Sales Hotline : 09448001653       Download App



ကျောင်းသား၊ ကျောင်းသူများအတွက် ဖိအားလျော့ကျသွားစေသော စာမေးပွဲအဆင့် သတ်မှတ်ချက်စနစ်

ကျောင်းသား၊ ကျောင်းသူများအတွက် ဖိအားလျော့ကျသွားစေသော စာမေးပွဲအဆင့် သတ်မှတ်ချက်စနစ်

ကျောင်းသားတွေကြားမှာ  အပြိုင်အဆိုင်တော့ နည်းသွားတယ်။ အရင်ကလို အမှတ်ဘယ်လောက် တစ်မှတ်၊ နှစ်မှတ်လေး က အစ ပြိုင်တာတွေ၊ မိဘတွေ အပြိုင်အဆိုင်လုပ်တာမျိုး သိပ်မရှိ တော့ဘူး။

ဒီစနစ်က ပညာရေး ပြောင်းလဲမှုအတွက် ထူးထူးခြား ခြားတုံ့ပြန်မှု မရှိပေမယ့် အမှတ် အလိုက် အပြိုင်အဆိုင် လုပ်တဲ့ ဖိအားတွေ နည်းသွားစေပါတယ်။

စာမေးပွဲအမှတ် အတိအကျ သိလိုသော ကျောင်းသားမိဘအ ချို့ရှိနေသကဲ့သို့ အမှတ်သိခွင့်ရရန် တောင်းဆိုမှုအချို့ ရှိသော်လည်း လှို့ဝှက်ထားခဲ့ကြောင်း၊ အမှတ်ပေးမှုနှင့်ပတ်သက်၍ မှားယွင်းမှုအချို့ကို ယခင်က ဖြေရှင်း ခဲ့ရသော်လည်း ယခုအခါ ယင်းအခြေအနေမျိုး မရှိတော့ပါဘူး။

ကျောင်းသားမိဘများအကြား အမှတ်အနည်း၊ အများ ပြိုင်ဆိုင်မှု ပြင်းထန်နေသောကြောင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်ကစတင်၍ စာမေးပွဲများတွင် အမှတ် ၈၀ နှင့် အထက် ကို အေအဆင့်၊ အမှတ် ၆၀ မှ ၇၉ မှတ်အထိ ဘီအဆင့်၊ အမှတ် ၄၀ မှ ၅၉ မှတ်အထိ စီ အဆင့်နှင့် အမှတ် ၄၀ အောက်ကို ဒီအဆင့် သတ်မှတ်ခြင်းဖြစ်သည်။

အားနည်းချက်ကတော့ ကိုယ်ကျတဲ့ ဘာသာရပ်မှာ ဘယ်နေရာမှားပြီး ကျတယ်၊ အမှတ်ဘယ်လောက် နည်းတယ် မသိရတာပဲ။

ကျောင်းသားတွေအတွက် ပြိုင်ဆိုင်မှုရှိရင် ပိုကောင်းတာ မှန်ပေမယ့် အလွန် အကျွံ ပြိုင်ဆိုင်တာနဲ့ မိဘတွေရဲ့ ပြိုင်ဆိုင်မှုဖိအားတွေပါလာရင် တော့ ဖိအားဖြစ်ပြီး မကောင်းဘူး ပေါ့။

ဒီစနစ်က နိုင်ငံတကာမှာ လည်း ကျင့်သုံးတဲ့စနစ် ဖြစ်ပါ တယ်။ ပညာရေးစနစ်မှာ ကျောင်း သားတွေတင်မကဘူး မိဘတွေပါ စနစ်ရဲ့ သားကောင်တွေ ဖြစ်ကုန် ပါတယ်။

စနစ် ကောင်းသွားပြီ ဆိုရင် မိဘတွေပါ နားလည်ပြီး ပြောင်းလဲသွားမယ်လို့ ယုံကြည်ပါတယ်။

မိဘ တွေကတော့ သားသမီးကို ကောင်း စေချင်တာ ဖြစ်စေချင်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လူမှုစနစ်ထဲမှာ အ ဆင့်(၁) ရတဲ့ လူတွေကြီးပဲ ဖွဲ့စည်း ထားတာ မဟုတ်ဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ့်အရာ ဖြစ်ပါတယ်။

အခြေခံပညာ သင်ယူနေ သော ကျောင်းသား၊ ကျောင်းသူ များက အမှတ်ပေးစနစ်ဖြင့် စာမေးပွဲရလဒ်ထုတ် ပြန်နေသည့် အစား အဆင့်သတ်မှတ်ချက်ဖြင့် စာမေးပွဲရလဒ်ထုတ်ပြန်မှုကို ပိုမိုနှစ်သက်သဘောကျ နေပါတယ်။

ဒီ Grade စနစ်ကို သုံးတဲ့အတွက် ကလေးတွေ က သဘောကျတယ်။

အရင် အမှတ်စနစ်နဲ့ ပေးတဲ့အခါကျတော့ ကလေးတွေ ထက် မိဘတွေကပိုပြီး ပြိုင်ကြ တဲ့သဘောဖြစ်တယ်။

ကျောင်းသားများ၏ အရည် အချင်းနှင့်ပတ်သက်၍ အသေး စိတ်မသိရသောကြောင့် အမှတ် ဖြင့် စာမေးပွဲရလဒ် ထုတ်ပြန်သော စနစ်ပြောင်းလဲမှုအပေါ် သဘောမ တွေ့သော ကျောင်းသားမိဘများ လည်း ရှိနေသည်။

စိတ်ဝင်စားဖို့ ကောင်းတာ က စပြီး ပြောင်းတာမှာ ကျောင်းသူ၊ ကျောင်းသားတွေက သဘော ကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အပေါ်မှာ ဖိအားပိုပြီး နည်း သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမှတ်လေး သုံး၊ လေး မှတ်ကွာတာနဲ့ကို ပြိုင်နေရတဲ့ ဖိအားတွေ နည်းသွားတယ်။

အခြေခံပညာကျောင်းများတွင် စာမေးပွဲရလဒ်ထုတ်ပြန်သော စနစ်ပြောင်းလဲမှုကို ကြိုဆိုသော် လည်း ဆရာ၊ ဆရာမများ လူမှု ဘ၀မြင့်မားရေး၊ အရည်အချင်း မြှင့်တင်ရေး၊ ကျောင်းသား၊ ဆရာ အချိုးကြီးမားမှု လျော့နည်းစေရေး၊ ကျူရှင်စနစ်ကြီးထွားနေမှု လျော့ကျစေရေး စသည့် အ ပြောင်းအလဲများလည်း လိုအပ်နေ ကြောင်း ပညာရေးလေ့လာသူများ က ဝေဖန်ထောက်ပြသည်။

Source: 7 day daily

News Read 4240 times