Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇွန် (၂၄) တွင် စတင်လက်ခံမည်

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇွန် (၂၄) တွင် စတင်လက်ခံမည်

၂၀၁၉ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့် ပုံစံအိတ်ကို သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးနှင့် အခြေခံကျောင်းများတွင် ဇွန် (၂၄) ရက်တွင် စတင်ထုတ်ယူကာ ဝင်ခွင့်များကို လျှောက်ထားနိုင်ပြီကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ ဇွန် (၁၆) ရက်က သိရပါတယ်။

 

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် အတွက် ပုံစံအိတ်များထုတ်ယူနိုင်ပြီး တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါအတိုင်း ဖြည့်စွက်ထားသည့် လျှောက်လွှာများကို ဇွန်(၂၄) ရက်မှ ဇူလှိုင် (၂၃) ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် ပိတ်ရက်မရှိလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လျှောက်လွှာများကို ပြန်လည်တင်သွင်းနိုင်ကြောင်း သိရပါတယ်။

 

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို ဇွန် (၂၄) မှာစတင်လက်ခံပါမယ်။ တက္ကသိုလ်တွေအလိုက် တိုက်ရိုက်လျှောက်ရမယ့် ဟာရယ်၊ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ကို လျှောက်ရမှာရယ် နှစ်ခုဖြစ်ပါတယ်။

 

Read More: တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များ ကို(ဇွန်) လကုန်တွင်ထုတ်ပေးရန်စီစဉ်

 

တက္ကသိုလ်ဝင်ခွင့် စီစစ်ရွေးချယ် ရေးအဖွဲ့ကို လျှောက်မယ့်သူတွေကို တိုင်းနဲ့ပြည်နယ် ကျောင်း (၂၃) ခုမှာ လျှောက်လို့ရပါမယ်။ သီးခြားကတော့ ပါမောက္ခချုပ်ကို လိပ်မူပြီးတောတိုက်ရိုက်လျှောက်ရပါမယ်။ လျှောက်လွှာအိတ်တစ်မျိုးတည်းကိုပဲ အသုံးပြုပြီးတော့ လျှောက်ထားရမှာ ဖြစ်ပါတယ် လို့အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောဆိုခဲ့ပါတယ်။

 

Source: The Standard Time Daily

 

 

News Read 2345 times