Sales Hotline : 09448001653       Download App



ပုဂ္ဂလိကကျောင်း၊ မူကြိုနှင့် ဘကကျောင်းများ ညွှန်ကြားချက်ရှိမှ ပြန်ဖွင့်ရမည်

** Unicode **

ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် မူကြိုကျောင်းများအနေဖြင့် အစိုးရက ညွှန်ကြားမှသာ ပြန်ဖွင့်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်

COVID-19 ကူးစက်မှု ကာကွယ်ရန် အစိုးရနှင့် ပုဂ္ဂလိကကျောင်း၊ သင်တန်းများ ပိတ်ထားရန် နိုင်ငံတော်သမ္မတရုံးက  မတ်လ (၁၅) ရက်က ညွှန်ကြားခဲ့ပြီး  ထိုညွှန်ကြားချက်ကို COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  အမျိုးသားအဆင့် ဗဟိုကော်မတီ က မေလကုန်အထိ သက်တမ်း  တိုးမြှင့်ထားပါတယ်။

ပညာရေးဝန်ကြီးဌာန၏  အခြေခံပညာ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ပုဂ္ဂလိကကိုယ် ပိုင် အထက်တန်း၊ အလယ်တန်း၊  မူလတန်းကျောင်းများသည် အစိုးရကျောင်းများနည်းတူ နှစ်စဉ် ဇွန်လပထမပတ်ထက် နောက်မကျဘဲ ဖွင့်လေ့ရှိသော်လည်း  ယခုနှစ်တွင် COVID-19 ကြောင့်  ထိုကျောင်းများကိုလည်း ဖွင့်ခွင့်မပြုသေးကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်က ပြောကြားပါတယ်။

ပုဂ္ဂလိကကျောင်းများ ဖွင့်နိုင်မည့်အချိန်ကို အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားမည်ဖြစ်ပြီး မူကြိုကျောင်းများ၊ နိုင်ငံတကာ ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်ရမည့်အချိန်ကိုလည်း သက်ဆိုင်ရာ အစိုးရဌာနက ညွှန်ကြားမည်ဖြစ်ကြောင်း ဒေါက်တာတင်မောင် ဝင်းက ဆိုပါတယ်။

 ‘‘ပုဂ္ဂလိကကျောင်းရော၊ ဘကကျောင်းရော၊ အစိုးရ ကျောင်းရော မည်သည့်ကျောင်း မဆို ဒီဘက်ကနေ ဖွင့်လို့ရပါပြီဆိုမှ ဖွင့်ရမှာဖြစ်ပါတယ်။ COVID-19 ရောဂါပေါ် မူတည်ပြီး ညွှန်ကြားချက်တွေ လိုက်နာပြီး ဒါကို ဆောင်ရွက်မှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

အစိုးရက အခြေခံပညာ ကျောင်းများကို အစောဆုံး ဇူလိုင်လအတွင်း ဖွင့်ရန်စီစဉ်နေပြီး တက္ကသိုလ်၊ ကောလိပ်၊ မူကြိုနှင့်  ပုဂ္ဂလိက နိုင်ငံတကာကျောင်းများ ပြန်ဖွင့်ခြင်းနှင့်ပတ်သက်ပြီး ဆောင်ရွက်မှု မရှိသေးကြောင်းလည်းသိရပါတယ်။

Secondary (34) အလယ်တန်းကျောင်းများနှင့် ပတ်သက်ပြီး (၃၄) ခု ရှာရန်နှိပ်ပါ။

ပြည်တွင်းရှိ ပုဂ္ဂလိကနိုင်ငံတကာကျောင်းများက နှစ်စဉ် ဧပြီ တစ်လသာ ကျောင်းပိတ်လေ့ရှိ သော်လည်း ယခုနှစ်တွင် မတ်လ လယ်ကတည်းက ကျောင်းပိတ် ထားရပါတယ်။

မေလဆန်းမှစကာ ပြည်တွင်းပုဂ္ဂလိက နိုင်ငံတကာ ကျောင်းအများစုက အွန်လိုင်း သင်တန်းများ ဖွင့်လှစ်သင်ကြား နေလျက်ရှိပါတယ်။

Credit: 7Day News

 

** Zawgyi **

ပုဂၢလိကေက်ာင္း၊ ဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္းမ်ားႏွင့္ မူႀကိဳေက်ာင္းမ်ားအေနျဖင့္ အစိုးရက ၫႊန္ၾကားမွသာ ျပန္ဖြင့္ရမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္

COVID-19 ကူးစက္မႈ ကာကြယ္ရန္ အစိုးရႏွင့္ ပုဂၢလိကေက်ာင္း၊ သင္တန္းမ်ား ပိတ္ထားရန္ ႏိုင္ငံေတာ္သမၼတ႐ုံးက  မတ္လ (၁၅) ရက္က ၫႊန္ၾကားခဲ့ၿပီး  ထိုၫႊန္ၾကားခ်က္ကို COVID-19  ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး  အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ က ေမလကုန္အထိ သက္တမ္း  တိုးျမႇင့္ထားပါတယ္။

ပညာေရးဝန္ႀကီးဌာန၏  အေျခခံပညာ သင္႐ိုးၫႊန္းတမ္းျဖင့္ သင္ၾကားသည့္ ပုဂၢလိကကိုယ္ ပိုင္ အထက္တန္း၊ အလယ္တန္း၊  မူလတန္းေက်ာင္းမ်ားသည္ အစိုးရေက်ာင္းမ်ားနည္းတူ ႏွစ္စဥ္ ဇြန္လပထမပတ္ထက္ ေနာက္မက်ဘဲ ဖြင့္ေလ့ရွိေသာ္လည္း  ယခုႏွစ္တြင္ COVID-19 ေၾကာင့္  ထိုေက်ာင္းမ်ားကိုလည္း ဖြင့္ခြင့္မျပဳေသးေၾကာင္း အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရး မႉးခ်ဳပ္က ေျပာၾကားပါတယ္။

ပုဂၢလိကေက်ာင္းမ်ား ဖြင့္ႏိုင္မည့္အခ်ိန္ကို အေျခခံပညာ ဦးစီးဌာနက ၫႊန္ၾကားမည္ျဖစ္ၿပီး မူႀကိဳေက်ာင္းမ်ား၊ ႏိုင္ငံတကာ ေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ား ဖြင့္လွစ္ရမည့္အခ်ိန္ကိုလည္း သက္ဆိုင္ရာ အစိုးရဌာနက ၫႊန္ၾကားမည္ျဖစ္ေၾကာင္း ေဒါက္တာတင္ေမာင္ ဝင္းက ဆိုပါတယ္။

 ‘‘ပုဂၢလိကေက်ာင္းေရာ၊ ဘကေက်ာင္းေရာ၊ အစိုးရ ေက်ာင္းေရာ မည္သည့္ေက်ာင္း မဆို ဒီဘက္ကေန ဖြင့္လို႔ရပါၿပီဆိုမွ ဖြင့္ရမွာျဖစ္ပါတယ္။ COVID-19 ေရာဂါေပၚ မူတည္ၿပီး ၫႊန္ၾကားခ်က္ေတြ လိုက္နာၿပီး ဒါကို ေဆာင္႐ြက္မွာ ျဖစ္ပါတယ္’’ ဟု ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

အစိုးရက အေျခခံပညာ ေက်ာင္းမ်ားကို အေစာဆုံး ဇူလိုင္လအတြင္း ဖြင့္ရန္စီစဥ္ေနၿပီး တကၠသိုလ္၊ ေကာလိပ္၊ မူႀကိဳႏွင့္  ပုဂၢလိက ႏိုင္ငံတကာေက်ာင္းမ်ား ျပန္ဖြင့္ျခင္းႏွင့္ပတ္သက္ၿပီး ေဆာင္႐ြက္မႈ မရွိေသးေၾကာင္းလည္းသိရပါတယ္။

Secondary (34) အလယ္္တန္းေက်ာင္းမ်ားႏွင့္ ပတ္သက္ျပီး (၃၄) ခု ရွာရန္ႏွိပ္ပါ။

ျပည္တြင္းရွိ ပုဂၢလိကႏိုင္ငံတကာေက်ာင္းမ်ားက ႏွစ္စဥ္ ဧၿပီ တစ္လသာ ေက်ာင္းပိတ္ေလ့ရွိ ေသာ္လည္း ယခုႏွစ္တြင္ မတ္လ လယ္ကတည္းက ေက်ာင္းပိတ္ ထားရပါတယ္။

ေမလဆန္းမွစကာ ျပည္တြင္းပုဂၢလိက ႏိုင္ငံတကာ ေက်ာင္းအမ်ားစုက အြန္လိုင္း သင္တန္းမ်ား ဖြင့္လွစ္သင္ၾကား ေနလ်က္ရွိပါတယ္။

Credit: 7Day News

News News News Latest Post News Read 17653 times