Sales Hotline : 09448001653       Download App



ဆွဇ်ဇာလန် ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

ဆွဇ်ဇာလန် ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

SR Worldwide Education Myanmar က ကြီးမှူးကျင်းပမည့် ဆွဇ်ဇာလန် ပညာရေးဆွေးနွေးပွဲကို ဇူလှိုင်လ (၅) ရက် နံနက် (၁၀ နာရီမှ ၁၂ နာရီအထိ) အမှတ် ၁၁၀၂၊ Office Tower3၊ Time City Complex ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား၊ ကမာရွတ်မြို့နယ်ရှိ SR Worldwide Education Myanmar တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းကျောင်းထံမှ သိရပါသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ဟိုတယ်ပိုင်းဆိုင်ရာ ပညာရပ်များ လက်ရှိတွင် သာမက အနာဂတ်တွင်ပါ အရေးပါလာမည့်အကြောင်း၊ ကျောင်းဝင်ခွင့် အကြောင်းအရာများအပြင် အလုပ်အကိုင်အခွင့်လမ်းနှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်မည်ဖြစ်သောကြောင့် တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၅၁၄၈၈၄၈ သို့ ကြိုတင်စာရင်းပေးသွင်း၍ တက်ရောက်နိုင်ကြောင်း သိရပါသည်။

 

ဘွဲ့နှစ်ခုကို တစ်ပြိုင်တည်းရယူနိုင်မည့် အပြင် လစာရ အလုပ်အတွေ့အကြုံပါ ရရှိနိုင်မယ့်အခွင့်အလမ်းများကြောင့် ဆွစ်ဇာလန်နိုင်ငံဟာ သွားရောက်ပညာသင်ယူရန်အကောင်းဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်.....


နှစ်စဉ်လူသန်းပေါင်း (၂၀)လောက် လာရောက်လည်ပါတ်လျှက်ရှိပြီး အလွန်လှပ၊ အေးချမ်းတဲ့ Switzerland နိုင်ငံဟာဆိုရင် ပညာရေးအဆင့်အတန်း မြင့်မားကောင်းမွန်တဲ့အပြင် ကမ္ဘာ့အကောင်းဆုံး Hospitality လုပ်ငန်းများစုဝေးရာ နိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။

 

ပညာသင်ကာလ တစ်နှစ်ချင်းစီတွင်စာသင်ကာလ (၆) လ၊ လစာရ အလုပ်အတွေ့အကြုံ (၆) လ ဖြင့် သင်ယူခွင့်ရသည့်အတွက် နိုင်ငံတကာအလုပ်အတွေ့အကြုံပါ တစ်ခါတည်းရယူနိုင်ခြင်း၊
တစ်ပြိုင်တည်းမှာပင် သက်ဆိုင်ရာ Program အလိုက် UK, USထိပ်တန်း တက္ကသိုလ်များမှ ဘွဲ့ကိုပါ ရယူနိုင်ခြင်းတို့ကြောင့် နိုင်ငံတကာကျောင်းသားအများစုအနေဖြင့် ဆွစ်ဇာလန်နိုင်ငံကို ဦးစားပေးရွေးချယ်လာကြတာဖြစ်ပါတယ်။


လာမည့် သောကြာနေ့မှာပြုလုပ်မယ့် ဆွစ်ဇာလန်ပညာရေးဆွေးနွေးပွဲမှာဆိုရင်….

**Business နှင့် Hospitality ပညာရပ်များဟာ လက်ရှိမှာသာမက အနာဂါတ်မှာ ဘယ်လောက်ထိအရေးပါလာနိုင်လဲ
** ဘယ်လိုဘာသာရပ်တွေကို သင်ကြားရမလဲ
** ကျောင်းဝင်ခွင့်အတွက် ဘာတွေပြင်ဆင်ထားရမလဲ

စတဲ့ ဆယ်တန်း (သို့) IGCSE အောင်မြင်ထားသူများအတွက် ဗဟုသုတရစေမည့် အကြောင်းအရာများအပြင်

** အလုပ်သင်ဝင်ရောက်တဲ့အခါ ဆွစ်ဇာလန်နိုင်ငံအပြင် ဘယ်လိုမျိုး နာမည်ကြီး ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများမှာ ၀င်ရောက်နိုင်မလဲ
** ဘွဲ့နှစ်ခုကို တစ်ပြိုင်တည်းရယူနိုင်တာကြောင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ဘယ်လိုအားသာချက်တွေရှိမလဲ

စတာတွေကို အသေးစိတ်ပြောကြားပေးသွားမှာဖြစ်လို့ ကျောင်းသားကျောင်းသူများနှင့်မိဘများကိုလာရောက်ကြရန် ဖိတ်ကြားအပ်ပါတယ်။

 

Read More: EYE Project အစီအစဉ်ဖြင့် ဖွင့်လှစ်မည့် အစိုးရနည်းပညာအထက်တန်းကျောင်း


(Postgraduate Diploma နှင့် Master Program များကိုလည်းအသေးစိတ်မေးမြန်းနိုင်မှာဖြစ်ပါတယ်)


* ကြိုတင်စာရင်းပေး၍လာရောက်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်*


ဖုန်းဖြင့်စာရင်းပေးသွင်းရန် (09 514 8848, 09 542 8848)


Online ဖြင့်စာရင်းပေးသွင်းရန် (https://forms.gle/taR7MCyVASbyCjSQ6)

 

News Read 1329 times