Sales Hotline : 09448001653       Download App



Raffles International College Bangkok ၏ (၂၀၂၀) ပညာသင်နှစ်အတွက် ပညာသင်ဆုများလျှောက်ထားနိုင်

**Zawgyi**

Raffles International College Bangkok ေက်ာင္းမွ ဒီဇိုင္းဘာသာရပ္ႏွင့္ စီးပြားေရးဘာသာရပ္မ်ားကိုစိတ္ဝင္စားတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို လာမယ့္ (၂၀၂၀) ေက်ာင္းဖြင့္ခ်ိန္အတြက္ Marit Scholarship, Post Graduate Scholarship, Creative Talent Scholarship ေတြကိုေပးအပ္သြားမွာျဖစ္ပါတယ္။

Creative Talent Scholarship မွာ (၅၀%) ပညာသင္ဆုျဖစ္ၿပီး ဒီဇိုင္းဘာသာရပ္ကိုစိတ္ဝင္စားတဲ့ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ Creative Talent Scholarship ကိုရရွိပါက Bachelor of Arts (Hons) Degree အတြက္ (၃) ႏွစ္စာေက်ာင္းလခထိုင္းဘတ္ (၁၃၅,၀၀၀) ထဲမွ (၅၀%) သက္သာမွာျဖစ္ပါတယ္။

စီးပြားေရးဆိုင္ရာ Bachelor Degree ကို (၂) ႏွစ္ခဲြတက္ေရာက္၍ရယူႏိုင္ၿပီး Creative Talent Scholarship ရရွိသြားပါက (၂) ႏွစ္ခဲြအတြက္ ေက်ာင္းလခ ထိုင္းဘတ္ (၈၂,၅၀၀) ထဲမွ (၅၀%) သက္သာမွာျဖစ္ပါတယ္။ စီးပြားေရးဘဲြ႔လြန္တက္ခ်င္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ Master of Business Administration ဘာသာရပ္အတြက္ (၁၀၀%) ပညာသင္ဆုေတြကိုရယူေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။ Design ဘာသာရပ္မ်ားတြင္ Internship မ်ားပါဝင္တဲ့အတြက္ အလုပ္ရရွိရန္အခြင့္အလမ္းမ်ားစြာရရွိမွာျဖစ္ပါတယ္။

ဘာသာရပ္ေတြအေနနဲ႔ Fashion Design, Interior Design, Multimedia Design, Animation, Games Design, Product Design, Jewellery Design တို႔ကိုတက္ေရာက္ႏိုင္ၿပီး ဘဲြ႔ဒီဂရီရယူႏိုင္မွာျဖစ္ပါတယ္။ တက္ေရာက္ႏိုင္တဲ့ Program ေတြကေတာ့ Foundation Diploma, Advanced Diploma, Bachelor Degree ႏွင့္ Master Degree တို႔ျဖစ္ပါတယ္။ ဘဲြ႔ဒီဂရီရရွိႏိုင္ရန္အတြက္ (၃) ႏွစ္တက္ေရာက္ရမည္ျဖစ္ၿပီး Northumbria University, UK မွေပးအပ္သည့္ဘဲြ႔ကိုရရွိမွာျဖစ္ပါတယ္။ Fashion Communication & Journalism, Fashion Marketing & Management, Retail Management, Management, Marketing, Finance, Hospitality, Tourism, Applied Psychology, Entrepreneurship & Small Business Operation အစရွိတဲ့ဘာသာရပ္ေတြကိုလည္းတက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ 

အဂၤလိပ္စာဝင္ခြင့္လိုအပ္ခ်က္အေနျဖင့္ IELTS (5.5) ရရွိရန္ လိုအပ္မွာျဖစ္ၿပီး ေလွ်ာက္ထားလုိသူေတြအေနနဲ႔ STUDY ABROAD Information Centre ရန္ကုန္ၿမိဳ႕၊ ဖုန္း - ၀၉-၅၁၅၁၀၀၈၊ ၀၉-၇၃၂၄၂၄၀၄ ႏွင့္ မႏၱေလးရံုး ဖုန္း - ၀၉-၄၂၀၀၉၉၉၉၇ ကိုဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

 

Read More >> Australian National University ၏ပညာသင္ဆုကို ၾသစေၾတးလ်ေဒၚလာ (၅၀,၀၀၀) အထိေလွ်ာက္ထားႏိုင္

Source: Internet Journal

 

**Unicode**

Raffles International College Bangkok ကျောင်းမှ ဒီဇိုင်းဘာသာရပ်နှင့် စီးပွားရေးဘာသာရပ်များကိုစိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လာမယ့် (၂၀၂၀) ကျောင်းဖွင့်ချိန်အတွက် Marit Scholarship, Post Graduate Scholarship, Creative Talent Scholarship တွေကိုပေးအပ်သွားမှာဖြစ်ပါတယ်။

Creative Talent Scholarship မှာ (၅၀%) ပညာသင်ဆုဖြစ်ပြီး ဒီဇိုင်းဘာသာရပ်ကိုစိတ်ဝင်စားတဲ့ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Creative Talent Scholarship ကိုရရှိပါက Bachelor of Arts (Hons) Degree အတွက် (၃) နှစ်စာကျောင်းလခထိုင်းဘတ် (၁၃၅,၀၀၀) ထဲမှ (၅၀%) သက်သာမှာဖြစ်ပါတယ်။

စီးပွားရေးဆိုင်ရာ Bachelor Degree ကို (၂) နှစ်ခွဲတက်ရောက်၍ရယူနိုင်ပြီး Creative Talent Scholarship ရရှိသွားပါက (၂) နှစ်ခွဲအတွက် ကျောင်းလခ ထိုင်းဘတ် (၈၂,၅၀၀) ထဲမှ (၅၀%) သက်သာမှာဖြစ်ပါတယ်။ စီးပွားရေးဘွဲ့လွန်တက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် Master of Business Administration ဘာသာရပ်အတွက် (၁၀၀%) ပညာသင်ဆုတွေကိုရယူလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ Design ဘာသာရပ်များတွင် Internship များပါဝင်တဲ့အတွက် အလုပ်ရရှိရန်အခွင့်အလမ်းများစွာရရှိမှာဖြစ်ပါတယ်။

ဘာသာရပ်တွေအနေနဲ့ Fashion Design, Interior Design, Multimedia Design, Animation, Games Design, Product Design, Jewellery Design တို့ကိုတက်ရောက်နိုင်ပြီး ဘွဲ့ဒီဂရီရယူနိုင်မှာဖြစ်ပါတယ်။ တက်ရောက်နိုင်တဲ့ Program တွေကတော့ Foundation Diploma, Advanced Diploma, Bachelor Degree နှင့် Master Degree တို့ဖြစ်ပါတယ်။ ဘွဲ့ဒီဂရီရရှိနိုင်ရန်အတွက် (၃) နှစ်တက်ရောက်ရမည်ဖြစ်ပြီး Northumbria University, UK မှပေးအပ်သည့်ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။ Fashion Communication & Journalism, Fashion Marketing & Management, Retail Management, Management, Marketing, Finance, Hospitality, Tourism, Applied Psychology, Entrepreneurship & Small Business Operation အစရှိတဲ့ဘာသာရပ်တွေကိုလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။ 

အင်္ဂလိပ်စာဝင်ခွင့်လိုအပ်ချက်အနေဖြင့် IELTS (5.5) ရရှိရန် လိုအပ်မှာဖြစ်ပြီး လျှောက်ထားလိုသူတွေအနေနဲ့ STUDY ABROAD Information Centre ရန်ကုန်မြို့၊ ဖုန်း - ၀၉-၅၁၅၁၀၀၈၊ ၀၉-၇၃၂၄၂၄၀၄ နှင့် မန္တလေးရုံး ဖုန်း - ၀၉-၄၂၀၀၉၉၉၉၇ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

Read More >> Australian National University ၏ပညာသင်ဆုကို သြစတြေးလျဒေါ်လာ (၅၀,၀၀၀) အထိလျှောက်ထားနိုင်

Source: Internet Journal

International Latest Post News Read 1397 times