Sales Hotline : 09448001653       Download App



အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်ရမှသာ ကျောင်းများဖွင့်မည်

** Unicode **

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်ရမှသာ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး၊ ဖွင့်လှစ်နိုင်ရေးများ ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရပါတယ်။

လက်ရှိအချိန်တွင် ကျောင်းအပ်နှံရေးကာလအတွက် အစီအစဉ်များကို ပညာရေးဝန်ကြီးဌာနထံတင်ပြထားပြီး ၎င်းကာလတွင် COVID-19 ရောဂါနှင့် ပတ်သက်၍ မိဘများကို အသိပေးရမည့် ကိစ္စများရှိပြီး အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်မည်ဆိုပါက ကျောင်းသားတစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၃) ပေ၊ (၆) ပေ အကွာအဝေးတွင်နေခြင်း၊ Mask တပ်ခြင်း၊ နေ့စဉ်အပူချိန်တိုင်းခြင်း စသည်တို့ကို ပြုလုပ်ရမည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အတည်ပြုချက်၊ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှသာ အသေးစိတ်ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းဌာနထံမှ သိရပါတယ်။

အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး၊ ကျောင်းဖွင့်နိုင်ရေးနှင့် ပတ်သက်၍ မေလဒုတိယအပတ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ၎င်းပြင် အောင်စာရင်းများ ထုတ်ပြန်နိုင်ရန် အဖြေလွှာစစ်ဆေးခြင်းများကို အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေပြီး ညွှန်ကြားချက်ရရှိပါက တစ်ပြိုင်နက်ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရပါတယ်။

ကျောင်းများဖွင့်ဖို့ အနေအထားအားလုံးကိ အသင့်လုပ်ရမည်ဖြစ်ပါတယ်။ ကျောင်းဖွင့်သည့် အချိန်ရောက်ခဲ့ပါက လိုက်နာရမည့် အချက်များကို လိုက်နာပြီးမှ ဖွင့်မည်လည်း ဖြစ်ပါတယ်။ကျောင်းသား/သူများ အန္တရာယ်မရှိအောင် ဆောင်ရွက်ဖို့အစီအစဉ်များ ရှိကြောင်းအခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရပါတယ်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်ချိန်တွင် လိုအပ်ပါက ကျောင်းသား/သူများအတွက် ပြန်လည်အသုံးပြုနိုင်မည့် Mask များဝေခြင်း၊ ရောဂါကူးစက်မှုရှိသောမြို့နယ်များရှိ ကျောင်းများအတွက် ပိုမိုကြပ်မတ်ဂရုစိုက်မည့် အစီအစဉ်များလည်းရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ကျောင်းသား/သူများအဆင်ပြေရန်သည် အဓိကသာဖြစ်ပါတယ်။ မိဘရှေ့/ဆရာသမားများရှေ့ မဟုတ်လျှင် စည်းကမ်းလိုက်နာမှု မရှိမှာကို စိုးရိမ်ရပါတယ်။ ရောဂါများကင်းစင်မှသာ ကျောင်းများကိုပြန်လည်ဖွင့်စေချင်ကြောင်းသိရပါတယ်။ 

လက်ရှိတွင်မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ (၁၆၂) ဦး၊ ရောဂါပိုးကင်းစင်လာသူ (၅၁) ဦးနှင့် သေဆုံးသူ (၆) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

Credit: The Voice

 

** Zawgyi **

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ၏ ညႊန္ၾကားခ်က္ရမွသာ အေျခခံပညာေက်ာင္းမ်ား ေက်ာင္းအပ္ႏွံေရး၊ ဖြင့္လွစ္နိုင္ေရးမ်ား ေဆာင္ရြက္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွသိရပါတယ္။

လက္ရွိအခ်ိန္တြင္ ေက်ာင္းအပ္ႏွံေရးကာလအတြက္ အစီအစဥ္မ်ားကို ပညာေရးဝန္ႀကီးဌာနထံတင္ျပထားၿပီး ၎ကာလတြင္ COVID-19 ေရာဂါႏွင့္ ပတ္သက္၍ မိဘမ်ားကို အသိေပးရမည့္ ကိစၥမ်ားရွိၿပီး အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္မည္ဆိုပါက ေက်ာင္းသားတစ္ဦးႏွင့္ တစ္ဦး အနည္းဆုံး (၃) ေပ၊ (၆) ေပ အကြာအေဝးတြင္ေနျခင္း၊ Mask တပ္ျခင္း၊ ေန႔စဥ္အပူခ်ိန္တိုင္းျခင္း စသည္တို႔ကို ျပဳလုပ္ရမည္ျဖစ္၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ အတည္ျပဳခ်က္၊ ပညာေရးဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ရမွသာ အေသးစိတ္ထုတ္ျပန္မည္ျဖစ္ေၾကာင္း ၎ဌာနထံမွ သိရပါတယ္။

အေျခခံပညာေက်ာင္းမ်ား ေက်ာင္းအပ္ႏွံေရး၊ ေက်ာင္းဖြင့္နိုင္ေရးႏွင့္ ပတ္သက္၍ ေမလဒုတိယအပတ္တြင္ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ၏ ညႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္သြားမည္ျဖစ္ပါတယ္။ ၎ျပင္ ေအာင္စာရင္းမ်ား ထုတ္ျပန္နိုင္ရန္ အေျဖလႊာစစ္ေဆးျခင္းမ်ားကို အသင့္အေနအထားျဖင့္ ေစာင့္ဆိုင္းေနၿပီး ညႊန္ၾကားခ်က္ရရွိပါက တစ္ၿပိဳင္နက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနထံမွ သိရပါတယ္။

ေက်ာင္းမ်ားဖြင့္ဖို႔ အေနအထားအားလုံးကိ အသင့္လုပ္ရမည္ျဖစ္ပါတယ္။ ေက်ာင္းဖြင့္သည့္ အခ်ိန္ေရာက္ခဲ့ပါက လိုက္နာရမည့္ အခ်က္မ်ားကို လိုက္နာၿပီးမွ ဖြင့္မည္လည္း ျဖစ္ပါတယ္။ေက်ာင္းသား/သူမ်ား အႏၲရာယ္မရွိေအာင္ ေဆာင္ရြက္ဖို႔အစီအစဥ္မ်ား ရွိေၾကာင္းအေျခခံပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးေျပာၾကားခ်က္အရသိရပါတယ္။
အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္ခ်ိန္တြင္ လိုအပ္ပါက ေက်ာင္းသား/သူမ်ားအတြက္ ျပန္လည္အသုံးျပဳနိုင္မည့္ Mask မ်ားေဝျခင္း၊ ေရာဂါကူးစက္မႈရွိေသာၿမိဳ႕နယ္မ်ားရွိ ေက်ာင္းမ်ားအတြက္ ပိုမိုၾကပ္မတ္ဂ႐ုစိုက္မည့္ အစီအစဥ္မ်ားလည္းရွိေၾကာင္း ၎က ေျပာၾကားခဲ့ပါတယ္။

ေက်ာင္းသား/သူမ်ားအဆင္ေျပရန္သည္ အဓိကသာျဖစ္ပါတယ္။ မိဘေရွ႕/ဆရာသမားမ်ားေရွ႕ မဟုတ္လၽွင္ စည္းကမ္းလိုက္နာမႈ မရွိမွာကို စိုးရိမ္ရပါတယ္။ ေရာဂါမ်ားကင္းစင္မွသာ ေက်ာင္းမ်ားကိုျပန္လည္ဖြင့္ေစခ်င္ေၾကာင္းသိရပါတယ္။ 

လက္ရွိတြင္ျမန္မာနိုင္ငံတြင္ ေရာဂါပိုးေတြ႕ရွိသူ (၁၆၂) ဦး၊ ေရာဂါပိုးကင္းစင္လာသူ (၅၁) ဦးႏွင့္ ေသဆုံးသူ (၆) ဦးရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားပါတယ္။

Credit: The Voice
 

News News News Latest Post Tips Read 26778 times