Sales Hotline : 09448001653       Download App



ဒသမတန်းသင်ရိုးသစ်သင်ပြနည်း သင်တန်းအတွက် အထက်တန်းပြ ဆရာ၊ ဆရာမ (၄၀၀၀) ကိုပို့ချမည်

**Unicode**

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် သင်ရိုးသစ်ပြောင်းမည့် ဒသမတန်း (Grade-10) အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သင်ပြနည်းသင်တန်းတွင် အထက်တန်းပြ ဆရာ၊ ဆရာမ (၄,၀၀၀) ကို သင်တန်းပေးရန်အခြေခံပညာဦးစီးဌာနကစီစဉ်နေပါသည်။

ဒသမတန်း (Grade-10) သင်ရိုးသစ်သင်ပြနည်းကို တစ်နိုင်ငံလုံးရှိ အထက်တန်းပြ ဆရာ၊ ဆရာမအားလုံးကို (၃) ကြိမ်ခွဲကာသင်တန်းပေးမည်ဖြစ်ပါသည်။  ဒသမတန်းသင်ရိုးသစ်ဦးဆောင်ပို့ချသူများသင်တန်းကို (၂၀၁၉) နိုဝင်ဘာ (၁၃) ရက်မှ (၂၇) ရက်ထိပြုလုပ်ခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သင်တန်းကို ဧပြီ (၂၀) ရက်မှ မေလ (၅) ရက်အထိ၊ ခရိုင်အဆင့်သင်တန်းကို မေလ (၅) ရက်မှ (၂၂) ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်သင်တန်းကို ရန်ကုန်မြို့တွင်ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၈) ခုမှ အထက်တန်းပြဆရာ၊ ဆရာမ (၄,၀၀၀) ဦးတက်ရောက်ရမည်ဖြစ်သည်။

"အထက်တန်းပြအားလုံးသင်တန်းပေးရမှာဖြစ်ပါတယ်။ မေလနောက်ဆုံးပတ်မှာ သင်တန်းပေးတာတွေအပြီးလုပ်ရမှာဖြစ်ပါတယ်။ သူ့တိုင်းအဆင့်၊ ခရိုင်အဆင့်တစ်ဆင့်ချင်း သူ့ပရိုဂရမ်အလိုက်လုပ်မှာဖြစ်ပါတယ်" ဟု အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သင်ပြနည်းသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်များအတွက် သင်တန်းတက်မည့်ဆရာ၊ ဆရာမသည် သက်ဆိုင်ရာဘာသာရပ်တစ်ခုအတွက်သာ သင်တန်းတက်ရမည်ဖြစ်သည်။ 

ပထဝီဝင်ဘာသာရပ်သင်ပြနည်းသင်တန်းတက်မည့် ဆရာ၊ ဆရာမသည် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်သင်ပြနည်းသင်တန်းကိုပါ တွဲဖက်တက်ရမည်ဖြစ်ပြီး သမိုင်းဘာသာရပ်သင်ပြနည်းသင်တန်းတက်ပါက အနုပညာ (ပန်းချီ) ဘာသာရပ်အတွက်ပါတက်ရမည်ဖြစ်ပါသည်။ 

ဘောဂဗေဒသင်ပြနည်းသင်တန်းတက်ပါက အနုပညာ (ဂီတ)၊ ကာယပညာ သင်ပြနည်းသင်တန်းတက်ပါက စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်အတွက်ပါ သင်တန်းတက်ရမည်ဖြစ်သည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သင်တန်းတက်မည့် ဆရာ၊ ဆရာမများသည် အထက်တန်းသင်ကြားရေး အတွေ့အကြုံ (၅) နှစ်နှင့်အထက်ရှိသူများဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ကာယပညာ၊ ပန်းချီနှင့် ဂီတဘာသာရပ်များအတွက် အထူးပြုများ၊ သင်တန်းဆင်းများဖြစ်ပါက လုပ်သက်ကိုလျှော့ပေါ့စဉ်းစားနိုင်ကြောင်းသတ်မှတ်ထားသည်။

သင်တန်းကာလ (၁၄) ရက်ကြာမြင့်မည်ဖြစ်ပြီး တိုင်းဒေသကြီးအဆင့်သင်တန်းတွင် သင်ရိုးသစ်ဦးဆောင်ပို့ချသူများ၊ သင်တန်းတက်ရောက်မည့်သူများက သင်ကြားမည်ဖြစ်ပြီး ခရိုင်အဆင့်သင်တန်းတွင် တိုင်းဒေသကြီးအဆင့် သင်တန်းတက်ရောက်သူများက ပြန်လည်သင်ကြားရမည်ဖြစ်သည်။ 

Source: 7Day News

 

**Zawgyi**

၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ သင္ရိုးသစ္ေျပာင္းမည့္ ဒသမတန္း (Grade-10) အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္သင္ျပနည္းသင္တန္းတြင္ အထက္တန္းျပ ဆရာ၊ ဆရာမ (၄,၀၀၀) ကို သင္တန္းေပးရန္အေျခခံပညာဦးစီးဌာနကစီစဥ္ေနပါသည္။

ဒသမတန္း (Grade-10) သင္ရိုးသစ္သင္ျပနည္းကို တစ္ႏိုင္ငံလံုးရွိ အထက္တန္းျပ ဆရာ၊ ဆရာမအားလံုးကို (၃) ႀကိမ္ခဲြကာသင္တန္းေပးမည္ျဖစ္ပါသည္။  ဒသမတန္းသင္ရိုးသစ္ဦးေဆာင္ပို႔ခ်သူမ်ားသင္တန္းကို (၂၀၁၉) ႏိုဝင္ဘာ (၁၃) ရက္မွ (၂၇) ရက္ထိျပဳလုပ္ခဲ့သည္။ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္သင္တန္းကို ဧၿပီ (၂၀) ရက္မွ ေမလ (၅) ရက္အထိ၊ ခရိုင္အဆင့္သင္တန္းကို ေမလ (၅) ရက္မွ (၂၂) ရက္အထိ ျပုလုပ္မည္ျဖစ္သည္။

တိုင္းေဒသႀကီးႏွင့္ျပည္နယ္အဆင့္သင္တန္းကို ရန္ကုန္ၿမိဳ႕တြင္က်င္းပမည္ျဖစ္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ (၁၈) ခုမွ အထက္တန္းျပဆရာ၊ ဆရာမ (၄,၀၀၀) ဦးတက္ေရာက္ရမည္ျဖစ္သည္။

"အထက္တန္းျပအားလံုးသင္တန္းေပးရမွာျဖစ္ပါတယ္။ ေမလေနာက္ဆံုးပတ္မွာ သင္တန္းေပးတာေတြအၿပီးလုပ္ရမွာျဖစ္ပါတယ္။ သူ႔တိုင္းအဆင့္၊ ခရိုင္အဆင့္တစ္ဆင့္ခ်င္း သူ႔ပရိုဂရမ္အလုိက္လုပ္မွာျဖစ္ပါတယ္" ဟု အေျခခံပညာဦးစီးဌာနညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းကေျပာသည္။ 

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္သင္ျပနည္းသင္တန္းတြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ရူပေဗဒ၊ ဇီဝေဗဒဘာသာရပ္မ်ားအတြက္ သင္တန္းတက္မည့္ဆရာ၊ ဆရာမသည္ သက္ဆိုင္ရာဘာသာရပ္တစ္ခုအတြက္သာ သင္တန္းတက္ရမည္ျဖစ္သည္။ 

ပထဝီဝင္ဘာသာရပ္သင္ျပနည္းသင္တန္းတက္မည့္ ဆရာ၊ ဆရာမသည္ ဘဝတြက္တာကြ်မ္းက်င္စရာ ဘာသာရပ္သင္ျပနည္းသင္တန္းကိုပါ တဲြဖက္တက္ရမည္ျဖစ္ၿပီး သမိုင္းဘာသာရပ္သင္ျပနည္းသင္တန္းတက္ပါက အႏုပညာ (ပန္းခ်ီ) ဘာသာရပ္အတြက္ပါတက္ရမည္ျဖစ္ပါသည္။ 

ေဘာဂေဗဒသင္ျပနည္းသင္တန္းတက္ပါက အႏုပညာ (ဂီတ)၊ ကာယပညာ သင္ျပနည္းသင္တန္းတက္ပါက စာရိတၱႏွင့္ ျပည္သူ႔နီတိ ဘာသာရပ္အတြက္ပါ သင္တန္းတက္ရမည္ျဖစ္သည္။ 

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္သင္တန္းတက္မည့္ ဆရာ၊ ဆရာမမ်ားသည္ အထက္တန္းသင္ၾကားေရး အေတြ႔အၾကံဳ (၅) ႏွစ္ႏွင့္အထက္ရွိသူမ်ားျဖစ္ရမည္ဟု သတ္မွတ္ထားသည္။ ကာယပညာ၊ ပန္းခ်ီႏွင့္ ဂီတဘာသာရပ္မ်ားအတြက္ အထူးျပဳမ်ား၊ သင္တန္းဆင္းမ်ားျဖစ္ပါက လုပ္သက္ကိုေလ်ွာ့ေပါ့စဥ္းစားႏိုင္ေၾကာင္းသတ္မွတ္ထားသည္။

သင္တန္းကာလ (၁၄) ရက္ၾကာျမင့္မည္ျဖစ္ၿပီး တိုင္းေဒသႀကီးအဆင့္သင္တန္းတြင္ သင္ရိုးသစ္ဦးေဆာင္ပို႔ခ်သူမ်ား၊ သင္တန္းတက္ေရာက္မည့္သူမ်ားက သင္ၾကားမည္ျဖစ္ၿပီး ခရိုင္အဆင့္သင္တန္းတြင္ တိုင္းေဒသႀကီးအဆင့္ သင္တန္းတက္ေရာက္သူမ်ားက ျပန္လည္သင္ၾကားရမည္ျဖစ္သည္။ 

Source: 7Day News

Latest Post News Read 12802 times