Sales Hotline : 09448001653       Download App



ဥရောပတိုက်မှ နိုင်ငံတချို့တွင် စာသင်ကျောင်းများ ပြန်ဖွင့်

စက်တင်ဘာ (၁)ရက်နေ့မှစ၍ ဥရောပတိုက်မှ နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ စပိန်နှင့် ရုရှားတို့တွင် စာသင်ကျောင်းများပြန်ဖွင့်၍ ကျောင်းသားများ ကျောင်းပြန်တက်နေကြပြီ ဖြစ်ပါသည်။

တကျော့ပြန် ကိုရိုနာရောဂါ ကူးစက်မခံရအောင် ပါးစပ်နှာခေါင်းစည်းများကိုလည်းမဖြစ်မနေ ဝတ်ဆင်ထားကြပါသည်။

လက်ဆေးတဲ့နေရာတွေ၊ လူချင်းခွာနေသည့်ဓလေ့နဲ့ အချိန်ချင်းမတိုက်အောင်လွှဲပြီး ဇယားဆွဲထားတဲ့ ကစားချိန်တွေဟာ New Normal Life ပုံမှန်အခြေအနေသစ် ဖြစ်လာပါသည်။

အထက်ပါ အချက်များဟာ ဘေးကင်းလုံခြုံသည့် ကျောင်းစာသင်ခန်းများကို ကလေးငယ်များအတွက် ဖော်ဆောင်ပေးထားသည့် ဥရောပတိုက်တွင် ကျင့်သုံးသည့် စနစ် အသစ်ဖြစ်ပါသည်။

သို့သော် ဥရောပ၏ ကျောင်းဖွင့်ချိန်အများစုသည် ဆောင်းဦးတုပ်ကွေးရာသီနှင့်သာမက ပြီးခဲ့သည့် ဆောင်းရာသီ သေဆုံးနှုန်းများချိန် များနှင့် တိုက်ဆိုင်သောကြောင့် ဒုတိယ ကူးစက်မှုလှိုင်း ဖြစ်လာမှာမည်ကို လူအများအပြားက စိုးရိမ်နေကြကြောင်းသိရသည်။

ကျောင်းတွေကနေ ကူးစက်မှု လျှော့ချဖို့အတွက် မတူညီသည့်နည်းများကို နိုင်ငံတကာတွင် သုံးနေကြခြင်းဖြစ်ပြီးစပိန်ရဲ့ဒေသ ၁၇ ခုဟာ ကျောင်းပြန်ဖွင့်ရေး ကိုယ်ပိုင်အစီအမံတွေကို တာဝန်ယူထားကြောင်း သိရသည်။

အသက် ၆ နှစ်အထက် ကလေးအားလုံး မဖြစ်မနေ ပါးစပ်၊ နှာခေါင်းစည်းတပ်ဖို့ အပါအဝင် နိုင်ငံတော်စီမံချက်တွေကိုပါ လိုက်နာရမှာ ဖြစ်ပြီး ရုရှားမှာတော့ ကူးစက်ခံအတည်ပြုလူနာ ၁ သန်းကျော်နေပေမယ့် ကျောင်းသားတွေ ကျောင်းပြန်တက်ခဲ့ကြပါသည်။

ပြင်သစ်အစိုးရမှလည်း ယခုအကျပ်အတည်းများသည် ပြည်သူ့လူနေမှုဘဝကို မထိန်းချုပ်ရဘူးလို့ ပြောထားပါသည်။ ကမ္ဘာတဝန်းတွင် ဧပြီလတွင် ကူးစက်မှုထိန်းချုပ်ရေး အသွားအလာ ကန့်သတ်ချက်မှုများကြောင့် ကလေး ၁ ဒသမ ၅ ဘီလီယံခန့် ကျောင်းတက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်းကို ကုလသမဂ္ဂ ပညာရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး ယူနက်စကိုက ပြောပါသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှလည်း “ဒီသီတင်းပတ်ထဲမှာ အင်္ဂလန်က ကျောင်းတွေ ပြန်ဖွင့်ဖို့က အတိမ်းစောင်းမခံတဲ့ လုပ်စရာကိစ္စပါ” ဟု ပြောသည်။ ကျောင်းတွေပိတ်ထာခြင်းသည် မညီမျှမှု ကွာဟချက်ကို ပိုဖြစ်စေတယ်ဟု ပညာရှင်များက ပြောပါသည်။

ကလေးတွေမှာ ကူးစက်ခံရမှု အများစုကလည်း အားပျော့ပြီး သေဆုံးနှုန်းနည်းတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ ကမ္ဘာ့အချက်အလက်တွေအရ ကလေးတွေနဲ့ လူငယ်တွေကို ကူးစက်နှုန်းဟာ ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းသာရှိကြောင်း သိရပါသည်။

By Myanmar Education Guide - EDGE

Ref: DVB News

Latest Post News Read 538 times