Sales Hotline : 09448001653       Download App



၎ တန်းနှင့် ၈ တန်း စာမေးပွဲကာလတွင် အရေးပေါ်အခြေအနေပေါ်ပေါက်ခဲ့သည့်နေရာများမှ ကျောင်းသား/သူများ မဖြေဖြစ်ပါက စာမေးပွဲ ပြန်လည်ကျင်းပပေးမည်

၎ တန်းနှင့် ၈ တန်း စာမေးပွဲကာလတွင် အရေးပေါ်အခြေအနေပေါ်ပေါက်ခဲ့သည့်နေရာများမှ ကျောင်းသား/သူများ မဖြေဖြစ်ပါက စာမေးပွဲ ပြန်လည်ကျင်းပပေးမည်

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၏ အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်းတို့၏ နှစ်ဆုံး၊ အခန်းဆုံး စာမေးပွဲများကို ယခုနှစ် ဖေဖော်ဝါရီလက ဖြေဆိုကျင်းပခဲ့ပြီး ဖြစ်ရာ အဆိုပါ စာမေးပွဲကို အရေးပေါ် အခြေအနေပေါ် ပေါက်ခဲ့သော နေရာများမှ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလိုက်ရခြင်း မရှိပါက ယင်းတို့အတွက် သီးသန့်စာမေးပွဲတစ်ခု ပြန်လည်ပြုလုပ်ပေးမည် ဖြစ်သည်။

လက်ရှိအချိန်အထိ စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူတိုင်း ဝင်ရောက်ဖြေဆိုထားသည့် အဖြေအနေတွင် ရှိကြောင်း  မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ သိရသည်။

"မဖြေလိုက်ရတဲ့ကလေးတွေအတွက် အခြေခံပညာဦးစီး ဘယ်လိုလုပ်ဦးမလဲတော့ မသိဘူး။ ဒါပေမယ့် အရေးပေါ် အခြေအနေပေါ်ပေါက်ခဲ့တဲ့နေရာတွေမှာ မဖြေလိုက်ရတဲ့ လူတွေရှိရင်တော့ ပြန်လုပ်ပေးမှာပေါ့။ ဥပမာ - တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ မဖြေလိုက်ရဘူးဆိုရင် လုပ်ပေးရမှာပေါ့။ သူ့ဟာသူမဖြေတာဆိုရင်တော့ လွှတ်ပေးလိုက်ရတာပေါ့။ ဒီနှစ်အားလုံး ဝင်ဖြေတယ်လို့ သိရတယ်"

အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲအတွက် ခုံအမှတ်ထွက်ရှိပြီး လုံးဝဖြေဆိုခြင်းမရှိသူများကို ပျက်ကွက်စာရင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပြီး ကျန်းမာရေးကြောင့် ဆေးရုံတက်ရောက် ကုသနေသူများနှင့် စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ဘာသာရပ်တစ်ခုခုဖြေဆိုပြီး ဆက်လက်မဖြေဆိုနိုင်သူများကို နှုတ်မေး နှုတ်ဖြေဖြင့် စစ်ဆေးပြီး ပညာသင်နှစ်အတွင်း ရရှိခဲ့သော အခန်းဆုံး နှစ်ဝက်ဆုံး စာမေးပွဲ ရမှတ်များနှင့် ချိတ်ဆက်ပြီး အအောင်ပေးရမည်ဖြစ်သည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးရာတွင် လက်ရှိသင်ကြားနေသည့် ဘာသာရပ်နှင့်ကိုက်ညီသော ဆရာ၊ ဆရာမများသာ တာဝန်ပေးရန်ညွှန်ကြား

source: democracy

News Read 1536 times