Sales Hotline : 09448001653       Download App



နွေရာသီကျောင်းပိတ်ရက်မှာ မဖြစ်မနေ တက်ထားသင့်သော သင်တန်းများ

နွေရာသီကျောင်းပိတ်ရက်မှာ မဖြစ်မနေ တက်ထားသင့်သော သင်တန်းများ

ကျောင်းသား၊ ကျောင်းသူတိုင်း မျှော်လင့်နေသော နွေရာသီကျောင်းပိတ်ရက်ရှည်ရောက်လာပါပြီ။ ထို့အတူ ပြင်ပသင်တန်းများကလည်း အသင့်စောင့်မျှော်နေပါတယ်။

မိဘများက သားသမီးများကို ပညာရေးဘက်မှာတော်စေရုံသာမက အဘက်ဘက်မှ ပြည့်စုံသော အတတ်ပညာ၊ နည်းပညာများ သင် ယူလာစေလိုကြတယ်။

ထို့ကြောင့် နွေရာသီရက်ရှည်များ ရောက် သည်နှင့်တစ်ပြိုင်နက် မိဘများ က သားသမီးတွေအတွက် သင်တန်းပေါင်းစုံကို  စုံစမ်းမှုတွေ ပြုလုပ်ကြပါတယ်။

ကျောင်းသား၊ ကျောင်းသူများ နွေရာသီမှာ တက်နေတဲ့ သင်တန်းများ

(၁) အင်္ဂလိပ်စာသင်တန်း

နွေရာသီမှာ ကျောင်းသားအများစု တက်လေ့ရှိတာကတော့ အင်္ဂလိပ်စာ သင်တန်းဖြစ်ပါတယ်။ ဘယ်သင်တန်းကျောင်းမှာ ထားရမလဲ မသိဖြစ်နေပါက ဒီနေရာမှာ ဝင်ကြည့်လိုက်ပါ။

(၂) ကွန်ပျူတာသင်တန်း

ယနေ့ တိုးတက်နေ့တဲ့ ခေတ်ကြီးမှာလဲ ကွန်ပျူတာဆိုကလည်း မဖြစ်မနေကို အရေးပါလွန်းလှပါတယ်။ ဒါကြောင့် ဒီသင်တန်းလေးကလဲ တက်ထားသင့်တယ်နော်။ ကွန်ပျူတာသင်တန်းများကို သိရှိလိုပါက ဒီနေရာကို နှိပ်၍ ရှာဖွေလိုက်ပါ။

(၃) ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း

ကလေးလူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကိုလည်း သင်ကြားပေးသင့်ပါတယ်။ ဗုဒ္ဓဘာသာ သင်တန်းဆို တာမျိုးထက် ဒီနောက်ပိုင်းမှာ ကလေးတွေအတွက် ဓမ္မစကူးလ် သင်တန်းတွေကတော့ အရမ်း ခေတ်စားလာတယ်။ ဒါပေမယ့် ရန်ကုန်မြို့ထက် နယ်ဘက်တွေမှာဆို နွေရာသီမှာဆို ယဉ်ကျေးလိမ္မာသင်တန်းတစ်ခုပဲ တက်ကြရပါတယ်။

(၄) ရေကူးသင်တန်း

ရေကူးသင်တန်းကတော့ လူကြီးလူငယ်မရွေးတက်လို့ရတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။ ရေကူးသင်ခြင်းဟာ တခြားပညာရပ်အများစုလို စာတွေ့မဟုတ်ဘဲ ကိုယ်တိုင်ပါဝင်လှုပ်ရှားမှု တတ်မြောက်မှာမို့ တခြားစိတ်ဖိစီးမှုတွေကို ကင်းဝေးစေပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

(၅) ပန်းချီသင်တန်း၊

(၆) လက်ရေးအလှသင်တန်း၊

(၇) ကျွမ်းဘား၊ တိုက်ကွမ်ဒို တို့ဖြစ်တယ်။

မိဘတွေအနေနဲ့ကတော့ ကိုယ့်သားသမီးအတွက် အသက်အရွယ်နဲ့ လိုက်ပြီး အဆင်ပြေတဲ့ သင်တန်းတွေကို ရွေးချယ် ထားလေ့ရှိပါတယ်။

နွေရာသီမှာ ကျောင်းသားအများစု တက်လေ့ရှိတာကတော့ အင်္ဂလိပ်စာ သင်တန်းနဲ့ ကွန်ပျူတာ သင်တန်းတွေ များပါတယ်။

ကလေးငယ်လေးတိုင်းကတော့ သူ့ဝါသနာနဲ့သူ ဆိုတော့ သူတို့ စိတ်ဝင်စားမှုရှိတဲ့ နယ်ပယ်မှာ ထူးချွန်အောင် ပြုစုပျိုးထောင်ပေးဖို့ကတော့ မိဘတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

အပြင်မှာ သင်တန်းတွေအရမ်းများပြီး ဘယ်သင်တန်းတွေကောင်းလဲဖြစ်နေတဲ့ လူကြီးမင်းတို့အတွက် ပညာရေးအတွက် အထောက်အကူတစ်ခုဖြစ်တဲ့ သင်တန်းတွေကို စုစည်းဖော်ပြပေးနေသော website လေးတစ်ခုကို ညွှန်းချင်ပါတယ်။ အဲဒါကတော့ www.edge.com.mm ဖြစ်ပါတယ်။

ဒီ website လေးမှာ မိမိတို့ တက်ချင်တဲ့ သင်တန်းတွေကို ရှာဖွေဖို့ အခက်ခဲရှိပါက MMRD Call Center 1876 သို့ ဖုန်းဆက်မေးမြန်းနိုင်ပါတယ်နော်...။

READ - အလယ်တန်းအဆင့် ကလေးများအတွက် နွေရာသီအင်္ဂလိပ်စာ အခြေခံသင်တန်း

News Read 1894 times