Sales Hotline : 09448001653       Download App



အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပေး 

 

ဟိုချီမင်း မြိုတော် နှင့်တောင်ပိုင်းပြည်နယ်များရှိ အထက်တန်းကျောင်း ၁၀၀ ခန့်မှ နောက်ဆုံးနှစ်ကျောင်းသားများအတွက် အသက်မွးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများနှင့် ပတ်သက်၍ ပရော်ဖက်ရှင်နယ် ပညာရှင်များနှင့် အကြံပေးဆွေးနွေးမှုများ ရယူနိုင်ရန် အတွက် အစီအစဉ်တစ်ခုကို HCMC ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဌာန၊ တောင်ပိုင်းဒေသရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ နှင့် Giao Duc ပညာရေး သတင်းစာ တို့မှ ပူးပေါင်းဆောင်ရွက် ပြုလုပ်ပေးခဲ့ကြပါသည်။

ထိုအစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ကျောင်းသားများသည် ဆက်လက်သင်ကြားမှုနှင့် ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်းအတွက် ရွေးချယ်စရာ အခွင့်အရေးကောင်းများစွာ ပေါ်ပေါက်လာစေရန် ကူညီပံ့ပိုးပေးလိုခြင်း ဖြစ်ပြီး ကျောင်းသား တစ်ဦးချင်းစီ၏ ကိုယ်ပိုင်စွမ်းရည်၊ ကိုယ်ပိုင်စိတ်ဝင်စားမှု နှင့် ၎င်းတို့ မိသားစု စီးပွားရေး ပေါ်မူတည်၍ အကောာင်းဆုံး ‌ရွေးချယ်နိုင်ရန် ဖြစ်ပါသည်။

အကြံပေးပုဂ္ဂိုလ်များအနေဖြင့် လက်ရှိ တိုင်းပြည်တွင်းရှိ အလုပ်အကိုင်နှင့် ဖြစ်ပေါ်နေသည့် အထွေထွေ ကိစ္စရပ်များကို ပြောပြပေးမည့် အပြင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုနှင့်အနာဂတ်အလုပ်သမားစျေးကွက်ကို ခန့်မှန်းကာ တိုင်ပင် ဆွေးနွေးပေးမည် ဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်နံနက်တွင် အစီအစဉ် ဆောင်ရွက်သူများသည် Binh Thanh ခရိုင်အတွင်းရှိ Tran Van Giau အထက်တန်းကျောင်းတွင် “အနာဂတ်အလုပ်အကိုင်များရွေးချယ်ရန်ကူညီခြင်း” ခေါင်းစဉ်ဖြင့် ၁၃ ကြိမ်မြောက် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲမှ ဆွေးနွေးညှိနှိုင်းမှုများ၊ မေးခွန်းများနှင့် အဖြေများက ကျောင်းသားများအား သူတို့၏အနာဂတ်အလုပ်အကိုင်နှင့် ပတ်သက်၍ မှန်ကန်သော သင်ယူမှုအစီအစဉ်ရှိနိုင်မည့် အကူအညီ ရနိုင်မည်ဟု မျှော်လင့် ကြောင်းကို လည်း ဖော်ပြထားပါသည်။

ယခုနှစ်အတွက် ဆွေးနွေးပွဲများကို ဟိုချီမင်းမြို့တော်ရှိ အထက်တန်းကျောင်းပေါင်း ၁၀၀ နှင့် တောင်ပိုင်းပြည်နယ်များ ဖြစ်သည့် Vung Tau၊ Dong Nai၊ Binh Duong၊ Tay Ninh, Long An, Dong Thap, Ben Tre၊ Highland ပြည်နယ် ၏Dak Lak နှင့် အလယ်ပိုင်းပြည်နယ် ဖြစ်သည့် Binh Thuanတို့ ရှိ ကျောင်းပေါင်း ၃၀၀ ကျော်တွင် ပြုလုပ်သွားရန် ရည်ရွယ် ထားပါသည်။

အခမ်းအနားတွင် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Nguyen Van Hieu မှ ကျောင်းသူကျောင်းသားများ၏ စွမ်းရည်နှင့်အကျိုးစီးပွားများအတွက် သင့်လျော်သော သတင်းအချက်အလက်နှင့် အကြံဥာဏ်များပေးရန်၊ ကျောင်းသားများသည် ၎င်းတို့၏အနာဂတ်ကျောင်းများနှင့် အလုပ်အကိုင်များအတွက် ကောင်းမွန်သောဆုံးဖြတ်ချက်ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကျင်းပသည့် အစီအစဉ် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အထက်တန်း နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးဖြစ်သည့် Mai Nguyen Hong Hanh မှ "အဘယ်ကြောင့် “ထင်ရှားသော” မေဂျာများ ဖြင့် ဘွဲ့ရထားသော ကျောင်းဆင်းများက ပို၍ အလုပ်လက်မဲ့ ဖြစ်လာရသနည်း" ဟု မေးမြန်းခဲ့ရာ စီးပွားရေးနှင့် ဘဏ္ဍာရေး တက္ကသိုလ်၏ ဝင်ခွင့် နှင့် စာနယ်ဇင်းဌာန မှ ဆရာ ဖြစ်သူ Pham Doan Nguyen သည် “ အလုပ်သမားစျေးကွက် ထဲတွင် “ထင်ရှားသော” အလုပ်ဆိုပြီး သတ်မှတ်ထားတဲ့ စည်းကမ်းမရှိပါဘူး။ ဒါပေမဲ့ အလုပ်တိုင်းမှာ ထင်ရှားတဲ့ သူတွေ ရှိတယ်” ဟု ပြန်လည် ဖြေကြားထားခဲ့ပါသည်။

ထို့ကြောင့် စီးပွားရေးစီမံခန့်ခွဲမှု လေ့လာနေသူများသည် ဒါရိုက်တာ သို့မဟုတ် မန်နေဂျာများဖြစ်လာလိမ့်မည်ဟု ကျောင်းသားများ အနေဖြင့် ပုံသေ မသတ်မှတ်သင့်ပေ။

အလားတူစွာအိုင်တီပညာရပ်မှ ဘွဲ့ရများသည် IT နယ်ပယ်တွင် အလုပ်လုပ်ကိုင်ကြသော်လည်းအိုင်တီနှင့်သက်ဆိုင်သောကုန်ပစ္စည်းများအတွက် အရောင်းသမားများ ဖြစ်လာနိုင်ပါသည်။

မြို့တော်ပရော်ဖက်ရှင်နယ်အသင်းအဖွဲ့၏ဒုတိယဥက္ကဋ္ဌ Tran Anh Tuan လာမယ့် ၂၀၂၀-၂၀၃၀ ကာလအတွင်း အလုပ်သမားလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်း မှာ နည်းပညာ ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ဥပဒေ နှင့် အုပ်ချုပ်ရေး အစရှိသည့် နယ်ပယ်များမှ ဖြစ်သည်ဟု ခန့်မှန်းပြောဆိုထားပါသည်။

By Myanmar Education Guide - EDGE 

Ref: SaiGon 

Latest Post News News Read 335 times