Sales Hotline : 09448001653       Download App



ရီယိုဒီဂျနေရိုမြို့တွင် ကျောင်းများ ပြန်လည် ဖွင့်ခွင့်ပြုရန် ဆန္ဒပြ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ရှိ ပုဂ္ဂလိကကျောင်းမှ ဆရာများမှာ ကျောင်းများ ပြန်လည် ဖွင့်ခွင့်ပြုရန်အတွက်စက်တင်ဘာ ၁၃ ရက်တွင် ဆန္ဒပြခဲ့ကြပါသည်။

တောင်အမေရိကနိုင်ငံ ဘရာဇီးတွင်ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လူပေါင်း ၁၃၀၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါသည်။

ဘရာဇီးသည် အမေရိကန်နဲ့ အိန္ဒိယပြီး‌နောက် ကမ္ဘာ့တတိယမြောက် ကူးစက်ခံရနှုန်းအမြင့်ဆုံးနှင့် ကူးစက်ခံရပြီးသေဆုံးမှု အမြင့်ဆုံးနိုင်ငံဖြစ်ပါသည်။

ထို့အပြင် ကျောင်းသားများသည် စာသင်ခန်းတွေဆီသို့ ပြန်လာနိုင်ရန် တောင်းဆိုနေကြပါသည်။

ထိုဆန္ဒပြပွဲတွင် ဒါဇင်နဲ့ချီသည့် ဆရာများက ကိုပါကာဘာနာ ကမ်းခြေနားက လမ်းတွေကို ပိတ်ဆို့ ထားကာ လက်ကိုင်ဆိုင်းဘုတ်များ ကိုင်စွဲပြီး လူချင်းတွေ့ရမည့် စာသင်ခန်းများ ပြန်ဖွင့်နိုင်ရန် တောင်းဆိုခဲ့ကြပါသည်။

ဘရာဇီးနိုင်ငံသည် မတ်လမှစ၍ ကူးစက်မှုတိုးလာသည့် အတွက် ကျောင်များ၊ တက္ကသိုလ်များကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်တွင် ပြည်နယ်တွေနဲ့ စည်ပင်ဧရိယာ အတော်များများမှာ စာသင်ခန်းများ ပြန်ဖွင့်ရေးအစီအစဉ်တွေကို တဖြည်းဖြည်း ကြေညာလာခဲ့ကြကြောင်းသိရပါသည်။

အမေဇိုးနပ်စ်ပြည်နယ်၏ မြို့တော် မာနောက်စ်သည် ပုဂ္ဂလိက ပညာရေးကွန်ရက်တွေ အတွင်း စာသင်ခန်းတွေ ပြန်ဖွင့်ဖို့ တရားဝင်ခွင့်ပြုတဲ့ ပထမဆုံးမြို့တော် ဖြစ်လာပါတယ်။

By Myanmar Education Guide - EDGE

Source: DVB News

Latest Post News Read 354 times