Sales Hotline : 09448001653       Download App



ကျောက်မျက်ရတနာသက်မွေးသင်တန်းကျောင်းအတွက်သင်ရိုးညွှန်းတမ်းရေးဆွဲရန်အဆိုပြုလွှာများဖိတ်ခေါ်

နေပြည်တော်၊ ရွေကြာပင်တွင် ဖွင့်လှစ်ထားသည့် ကျောက်မျက်ရတနာ သင်တန်းကျောင်းအတွက် ပညာရေးဝန်ကြီးဌာန၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ (National Curriculum Committee) အသိအမှတ်ပြု Competency Based Curriculum သင်ရိုးညွှန်းတမ်းကို ရေးဆွဲလိုသည့်အတွက် Consulting Service Firm/Company များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးကို အဆိုပြုလွှာတင်သွင်းရန် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ အသင်းချုပ်က ဖိတ်ခေါ်ထားပါသည်။

အဆိုပါ သင်ရိုးညွှန်းတမ်းများတွင် ကျောက်စိမ်းကျွမ်းကျင်မှု ဘာသာရပ်သင်ရိုးညွှန်းတမ်း၊ ကျောက်မျက်ကျွမ်းကျင်မှု ဘာသာရပ်သင်ရိုးညွှန်းတမ်း၊ ကျောက်မျက်ပန်းချီကျွမ်းကျင်မှု ဘာသာရပ် သင်ရိုးညွှန်းတမ်း၊ ပန်းထိမ်ကျွမ်းကျင်မှု ဘာသာရပ်သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရမှာ ဖြစ်ပါသည်။

စက်တင်ဘာ ၁၈ ရက် သောကြာနေ့ ညနေ ၅ နာရီ နောက်ဆုံးထားကာ အဆိုပြုလွှာကို တင်သွင်းရမှာ ဖြစ်ပါတယ်။ 
အသေးစိတ်သိရှိလိုပါက-

ဦးမျိုးနိုင်၊ ဒုတိယကျောင်းအုပ်ကြီး 
ဖုန်း-၀၉၄၀၀၀၁၆၇၄၁၊ 
ဖက်စ်-၀၆၇-၈၁၀၂၀၄၇ 
[email protected] သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
Source: Internet Journal

Latest Post News Tips Read 1062 times