Sales Hotline : 09448001653       Download App



အွန်လိုင်းပို့ချမှုအတွက် အင်တာနက်အခမဲ့အသုံးပြုခွင့် (၆) လပေးမည်

** Unicode **

အွန်လိုင်းမှသင်ရိုးများပို့ချမည်ဖြစ်သဖြင့် ဆရာ၊ ဆရာမများအား အင်တာနက်ဒေတာအခမဲ့အသုံးပြုခွင့် (၆) လပေးအပ်မည် ဖြစ်ပါတယ်။

အင်တာနက်အသုံးပြုခွင့်မရသည့်ရခိုင်နှင့်ချင်းဒေသများအချို့မှ ဆရာ၊မများကိုမူ DBE Box များပေးရန်ရှိ

သင်ရိုးသစ်သင်တန်းများကို ပညာရေးဝန်ကြီးဌာနက Online learningမှတဆင့် သင်ကြား ပို့ချမည်ဖြစ်သဖြင့် တက်ရောက်မည့် ဆရာ၊မများအား အင်တာနက်ဒေတာအခမဲ့အသုံးပြုခွင့် (၆) လပေးအပ်မည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

အင်တာနက်(၆) လစာ အခမဲ့သည် မြန်မာနိုင်ငံအနှံ့ရှိ ကျောင်းဆရာ၊ ဆရာမများအား ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းပလက်ဖောင်းကို (၆) လတာ အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပြုခြင်းဖြစ်ကာ (၄) တန်း၊ (၇) တန်းနှင့် (၁၀) တန်း အတန်းများ၏ သင်ရိုးညွှန်းတမ်းသစ်များကို ဆရာ၊ ဆရာမများအနေဖြင့် လွယ်လင့်တကူ လေ့လာနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟုသိရပါတယ်။

Dance (27) အကသင်တန်း သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (၂၇) ခု ရှာရန်နှိပ်ပါ။ 

" Online learning ကနေတစ်ဆင့် သင်ရိုးသစ်သင်တန်း တက်ရောက်မယ့် ဆရာ၊ ဆရာမတွေအတွက် အင်တာနက် ဒေတာအခမဲ့အသုံးပြုခွင့် (၆) လစာနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာရှိတဲ့ မြို့နယ်ပေါင်း (၈)မြို့နယ်က ဝေးလံခေါင်ဖျား စာသင်ကျောင်းတွေအတွက် DBE Box အလုံးရေ (၁၅၀)ကို ပေးအပ်သွားဖို့ရှိပါတယ်"ဟု ဒုညွှန်ချုပ်ကပြောပါတယ်။

အင်တာနက်အခမဲ့နှင့် DBE Box များကို တယ်လီနော မြန်မာက ပံ့ပိုးထောက်ပံ့ပေးမည်ဟုလည်း ၎င်းက ပြောပါတယ်။

Credit: Myanmar Harp Media
 

** Zawgyi **

အြန္လိုင္းမွသင္႐ိုးမ်ားပို႔ခ်မည္ျဖစ္သျဖင့္ ဆရာ၊ ဆရာမမ်ားအား အင္တာနက္ေဒတာအခမဲ့အသုံးျပဳခြင့္ (၆) လေပးအပ္မည္ ျဖစ္ပါတယ္။

အင္တာနက္အသုံးျပဳခြင့္မရသည့္ရခိုင္ႏွင့္ခ်င္းေဒသမ်ားအခ်ိဳ႕မွ ဆရာ၊မမ်ားကိုမူ DBE Box မ်ားေပးရန္ရွိ

သင္႐ိုးသစ္သင္တန္းမ်ားကို ပညာေရးဝန္ႀကီးဌာနက Online learningမွတဆင့္ သင္ၾကား ပို႔ခ်မည္ျဖစ္သျဖင့္ တက္ေရာက္မည့္ ဆရာ၊မမ်ားအား အင္တာနက္ေဒတာအခမဲ့အသုံးျပဳခြင့္ (၆) လေပးအပ္မည္ဟု အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။

အင္တာနက္(၆) လစာ အခမဲ့သည္ ျမန္မာႏိုင္ငံအႏွံ႔ရွိ ေက်ာင္းဆရာ၊ ဆရာမမ်ားအား ပညာေရးဝန္ႀကီးဌာန၏ အြန္လိုင္းပလက္ေဖာင္းကို (၆) လတာ အခမဲ့ဝင္ေရာက္ၾကည့္ရႈခြင့္ျပဳျခင္းျဖစ္ကာ (၄) တန္း၊ (၇) တန္းႏွင့္ (၁၀) တန္း အတန္းမ်ား၏ သင္႐ိုးၫႊန္းတမ္းသစ္မ်ားကို ဆရာ၊ ဆရာမမ်ားအေနျဖင့္ လြယ္လင့္တကူ ေလ့လာႏိုင္ရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္း ျဖစ္သည္ဟုသိရပါတယ္။

Dance (27) အကသင္တန္း သင္တန္းမ်ားႏွင့္ပတ္သက္ျပီး သင္တန္း (၂၇) ခု ရွာရန္ႏွိပ္ပါ။ 

" Online learning ကေနတစ္ဆင့္ သင္႐ိုးသစ္သင္တန္း တက္ေရာက္မယ့္ ဆရာ၊ ဆရာမေတြအတြက္ အင္တာနက္ ေဒတာအခမဲ့အသုံးျပဳခြင့္ (၆) လစာနဲ႔ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္တို႔မွာရွိတဲ့ ၿမိဳ႕နယ္ေပါင္း (၈)ၿမိဳ႕နယ္က ေဝးလံေခါင္ဖ်ား စာသင္ေက်ာင္းေတြအတြက္ DBE Box အလုံးေရ (၁၅၀)ကို ေပးအပ္သြားဖို႔ရွိပါတယ္"ဟု ဒုၫႊန္ခ်ဳပ္ကေျပာပါတယ္။

အင္တာနက္အခမဲ့ႏွင့္ DBE Box မ်ားကို တယ္လီေနာ ျမန္မာက ပံ့ပိုးေထာက္ပံ့ေပးမည္ဟုလည္း ၎က ေျပာပါတယ္။

Credit: Myanmar Harp Media
 

News News News Latest Post Read 11870 times