Sales Hotline : 09448001653       Download App



ကျန်ရှိနေသေးသည် ဘာသာရပ်(၂) ခုကို ဖြေဆိုရမည်တက္ကသိုလ်ကျောင်းသား/သူများ

** Unicode **

တက္ကသိုလ်များ၏ ကျောင်းဖွင့်ချိန်နှင့် ဖြေဆိုရန်ကျန်ရှိနေသည့် ဘာသာရပ်များကို ဇူလိုင်လကုန်ပိုင်းခန့်တွင် ပြုလုပ်နိုင်ရန် လျာထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်နေပြီးဖြစ်ပါတယ်။ ပြန်လည်ဖွင့်လှစ်နိုင်မည့်အချိန်ကို အတိအကျသတ်မှတ်ပြီးပါက ကျောင်းသား/သူများကို (၂) ပတ်ခန့် ကြိုတင်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

တက္ကသိုလ် ဒီဂရီကောလိပ်များကို Quarantine ဝင်ရန်နေရာအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားခဲ့ပါတယ်။

ယခုလက်ရှိတွင် တက္ကသိုလ်များတွင် Quarantine ဝင်နေသည်များရှိနေသေး၍ ဇူလိုင်လကုန်ပိုင်းလောက် ဖွင့်လှစ်မည်ဟုလည်း ခန့်မှန်းချက်များအရ သိရပါတယ်။

တက္ကသိုလ်များရှိ တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများကို ပြန်လည်ခေါ်ယူနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားရာဒေသများသို့ သွားရောက်ပြီး တာဝန်ကျရာ တက္ကသိုလ်သို့ ပြန်လာမည့် ဆရာ/ဆရာမ များသည် သတ်မှတ်ထားသည့် နေရာများတွင် Quarantine (၂၁) ရက်ဝင်ရမည်ဖြစ်ပါတယ်။

Secondary (34) အလယ်တန်းကျောင်းများနှင့် ပတ်သက်ပြီး (၃၄) ခု ရှာရန်နှိပ်ပါ။

ရောဂါမဖြစ်ပွားသည့် နေရာမှ ပြန်လာမည့် ဆရာ/ဆရာမများသည် နေထိုင်ရာ အဆောင်များတွင် အသွားအလာကန့်သတ်ခံရမည်ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း (၁၀၀) ကျော်ရှိပြီး စာမေးပွဲဖြေဆိုရန်အတွက် ဘာသာရပ် နှစ်ခု ကျန်ရှိနေပါတယ်။

Credit: The Voice


** Zawgyi **

တကၠသုိလ္မ်ား၏ ေက်ာင္းဖြင့္ခ်ိန္ႏွင့္ ေျဖဆိုရန္က်န္ရွိေနသည့္ ဘာသာရပ္မ်ားကို ဇူလိုင္လကုန္ပိုင္းခန္႔တြင္ ျပဳလုပ္ႏိုင္ရန္ လ်ာထားေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရသိရပါတယ္။

တကၠသုိလ္၊ ေကာလိပ္၊ ဒီဂရီေကာလိပ္မ်ားကို ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္ စီစဥ္ေနၿပီးျဖစ္ပါတယ္။ ျပန္လည္ဖြင့္လွစ္ႏိုင္မည့္အခ်ိန္ကို အတိအက်သတ္မွတ္ၿပီးပါက ေက်ာင္းသား/သူမ်ားကို (၂) ပတ္ခန္႔ ႀကိဳတင္အသိေပးအေၾကာင္းၾကားမည္ျဖစ္ေၾကာင္းလည္း သိရပါတယ္။

တကၠသုိလ္ ဒီဂရီေကာလိပ္မ်ားကို Quarantine ဝင္ရန္ေနရာအတြက္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ညႊန္ၾကားခဲ့ပါတယ္။

ယခုလက္ရွိတြင္ တကၠသုိလ္မ်ားတြင္ Quarantine ဝင္ေနသည္မ်ားရွိေနေသး၍ ဇူလိုင္လကုန္ပိုင္းေလာက္ ဖြင့္လွစ္မည္ဟုလည္း ခန္႔မွန္းခ်က္မ်ားအရ သိရပါတယ္။

တကၠသုိလ္မ်ားရွိ တာဝန္ထမ္းေဆာင္ေနေသာ ဆရာ/ဆရာမမ်ားကို ျပန္လည္ေခၚယူေနၿပီျဖစ္ၿပီး ေရာဂါျဖစ္ပြားရာေဒသမ်ားသို႔ သြားေရာက္ၿပီး တာဝန္က်ရာ တကၠသုိလ္သို႔ ျပန္လာမည့္ ဆရာ/ဆရာမ မ်ားသည္ သတ္မွတ္ထားသည့္ ေနရာမ်ားတြင္ Quarantine (၂၁) ရက္ဝင္ရမည္ျဖစ္ပါတယ္။

Secondary (34) အလယ္္တန္းေက်ာင္းမ်ားႏွင့္ ပတ္သက္ျပီး (၃၄) ခု ရွာရန္ႏွိပ္ပါ။

ေရာဂါမျဖစ္ပြားသည့္ ေနရာမွ ျပန္လာမည့္ ဆရာ/ဆရာမမ်ားသည္ ေနထိုင္ရာ အေဆာင္မ်ားတြင္ အသြားအလာကန္႔သတ္ခံရမည္ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္ တကၠသုိလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္ေပါင္း (၁၀၀) ေက်ာ္ရွိၿပီး စာေမးပြဲေျဖဆိုရန္အတြက္ ဘာသာရပ္ ႏွစ္ခု က်န္ရွိေနပါတယ္။

Credit: The Voice


 

News Tips Latest Post Read 90340 times