Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများ သတ်မှတ်ကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး

** Unicode **

အခြေခံပညာကျောင်းများ သတ်မှတ်ကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး  COVID-19 ရောဂါထိန်းချုပ်မှုပေါ်မူတည်နေကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်မောင်ဝင်း၏ ပြောကြားချက်အရ သိရပါတယ်။

အခြေခံပညာကျောင်းများကို သတ်မှတ်ကာလဖြစ်သည့် ဇွန်လတွင် ပြန်လည်ဖွင့်လှစ်နိုင်ပါက ဇွန်လ မတိုင်မီ အောင်စာရင်းထုတ်ပြန်မှုများအတွက် အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါတယ်။

ယင်းတို့ကိုလည်း COVID-19 ရောဂါထိန်းချုပ်နိုင်မှသာ ပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။

ကြားကာလအတွင်းမှာ ဆောင်ရွက်ရမည့်အပိုင်းတွေကို ဆက်လက်ဆွေးနွေးရမှာလည်းဖြစ်ပါတယ်။

အရင်ဆုံးအနေဖြင့် စာမေးပွဲဖြေလွှာတွေ စစ်ဆေးခြင်းနှင့်အောင်စာရင်းထုတ်ပြန်ပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါတယ်။

လုပ်ရိုးလုပ်စဉ်များ ပြီးမှသာလျှင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ပါတယ်။

အတတ်နိုင်ဆုံးဆောင်ရွက်မည့် အခြေအနေတွေကို ဆွေးနွေးပြီး စီစဉ်ပေးမည်ဖြစ်ကြောင်းလည်းသိရပါတယ်။

လက်ရှိတွင် အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် (၁၈) လစီမံကိန်းကို ဆောင်ရွက်နေကြောင်း၊  COVID-19 ရောဂါထိန်းချုပ်နေစဉ်ကာလအတွင်း ဆရာ/ဆရာမများကို အွန်လိုင်းမှတစ်ဆင့် သင်တန်းပေးခြင်း၊ ကျောင်းသား/သူများ၏ အဖြေလွှာများကို စစ်ဆေးခြင်း၊ ဆောင်စာရင်းများထုတ်ပြန်ခြင်း၊ အတန်းကူးပြောင်းမှုပြုလုပ်ရမည့် အခြေအနေများကို ဆွေးနွေးရမည်ဖြစ်ကြောင်း သိရပါတယ်။

Employment Agencies (228) အလုပ်အကိုင်အေဂျင်ဆီများနှင့် ပတ်သက်ပြီး (၂၂၈) ခုရှာရန်နှိပ်ပါ။

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် အခြေခံပညာကျောင်းများ၏ စာမေးပွဲအဖြေလွှာများ စစ်ဆေးခြင်းကိုလည်း ရပ်ဆိုင်းထားပြီး ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ မသေချာသည့်အခြေအနေတွင် ရှိနေပြီး ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဆိုပါက ကြိုတင်အသိပေးကြေညာမည်ဖြစ်ကြောင်း သိရပါတယ်။

Credit: မြဝတီ

** Zawgyi **











Credit: မြဝတီ
 

News News Latest Post Read 103948 times