Sales Hotline : 09448001653       Download App



၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဝင်ခွင့်ရရှိသော ကျောင်းသား/သူများ ကျောင်းအပ်ရာတွင် လိုအပ်သောအရာများ အကြံပြုချက်

**Zawgyi**


၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ဝင္ခြင့္ရရွိေသာေက်ာင္းသား/သူမ်ား ႏိုဝင္ဘာ (၁၈)၊ တနလၤာေန႔ တြင္အခ်ိဳ႕ေသာ ေက်ာင္းအမ်ားစုမွာ ေက်ာင္းအပ္ျခင္းကို စတင္လက္ခံမည္ဟု သိရပါတယ္။
သို႔ေသာ္ ေက်ာင္းအာဏာပိုင္မ်ားမွ တရားဝင္စာမထုတ္ေသးေသာေၾကာင့္ ရက္အေျပာင္းအလဲ မ်ားလည္း ရွိႏိုင္ပါတယ္။
ေက်ာင္းအပ္ႏွံျခင္းတြင္ ေမဂ်ာအလိုက္ ကြဲျပားမႈမ်ားရွိႏိုင္ေသာေၾကာင့္ အေသးစိတ္အခ်က္အလက္မ်ားကို မိမိတို႔ တက္ေရာက္ရမည့္ ေက်ာင္းမ်ားတြင္ လူကိုယ္တိုင္သြားေရာက္စံုစမ္းႏိုင္ပါတယ္။
ေမဂ်ာေျပာင္းျခင္း၊ ေက်ာင္းေျပာင္းျခင္းမ်ားကို ေအာက္တိုဘာ (၂၆) တြင္စတင္လက္ခံခဲ့ၿပီျဖစ္ရာ မျပဳလုပ္ရေသးေသာ ေက်ာင္းသား/သူမ်ား အေနျဖင့္ ေမဂ်ာအလိုက္ ေက်ာင္းအပ္လက္ခံသည့္ရက္မွစ၍လည္း ေမဂ်ာေျပာင္းျခင္းမ်ား၊ ေက်ာင္းအေျပာင္းအေရႊ႕မ်ား ေလ်ွာက္ထားျခင္းကို ေဆာင္ရြက္ႏုိင္ပါတယ္။
ေက်ာင္းေျပာင္းလိုသူမ်ား အေနျဖင့္ တိုက္႐ိုက္ေလွ်ာက္ရသည့္ ေက်ာင္းမ်ားကိုေျပာင္းလိုပါက မိမိဝင္ခြင့္ရသည့္ေက်ာင္းမွ “ေက်ာင္းမအပ္ထားေၾကာင္းေထာက္ခံစာ” ယူ၍ မိမိ ေျပာင္းလိုေသာ တကၠသိုလ္(တိုက္႐ိုက္ေလွ်ာက္ရသည့္တကၠသိုလ္) ထံ သြားေရာက္ေလွ်ာက္ထားႏိုင္ပါတယ္။

တိုက္႐ိုက္ေက်ာင္း မဟုတ္သည့္ ေက်ာင္းမ်ားကို ေလွ်ာက္လိုပါက စာစစ္႐ုံးေခၚ "အဆည" ကိုအရင္ေလွ်ာက္ထားရမည္ျဖစ္ၿပီး "အဆည" မွသင္ေျပာင္းလိုသည့္ တကၠသိုလ္အား အေၾကာင္းၾကားေပးသြားမည္ျဖစ္ပါတယ္။
ၿခံဳငံုသံုးသပ္ရလ်ွင္ တိုက္႐ိုက္တကၠသိုလ္မ်ားသည္ တိုက္႐ိုက္တင္ရမည္ျဖစ္ၿပီး၊ ျပင္ပတကၠသိုလ္မ်ားသည္ "အဆည" အားတစ္ဆင့္ခံ ေလွ်ာက္ထားရမည္ျဖစ္ပါတယ္။
** ေက်င္းအပ္ရာတြင္ လိုအပ္ေသာစာရြက္စာတမ္းမ်ား အျပည့္အစံုယူသြားလ်ွင္ပိုမိုအဆင္ေျပႏိုင္ပါတယ္။
** ေက်ာင္းအပ္ရာတြင္ လိုအပ္ေသာ စာရြက္စာတမ္းအခ်ိဳ႕မွာ…
- ႏိုင္ငံသားစိစစ္ေရးကတ္ျပား(မူရင္း/ မိတၱဴ)
- မိဘႏွစ္ပါး၏ ႏိင္ငံသားစိစစ္ေရးကတ္ျပား (မူရင္း/ မိတၱဴ)
- တကၠသုိလ္ဝင္တန္းေအာက္လက္မွတ္ (မူရင္း/ မိတၱဴ)
- ရပ္ကြက္ေထာက္ခံစာ
- ရဲစခန္းေထာက္ခံစာ
- Passport အရြယ္ဓာတ္ပံု
** ေအာက္လက္မွတ္ကိုမူရင္းျပခိုင္းရင္ ျပလိုက္ပါ။ ၿပီးရင္ မေမ့ေစပဲ ျပန္ယူလာပါ။ ဆယ္တန္းအမွတ္စာရင္းမွာ အခ်ိန္မေရြးထုတ္လို႔ရေနေသာ္လည္း ေအာင္လက္မွတ္မွာ (၁) ခါသာရရွိမည္ျဖစ္ေသာေၾကာင့္ျဖစ္ပါတယ္။ တခ်ိဳ႕ေသာ ေထာက္ခံခ်က္မ်ားကို မူရင္းေတာင္းလ်ွင္ေပးလိုက္ပါ။ မလိုအပ္လ်ွင္(လံုးဝ) မေပးပါနဲ႔။ မူရင္းျပခိုင္းလ်ွင္ျပလိုက္ပါ။ မူရင္းအျပည့္အစံုကို ေက်ာင္းသား/သူမွ ျပန္လည္သိမ္းဆည္းရန္ လိုအပ္ပါတယ္။ တခ်ိဳ႕ေက်ာင္းမ်ားအပ္ရာတြင္ က်န္းမာေရးေထာက္ခံခ်က္၊ ေဆးေထာက္ခံစားမ်ား လိုအပ္၍ ေတာင္းပါတယ္။ မိမိတက္ေရာက္မဲ့ ေမဂ်ာနဲ႔ လိုအပ္လ်ွင္ ေထာက္ခံစာလုပ္ေဆာင္ထားပါ။
** ေက်ာင္းမ်ားတြင္လည္း အေသးစိတ္ကို စံုစမ္းေမးျမန္းႏုိင္ပါတယ္။**

**အလုပ္မ်ားမရႈပ္ေအာင္ မိတၱဴမ်ား (၃) (၄) (၅) စံုေလာက္ယူေဆာင္သြားပါရွင္။**

Read More:>>> ေမဂ်ာေျပာင္း၊ တကၠသုိလ္ေျပာင္း အစရွိသျဖင့္ အေျပာင္းအေရႊ႕အမ်ိဳးမ်ိဳးအတြက္ ဘာေတြလိုအပ္သလဲ
(www.edge.com.mm)
(PTZS)


**Unicode**

၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဝင်ခွင့်ရရှိသောကျောင်းသား/သူများ နိုဝင်ဘာ (၁၈)၊ တနင်္လာနေ့ တွင်အချို့သော ကျောင်းအများစုမှာ ကျောင်းအပ်ခြင်းကို စတင်လက်ခံမည်ဟု သိရပါတယ်။
သို့သော် ကျောင်းအာဏာပိုင်များမှ တရားဝင်စာမထုတ်သေးသောကြောင့် ရက်အပြောင်းအလဲ များလည်း ရှိနိုင်ပါတယ်။
ကျောင်းအပ်နှံခြင်းတွင် မေဂျာအလိုက် ကွဲပြားမှုများရှိနိုင်သောကြောင့် အသေးစိတ်အချက်အလက်များကို မိမိတို့ တက်ရောက်ရမည့် ကျောင်းများတွင် လူကိုယ်တိုင်သွားရောက်စုံစမ်းနိုင်ပါတယ်။
မေဂျာပြောင်းခြင်း၊ ကျောင်းပြောင်းခြင်းများကို အောက်တိုဘာ (၂၆) တွင်စတင်လက်ခံခဲ့ပြီဖြစ်ရာ မပြုလုပ်ရသေးသော ကျောင်းသား/သူများ အနေဖြင့် မေဂျာအလိုက် ကျောင်းအပ်လက်ခံသည့်ရက်မှစ၍လည်း မေဂျာပြောင်းခြင်းများ၊ ကျောင်းအပြောင်းအရွှေ့များ လျှောက်ထားခြင်းကို ဆောင်ရွက်နိုင်ပါတယ်။
ကျောင်းပြောင်းလိုသူများ အနေဖြင့် တိုက်ရိုက်လျှောက်ရသည့် ကျောင်းများကိုပြောင်းလိုပါက မိမိဝင်ခွင့်ရသည့်ကျောင်းမှ “ကျောင်းမအပ်ထားကြောင်းထောက်ခံစာ” ယူ၍ မိမိ ပြောင်းလိုသော တက္ကသိုလ်(တိုက်ရိုက်လျှောက်ရသည့်တက္ကသိုလ်) ထံ သွားရောက်လျှောက်ထားနိုင်ပါတယ်။

တိုက်ရိုက်ကျောင်း မဟုတ်သည့် ကျောင်းများကို လျှောက်လိုပါက စာစစ်ရုံးခေါ် "အဆည" ကိုအရင်လျှောက်ထားရမည်ဖြစ်ပြီး "အဆည" မှသင်ပြောင်းလိုသည့် တက္ကသိုလ်အား အကြောင်းကြားပေးသွားမည်ဖြစ်ပါတယ်။
ခြုံငုံသုံးသပ်ရလျှင် တိုက်ရိုက်တက္ကသိုလ်များသည် တိုက်ရိုက်တင်ရမည်ဖြစ်ပြီး၊ ပြင်ပတက္ကသိုလ်များသည် "အဆည" အားတစ်ဆင့်ခံ လျှောက်ထားရမည်ဖြစ်ပါတယ်။
** ကျေင်းအပ်ရာတွင် လိုအပ်သောစာရွက်စာတမ်းများ အပြည့်အစုံယူသွားလျှင်ပိုမိုအဆင်ပြေနိုင်ပါတယ်။
** ကျောင်းအပ်ရာတွင် လိုအပ်သော စာရွက်စာတမ်းအချို့မှာ…
- နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း/ မိတ္တူ)
- မိဘနှစ်ပါး၏ နိင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/ မိတ္တူ)
- တက္ကသိုလ်ဝင်တန်းအောက်လက်မှတ် (မူရင်း/ မိတ္တူ)
- ရပ်ကွက်ထောက်ခံစာ
- ရဲစခန်းထောက်ခံစာ
- Passport အရွယ်ဓာတ်ပုံ
** အောက်လက်မှတ်ကိုမူရင်းပြခိုင်းရင် ပြလိုက်ပါ။ ပြီးရင် မမေ့စေပဲ ပြန်ယူလာပါ။ ဆယ်တန်းအမှတ်စာရင်းမှာ အချိန်မရွေးထုတ်လို့ရနေသော်လည်း အောင်လက်မှတ်မှာ (၁) ခါသာရရှိမည်ဖြစ်သောကြောင့်ဖြစ်ပါတယ်။ တချို့သော ထောက်ခံချက်များကို မူရင်းတောင်းလျှင်ပေးလိုက်ပါ။ မလိုအပ်လျှင်(လုံးဝ) မပေးပါနဲ့။ မူရင်းပြခိုင်းလျှင်ပြလိုက်ပါ။ မူရင်းအပြည့်အစုံကို ကျောင်းသား/သူမှ ပြန်လည်သိမ်းဆည်းရန် လိုအပ်ပါတယ်။ တချို့ကျောင်းများအပ်ရာတွင် ကျန်းမာရေးထောက်ခံချက်၊ ဆေးထောက်ခံစားများ လိုအပ်၍ တောင်းပါတယ်။ မိမိတက်ရောက်မဲ့ မေဂျာနဲ့ လိုအပ်လျှင် ထောက်ခံစာလုပ်ဆောင်ထားပါ။
** ကျောင်းများတွင်လည်း အသေးစိတ်ကို စုံစမ်းမေးမြန်းနိုင်ပါတယ်။**

**အလုပ်များမရှုပ်အောင် မိတ္တူများ (၃) (၄) (၅) စုံလောက်ယူဆောင်သွားပါရှင်။**

Read More:>>> ေမဂ်ာေျပာင္း၊ တကၠသုိလ္ေျပာင္း အစရွိသျဖင့္ အေျပာင္းအေရႊ႕အမ်ိဳးမ်ိဳးအတြက္ ဘာေတြလိုအပ္သလဲ
(www.edge.com.mm)
(PTZS)

Latest Post News Tips Read 8451 times