သုတေသနညီလာခံစာတမ်းများ ဧပြီလကုန်အထိလက်ခံမည်


** Unicode **

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သုတေသနစာတမ်းများကို ဧပြီ (၃၀) ရက်အထိ တင်သွင်းနိုင်ကြောင်း ရန်ကုန်တက္ကသိုလ်က ကြေညာထားပါတယ်။

တက္ကသိုလ်ရာပြည့် သုတေသနညီလာခံကို Sustainable Development Goals to Transform Peaceful and Prosperous Myanmar ခေါင်းစဉ်ဖြင့် အောက်တိုဘာ (၁၅) ရက်မှ (၁၈)ရက်အထိ ကျင်းပမည်ဖြစ်ပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းသောရေ၊ အဆောက်အအုံ၊ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးဟူ၍ အကြောင်းအရာ ရှစ်ခုနှင့် ဆက်စပ်သည့် သုတေသန စာတမ်းများ တင်သွင်းနိုင်ကြောင်း ရန်ကုန်တက္ကသိုလ်က ကြေညာထားပါတယ်။

ရာပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ မိတ်ဖက်တက္ကသိုလ်၊ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ ဘာသာရပ်အလိုက်စာတမ်းဖတ်ပွဲတွေ တစ်နှစ်ပတ်လုံးပြုလုပ်မည်ဟု သိရပါတယ်။

ရာပြည့်အထိမ်းအမှတ် သုတေသန ညီလာခံမှာတော့ နိုင်ငံအတွက် ရေရှည်အကျိုးပြုမည့် ဘာသာရပ်နယ်ပယ်အစုံက သုတေသနစာတမ်းတွေဖတ်ဖို့ ရှိပါတယ်ဟုလည်းသိရပါတယ်။

တက္ကသိုလ်ရာပြည့် သုတေသနညီလာခံတွင် တင်သွင်းလိုသည့် သုတေသနစာတမ်းများကို ဧပြီ (၃၀) ရက်အထိ ရန်ကုန်တက္ကသိုလ်သို့ ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်ကို RCCUY2020@gmail.com တွင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Car Repair (7) ကားပြုပြင်ထိန်းသိမ်းရေးသင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ရာပြည့်သဘင်ကို ၂၀၁၉ ဒီဇင်ဘာ (၂) ရက်တွင် စတင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကြေညာခဲ့ပါတယ်။

Read More:>>> "စာစစ်တာဝန် မပျက်ကွက်ရန် ဆရာ/ဆရာမများကို အသိပေး"

ရာပြည့်သဘင်တွင် ကျောင်းသား/သူဟောင်းများတွေ့ဆုံပွဲ၊ အာစရိယပူဇော်ပွဲ၊ မိတ်ဆုံ ညစာစားပွဲနှင့် ဂီတဖျော်ဖြေပွဲ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ သမိုင်းဝင်စာအုပ်စာတမ်းပြပွဲများ၊ သိပ္ပံပွဲခင်း၊ ရန်ကုန်တက္ကသိုလ် သမိုင်းပြုစုထုတ်ဝေခြင်းများ ပါဝင်မည်ဖြစ်ပါတယ်။

Credit: 7Day News

 

** Zawgyi **











Credit: 7Day News

News Tips Latest Post Read 295 times