Sales Hotline : 09448001653       Download App



အလယ်တန်းပြဆရာအတတ်ပညာ အနီးကပ်သင်တန်း ဆိုင်းငံ့ပြီ

** Unicode **

ပညာရေးကောလိပ်များတွင် ဧပြီလ၌ ဖွင့်လှစ်မည့်အလယ်တန်းပြဆရာအတတ်ပညာ (စာပေးစာယူ) အနီးကပ်သင်တန်းကို COVID-19 ကြောင့် ဆိုင်းငံ့ကြောင်း ကြေညာပါတယ်။

အလယ်တန်းပြ ဆရာအတတ်ပညာ(စာပေးစာယူ) သင်တန်းအမှတ်စဉ် (၂၃) ၏ အနီးကပ်သင်တန်းကို ဧပြီတွင် ဖွင့်ရန်စီစဉ်ထားပါတယ်။

COVID-19 ကြောင့်ပညာရေးကောလိပ်များကို ဧပြီလကုန်အထိ ပိတ်ထားမည်ဖြစ်ရာ ထိုသင်တန်းကိုလည်း ဆိုင်းငံ့ကြောင်း ပညာရေးကောလိပ်များက မြို့နယ်ပညာရေးမှူးရုံးများသို့ အကြောင်းကြားထားပါတယ်။

ပညာရေးကောလိပ်များပါမကျန် ပိတ်ထားမည်ဖြစ်သောကြောင့် လစယ-အလယ်တန်းပြဆရာအတတ်ပညာ (စာပေးစာယူ) သင်တန်းများကိုလည်း ဆိုင်းငံ့ရမည်ဟု သိရပါတယ်။

အလယ်တန်းပြ ဆရာအတတ်ပညာ (စာပေးစာယူ) သင်တန်းပြန်လည်လုပ်မည့်အစီအစဉ်ကို ထပ်မံအကြောင်းကြားမည်ဟု ပညာရေးကောလိပ်များက ကြေညာထားပါတယ်။

အဆိုပါသင်တန်းကို ဆရာအတတ်ပညာ လက်မှတ်မရှိသေးသည့် နိုင်ငံအနှံ့မှ အလယ်တန်းပြများ တက်ရောက်ပြီး ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ် အနီးကပ်သင်တန်းအဖြစ် ပညာရေးကောလိပ်များတွင် တက်ရောက်ရမည်ဖြစ်ပါတယ်။

Aviation (7) လေယာဉ်မောင်းအတတ်သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ယခုကာလအတွင်း လူစုလူဝေးများပြားသည့် နေရာနှင့် ပွဲလမ်းသဘင် ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။

Read More:>>> "တက္ကသိုလ်စာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းများရပ်ဆိုင်း"

COVID-19 ကူးစက်နိုင်မှုကြောင့် အစိုးရနှင့် ပုဂ္ဂလိကကျောင်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိအဖွဲ့အစည်းများမှ ဖွင့်သည့်သင်တန်းများကို ခေတ္တရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတရုံးက မတ်လ (၁၅) ရက်တွင် ဝန်ကြီးဌာနများ၊ တိုင်းနှင့်ပြည်နယ်အစိုးရများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ ညွှန်ကြားထားပါတယ်။

Credit: 7Day News

 

** Zawgyi **

ပညာေရးေကာလိပ္မ်ားတြင္ ဧၿပီလ၌ ဖြင့္လွစ္မည့္အလယ္တန္းျပဆရာအတတ္ပညာ (စာေပးစာယူ) အနီးကပ္သင္တန္းကို COVID-19 ေၾကာင့္ ဆိုင္းငံ့ေၾကာင္း ေၾကညာပါတယ္။

အလယ္တန္းျပ ဆရာအတတ္ပညာ(စာေပးစာယူ) သင္တန္းအမွတ္စဥ္ (၂၃) ၏ အနီးကပ္သင္တန္းကို ဧၿပီတြင္ ဖြင့္ရန္စီစဥ္ထားပါတယ္။

COVID-19 ေၾကာင့္ပညာေရးေကာလိပ္မ်ားကို ဧၿပီလကုန္အထိ ပိတ္ထားမည္ျဖစ္ရာ ထိုသင္တန္းကိုလည္း ဆိုင္းငံ့ေၾကာင္း ပညာေရးေကာလိပ္မ်ားက ၿမိဳ႕နယ္ပညာေရးမွဴးရံုးမ်ားသို႔ အေၾကာင္းၾကားထားပါတယ္။

ပညာေရးေကာလိပ္မ်ားပါမက်န္ ပိတ္ထားမည္ျဖစ္ေသာေၾကာင့္ လစယ-အလယ္တန္းျပဆရာအတတ္ပညာ (စာေပးစာယူ) သင္တန္းမ်ားကိုလည္း ဆိုင္းငံ့ရမည္ဟု သိရပါတယ္။

အလယ္တန္းျပ ဆရာအတတ္ပညာ (စာေပးစာယူ) သင္တန္းျပန္လည္လုပ္မည့္အစီအစဥ္ကို ထပ္မံအေၾကာင္းၾကားမည္ဟု ပညာေရးေကာလိပ္မ်ားက ေၾကညာထားပါတယ္။

အဆိုပါသင္တန္းကို ဆရာအတတ္ပညာ လက္မွတ္မရွိေသးသည့္ ႏိုင္ငံအႏွံ႔မွ အလယ္တန္းျပမ်ား တက္ေရာက္ၿပီး ပညာသင္ႏွစ္တစ္ႏွစ္လ်ွင္ ႏွစ္ႀကိမ္ အနီးကပ္သင္တန္းအျဖစ္ ပညာေရးေကာလိပ္မ်ားတြင္ တက္ေရာက္ရမည္ျဖစ္ပါတယ္။

Aviation (7) ေလယာဥ္ေမာင္းအတတ္သင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

ယခုကာလအတြင္း လူစုလူေဝးမ်ားျပားသည့္ ေနရာႏွင့္ ပြဲလမ္းသဘင္ ရွိရာေနရာမ်ားကို အတတ္ႏိုင္ဆံုး ေရွာင္ၾကဥ္ရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတိေပးထားပါတယ္။

Read More:>>> "တကၠသိုလ္စာေမးပြဲမ်ားႏွင့္ တကၠသိုလ္ဝင္စာေမးပြဲ အေျဖလႊာစစ္ေဆးျခင္းမ်ားရပ္ဆိုင္း"

COVID-19 ကူးစက္ႏိုင္မႈေၾကာင့္ အစိုးရႏွင့္ ပုဂၢလိကေက်ာင္းမ်ား၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားနွင့္ ပုဂၢလိအဖြဲ႔အစည္းမ်ားမွ ဖြင့္သည့္သင္တန္းမ်ားကို ေခတၱရပ္ဆိုင္းထားရန္ ႏိုင္ငံေတာ္သမၼတရံုးက မတ္လ (၁၅) ရက္တြင္ ဝန္ႀကီးဌာနမ်ား၊ တိုင္းႏွင့္ျပည္နယ္အစိုးရမ်ား၊ ျပည္ေထာင္စုအဆင့္ အဖြဲ႔အစည္းမ်ားသို႔ ညႊန္ၾကားထားပါတယ္။

Credit: 7Day News

News News Tips Latest Post News Read 4817 times