Sales Hotline : 09448001653       Download App



မဟာအင်ဂျင်နီယာဘွဲ့နှင့် မဟာဗိသုကာဘွဲ့သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း

**Zawgyi**



မြို့ပြအင်ဂျင်နီယာ၊ ဗိသုကာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ မက္ကာထရောနစ်အင်ဂျင်နီယာ၊ သုတနည်းပညာ၊ ဓာတုအင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ သင်တန်းများအတွက် ခေါ်ယူတာဖြစ်ပြီး အချိန်ပြည့်သင်တန်းများဖြစ်ပါတယ်။











Read More:>>> Fair & Lovely မှ အမှတ် (၃၀၀) နှင့်အထက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ပညာသင်ဆုပေးအပ်မည်
Source: Internet

**Unicode**

နည်းပညာတက္ကသိုလ် (သန်လျင်) မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မဟာအင်ဂျင်နီယာဘွဲ့နှင့် မဟာဗိသုကာဘွဲ့သင်တန်းသားခေါ်ယူနေပါတယ်။


မြို့ပြအင်ဂျင်နီယာ၊ ဗိသုကာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ မက္ကာထရောနစ်အင်ဂျင်နီယာ၊ သုတနည်းပညာ၊ ဓာတုအင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ သင်တန်းများအတွက် ခေါ်ယူတာဖြစ်ပြီး အချျိန်ပြည့်သင်တန်းများဖြစ်ပါတယ်။
သင်တန်းကာလမှာ မဟာဘွဲ့ကြိုတန်းအတွက် (၁) နှစ်နှင့် သုတေသနကျမ်းပြုသင်တန်း (၁) နှစ်စုစုပေါင်း (၂)   ဖြစ်ပါတယ်။


တက်ရောက်လိုသူတွေအနေဖြင့် သက်ဆိုင်ရာအဓိက ဘာသာရပ်နှင့်အင်ဂျင်နီယာဘွဲ့နှင့်ဗိသုကာဘွဲ့ရရှိပြီးသူတွေဖြစ်ရမှာဖြစ်ပါတယ်။
ဝင်ခွင့်ဖြေဆိုခွင့်လျှောက်လွှာတွေကို နည်းပညာတက္ကသိုလ် (သန်လျင်) မှာ အောက်တိုဘာ (၃၀) ရက်မှ နိုဝင်ဘာ (၁၉) ရက်နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပါတယ်။


ဝင်ခွင့်စာမေးပွဲကို နိုဝင်ဘာ (၂၅) ရက်မှာ အင်္ဂလိပ်စာကို လည်းကောင်း၊ နိုဝင်ဘာ (၂၆) ရက်မှာသက်ဆိုင်ရာ ဘာသာရပ်ကိုလည်းကောင်း နံနက် (၉) နာရီမှ (၁၂) နာရီအထိဖြေဆိုရမှာဖြစ်ပါတယ်။


တက်ရောက်ခွင့်ရရှိသူတွေကို နိုဝင်ဘာ (၃၀) ရက်မှာ ထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ်။

Read More:>>> Fair & Lovely မှ အမှတ် (၃၀၀) နှင့်အထက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ပညာသင်ဆုပေးအပ်မည်
Source: Internet

News Latest Post Read 495 times