို့ကိုပါ တာဝန်ယူနိုင်ရန်အတွက် အလိုအလျောက် ထိန်းချုပ်မှု ပညာကိုပါ ပူးတွဲလေ့လာရသည်။
ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲသို့ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား ဝင်ရောက်ဖြေဆို ခွင့်ပြုမည်ဖြစ်သည်-
လျှောက်ထားသူသည် လျှောက်လွှာနှင့်အတူ -
ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို သက်ဆိုင်ရာတက္ကသိုလ်များ၌ ၂၁-၇-၂၀၂၅၊ (တနင်္လာနေ့) တွင်စတင်ထုတ်ယူရမည်ဖြစ်ပြီး ၂၈-၇-၂၀၂၅ (တနင်္လာနေ့) နောက်ဆုံးထား၍ သက်ဆိုင်ရာတက္ကသိုလ်သို့ ပေးပို့လျှောက်ထားရမည်။
လျှောက်လွှာပါ အချက်အလက်များအား စိစစ်၍ မှန်ကန်ပါက စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို ၂၉-၇-၂၀၂၅ (အင်္ဂါနေ့)တွင် စတင်ထုတ်ပေးမည် ဖြစ်သည်။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲများကို သက်ဆိုင်ရာတက္ကသိုလ်များ၌ အောက်ပါအတိုင်း ကျင်းပမည် ဖြစ်သည်
၄.၈.၂၀၂၅ Engineering Mathematics နံနက် (၉) နာရီမှ (၁၂) နာရီအထိ
၅.၈.၂၀၂၅ Mechanical Engineering Drawing နံနက် (၉) နာရီမှ (၁၂) နာရီအထိ
၆.၈.၂၀၂၅ General Chemical Engineering နံနက် (၉) နာရီမှ (၁၂) နာရီအထိ
ဝင်ခွင့်စာမေးပွဲဖြေဆိုရန် သွားသည့်အခါ နိုင်ငံသားစိစစ်ရေး ကတ်ပြား (မူရင်း)နှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို မိမိနှင့်အတူ တစ်ပါတည်း ယူဆောင်သွားရမည်။
သင်တန်းအတွက် လူတွေ့စစ်ဆေးခံရမည့် အမည်စာရင်းကို ၁၁-၈-၂၀၂၅ (တနင်္လာနေ့)တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို ၁၃-၈-၂၀၂၅ (ဗုဒ္ဓဟူးနေ့)တွင် သက်ဆိုင်ရာ တက္ကသိုလ်များတွင် ပြုလုပ်မည်ဖြစ်သည်။ ဓာတုအင်ဂျင်နီယာ ပေါင်းကူးဘွဲ့ကြိုသင်တန်း တက်ရောက်ခွင့်ရသူများ၏ အမည်စာရင်းကို ၁၄-၈-၂၀၂၅ (ကြာသပတေးနေ့)တွင် ထုတ်ပြန် ကြေညာပေးမည်။
အသေးစိတ် သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။
===========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။