ကလေးတွေအတွက် နွေရာသီမှာ တက်ရောက်နိုင်မယ့် အခမဲ့သင်တန်းများ

အခုချိန်ဟာဆိုရင် ကလေးတွေအတွက် စာသင်နှစ်တစ်နှစ်ကုန်ဆုံးသွားပြီဖြစ်တဲ့ နွေရာသီကျောင်းပိတ်ရက်ကာလလေး ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကလေးတွေကို အိမ်မှာ ဖုန်းတွေ ပေးသုံးပြီး အလဟာသ အချိန်ကုန်ခံစေမယ့်အစား အကျိုးရှိစေမယ့် သင်တန်းလေးတွေ တက်ရောက်နိုင်ဖို့ အခမဲ့ သင်တန်းလေးတွေကို စုစည်းပေးလိုက်ပါတယ်။ 

၁။ Ready to Fly

Ready to Fly အင်္ဂလိပ်စာသင်တန်းကနေ အသက် (၆) နှစ်မှ (၁၂) နှစ်ကလေးတွေအတွက် English Summer Class လေးတစ်ခု Free စီစဉ်ပေးထားပါတယ်။ သင်တန်းကာလက မတ်၊ ဧပြီ၊ မေ (၃) လဖြစ်ပြီး Grammar အပြင် English Four Skills ( reading , writing , speaking , listening ) တို့ကိုပါ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Online ဖြစ်တဲ့အတွက် အင်တာနက်ရှိတဲ့ ဘယ်နေရာ၊ဒေသက ကျောင်းသား၊ ကျောင်းသူမဆို တက်ရောက်ခွင့်ရှိပါတယ်။ တက်ရောက်လိုတယ်ဆိုရင် Google Form မှာ အချက်အလက်ဖြည့်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ Google Form ဖြည့်ဖို့ အခက်အခဲရှိတယ်ဆိုရင် ကလေး အမည် / အသက် / လက်ရှိတက်ရောက်နေသောအတန်းနဲ့ ဖုန်းနံပါတ်တို့ကို Viber သို့မဟုတ် Page Messenger မှတဆင့် ပေးပို့ထားနိုင်ပါတယ်။

Google Form Link - https://docs.google.com/forms

Viber - 09-674994137

Facebook - https://www.facebook.com/profile.php?id=100072402570462

၂။ BrightCoders Academy

BrightCoders Academy မှာ ကလေးတွေအတွက် ဖုန်းကြည့်၊ ဂိမ်းဆော့ရုံတင်မဟုတ်ဘဲ နည်းပညာကို ကိုယ်တိုင်ဖန်တီးသူ (Creator) ဖြစ်လာဖို့ အခြေခံကစပြီး အခမဲ့ လေ့လာနိုင်အောင် အောက်ပါအတန်းတွေကို အချိန်စာရင်းအတိုင်း ဖွင့်လှစ်ပေးထားပါတယ်။ 

  • Basic Computer Skills and Coding Vocabularies – ကွန်ပျူတာ အခြေခံနဲ့ နည်းပညာစကားလုံးတွေကို စနစ်တကျ မိတ်ဆက်ပေးမယ်။
  • Scratch for Kids – ကလေးတို့စိတ်ကြိုက် Game နဲ့ Animation လေးတွေ ဖန်တီးမယ်။
  • 3D Design for Kids – သုံးဖက်မြင် ဒီဇိုင်းလှလှလေးတွေ ဖန်တီးမယ်။
  • Web Development for Kids – ကိုယ်ပိုင် Website လေးတစ်ခု စတင်တည်ဆောက်မယ်။


အတန်းအပ်ဖို့ Messenger ကနေ တက်ရောက်မယ့် သားသားမီးမီးရဲ့ အမည်၊ အသက်နဲ့ တက်ရောက်လိုတဲ့ အတန်းလေးကို ပို့ပေးရုံပါပဲ။

Facebook - https://www.facebook.com/BrightCodersAcademy1

၃။ MATHS Pro

MATHS Pro ကနေ Grade 1 မှ Grade 6 ကလေးများအတွက် Singapore Maths ကို အွန်လိုင်းကနေ အမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကို မတ်လ (၉) ရက်နေ့ကနေ ဧပြီလ (၉) ရက်နေ့အထိ တစ်ပတ်ကို (၄) ရက်နှုန်းနဲ့ တစ်လ Intensive course သင်ကြားပေးမှာ ဖြစ်ပါတယ်။ Maths ရဲ့ Main Basic တွေဖြစ်တဲ့ Addition (အပေါင်း)၊ Subtraction (အနုတ်)၊ Multiplication (အမြှောက်)၊ Division (အစား) တွေမှသည် သင်္ချာပုစ္ဆာတွေကို တွေးခေါ်စဉ်းစားပြီး လွယ်လွယ်ကူကူ ဖြေရှင်းတတ်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 

Facebook Page - https://www.facebook.com/profile.php?id=100083690820751

၄။ Candle Light-Pha Yaung Taing

Candle Light-Pha Yaung Taing အဖွဲ့အစည်းမှ ဖွင့်လှစ်မယ့် သုံးလတာ အင်္ဂလိပ်စာ အခမဲ့ သင်တန်းကို ကျောင်းသူ၊ ကျောင်းသားတွေ လျှောက်ထားနိုင်ပါတယ်။ သင်တန်းကာလက မတ်လကနေ မေလအထိ သင်ကြားရမှာဖြစ်ပြီး သုံးလတာကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းကို Zoom ကနေတဆင့် တက်ရောက်ရမှာပါတယ်။ ဖွင့်လှစ်သွားမယ့် အတန်းတွေကတော့ Beginner၊ Elementary၊ Preintermediate နဲ့ Intermediate အတန်းတို့ပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားရင် ဖေဖော်ဝါရီလ (၂၅) ရက်နေ့အထိ အောက်ပါ link ကနေတဆင့် ဝင်ရောက် လျှောက်ထားနိုင်ပါတယ်။

သင်တန်းလျှောက်လွှာ - https://forms.gle/3sUPABixpgMHNBGc9

Facebook Page - https://www.facebook.com/profile.php?id=61587550446785

၅။ "ဇမ္ဗူတလူ"ဗုဒ္ဓဓမ္မပြန့်ပွားရေး

မန္တလေးက "ဇမ္ဗူတလူ" ဗုဒ္ဓဓမ္မပြန့်ပွားရေးအဖွဲ့အစည်းကလည်း နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးထားပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ သားသားမီးမီးတို့ အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးစေဖို့နဲ့ ဘာသာတရားအဆုံးအမတွေနဲ့ ထိတွေ့ခွင့်ရစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပေးထားပါတယ်။ သင်တန်းကြေး လုံးဝ (အခမဲ့) ဖြစ်ပြီး သင်တန်းတက်စဉ်အတွင်း အာဟာရမုန့် ကျွေးမွေးမယ့်အပြင် သင်ရိုးစာအုပ်နဲ့ ခဲတံတွေကို အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မတ်လ (၇) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ မနက် (၉) နာရီမှ (၁၁) နာရီအထိ တက်ရောက်ရပါမယ်။ အမည်၊ အသက်၊ ဖုန်းနံပါတ်ပေးပြီး Page Messenger မှဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

Phone - 09750095475, 09402623016

Facebook - https://www.facebook.com/jamvutalu

Latest Post Primary Secondary Read 431 times