Sales Hotline : 09448001653       Download App



ဗြိတိန်၌ ငါးလတာကာလအတွင်း ပထမဆုံးအကြိမ်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်

ဗြိတိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း နိုင်ငံတစ်ဝန်းရှိ ခေါင်းဆောင်များက ပညာသင်ကြားရေးကို ပြန်လည်စတင်ရန် ကြိုးစားနေသည့်အတွက် ငါးလတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ကြကြောင်း သိရသည်။

စကော့တလန်အစိုးရသည် ယခုအပတ်မှစတင်ကာနိုင်ငံ၏ ဒေသအသီးသီးရှိ ကျောင်းသားကျောင်းသူများအား တဖြည်းဖြည်း ကျောင်းပြန်လည်တက်ရောက်ရန်နှင့် အတန်းအားလုံးကိုမူ လာမည့် တစ်ပတ်မှစတင်ကာအပြည့်အဝ ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားထားကြောင်းသိရသည်။ စကော့တလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉၀၀၀ ရှိပြီး သေဆုံးသူ ၂၄၉၁ ဦးရှိသည်။ 

သို့ရာတွင် သီတင်းသုံးပတ်ကျော်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိခဲ့ခြင်းကြောင့် ကျောင်းများပြန်လည် ဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လအတွင်းက ကျောင်းများပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားခဲ့သည့် အင်္ဂလန်နိုင်ငံတွင်မူကျောင်းသားမိဘများနှင့် သင်ကြားရေးဆရာများအကြား သဘောထားကွဲလွဲမှုများရှိခဲ့ခြင်းကြောင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

သို့ရာတွင် စက်တင်ဘာလရောက်မှသာ ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်စေမည့် အစီအစဉ်ကိုမူ အင်္ဂလန်အစိုးရက ငြင်းပယ်ထားကြောင်းသိရသည်။

Source: The Mirror Daily

Latest Post News News News News Read 2129 times