Sales Hotline : 09448001653       Download App



ကျောင်းတက်ရက်တိုးမြှင့်မှု သတ်မှတ်ချက်သည် ကိုယ်ပိုင်ကျောင်းများပါ အကျုံးဝင်သည်

**Unicode**

ကျောင်းတက်ရက်တိုးမြှင့်မှု သတ်မှတ်ချက်သည် ကိုယ်ပိုင်ကျောင်းများပါ အကျုံးဝင်ပြီး စတုတ္ထတန်းနှင့် အဌမတန်းတို့သည် စာမေးပွဲဖြေဆိုပြီးလျှင် မတ်လကုန်အထိ တက်စရာမလိုတော့ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။ 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ လက်ရှိသတ်မှတ်ထားသောကျောင်းတက်ရက်မှာ မတ်လ (၂၅) ရက်အထိဖြစ်ရာ ၎င်းသတ်မှတ်ချက်သည် ကိုယ်ပိုင်ကျောင်းများပါအကျုံးဝင်ပါသည်။ ထို့ပြင် အြခေခံပညာ စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲများသည် ဖေဖော်ဝါရီလ (၂၄) ရက်မှ မတ်လ (၃) ရက်နေ့အထိကျင်းပခြင်းဖြစ်သည့်အတွက် မတ်လ (၂၅) ရက်အထိကျောင်းတက်ရန်မလိုတော့ခြင်းဖြစ်သည်။ 

"ယခုသတ်မှတ်ချက်က ကိုယ်ပိုင်ကျောင်းတွေလည်း အတူတူပါပဲ။ အကုန်ပါပါတယ်။ လေးတန်းနဲ့ ရှစ်တန်းကတော့ စာမေးပွဲပြီးရင် ဆက်တက်စရာမလိုတော့ပါဘူး။ အပြီးပိတ်ပါပြီ၊ ကျန်တဲ့အတန်းတွေကတော့ ဆက်တက်ရမယ်။ အရမ်းပူတဲ့နေရာတွေကကျောင်းတွေရဲ့ အတန်းငယ်လေးတွေက နေ့တစ်ပိုင်းပဲတက်ရမှာပါ။ ကျောင်းအားလုံးတော့မဟုတ်ပါဘူး။ ကျန်တဲ့ကျောင်းတွေကတော့ပုံမှန်အတိုင်းပါပဲ" ဟု အြခေခံပညာဦးစီးဌာနမှသိရသည်။

ဇန်နဝါရီလ (၉) ရက်နေ့မတိုင်ခင်က အခြေခံပညာကျောင်းများ၏ ကျောင်းတက်ရက်ကို မတ်လ (၃၁) ရက်နေ့အထိသတ်မှတ်ခဲ့သော်လည်း ဇန်နဝါရီလ (၉) ရက်နေ့က တိုင်းဒေသကြီး၊ ပြည်နယ်ရေးမှူးများဖြင့်ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ကျောင်းတက်ရက်နှင့် စာမေးပွဲများကို မတ်လ (၂၅) ရက်နေ့အထိသာပြုလုပ်ရန်ဆုံးဖြတ်ခဲ့သည်။

Source: The Voice, Ko Aung Thet Ko
 

**Zawgyi**

ေက်ာင္းတက္ရက္တိုးျမွင့္မႈ သတ္မွတ္ခ်က္သည္ ကိုယ္ပိုင္ေက်ာင္းမ်ားပါ အက်ံဳးဝင္ၿပီး စတုတၳတန္းႏွင့္ အဌမတန္းတို႔သည္ စာေမးပဲြေျဖဆိုၿပီးလွ်င္ မတ္လကုန္အထိ တက္စရာမလိုေတာ့ေၾကာင္း အေျခခံပညာဦးစီးဌာနမွသိရသည္။ 

ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနမွ လက္ရွိသတ္မွတ္ထားေသာေက်ာင္းတက္ရက္မွာ မတ္လ (၂၅) ရက္အထိျဖစ္ရာ ၄င္းသတ္မွတ္ခ်က္သည္ ကိုယ္ပိုင္ေက်ာင္းမ်ားပါအက်ံဳးဝင္ပါသည္။ ထုိ႔ျပင္ အျေခခံပညာ စတုတၳတန္းႏွင့္ အဌမတန္း စာေမးပဲြမ်ားသည္ ေဖေဖာ္ဝါရီလ (၂၄) ရက္မွ မတ္လ (၃) ရက္ေန႔အထိက်င္းပျခင္းျဖစ္သည့္အတြက္ မတ္လ (၂၅) ရက္အထိေက်ာင္းတက္ရန္မလိုေတာ့ျခင္းျဖစ္သည္။ 

"ယခုသတ္မွတ္ခ်က္က ကိုယ္ပိုင္ေက်ာင္းေတြလည္း အတူတူပါပဲ။ အကုန္ပါပါတယ္။ ေလးတန္းနဲ႔ ရွစ္တန္းကေတာ့ စာေမးပဲြၿပီးရင္ ဆက္တက္စရာမလိုေတာ့ပါဘူး။ အၿပီးပိတ္ပါၿပီ၊ က်န္တဲ့အတန္းေတြကေတာ့ ဆက္တက္ရမယ္။ အရမ္းပူတဲ့ေနရာတေြကေက်ာင္းေတြရဲ႕ အတန္းငယ္ေလးေတြက ေန႔တစ္ပိုင္းပဲတက္ရမွာပါ။ ေက်ာင္းအားလံုးေတာ့မဟုတ္ပါဘူး။ က်န္တဲ့ေက်ာင္းေတြကေတာ့ပံုမွန္အတိုင္းပါပဲ" ဟု အျေခခံပညာဦးစီးဌာနမွသိရသည္။

ဇန္နဝါရီလ (၉) ရက္ေန႔မတိုင္ခင္က အေျခခံပညာေက်ာင္းမ်ား၏ ေက်ာင္းတက္ရက္ကို မတ္လ (၃၁) ရက္ေန႔အထိသတ္မွတ္ခဲ့ေသာ္လည္း ဇန္နဝါရီလ (၉) ရက္ေန႔က တိုင္းေဒသႀကီး၊ ျပည္နယ္ေရးမွဴးမ်ားျဖင့္ျပဳလုပ္ခဲ့ေသာ အစည္းအေဝးတြင္ ေက်ာင္းတက္ရက္ႏွင့္ စာေမးပဲြမ်ားကို မတ္လ (၂၅) ရက္ေန႔အထိသာျပဳလုပ္ရန္ဆံုးျဖတ္ခဲ့သည္။

Source: The Voice, Ko Aung Thet Ko
 

Latest Post News News Read 2552 times