Sales Hotline : 09448001653       Download App



ဘွဲ့လွန်ပညာရေးဒီပလိုမာ (၁) နှစ်သင်တန်းများဖွင့်လှစ်နိုင်ရန် ဆောင်ရွက်

** Unicode **

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အချို့တွင် ပညာရေးဌာနများဖွင့်လှစ်၍ ဘွဲ့လွန်ပညာရေးဒီပလိုမာ (၁) နှစ်သင်တန်းများဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ (၆) လတာကာလ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုကို ပြန်လည်ရှင်းပြခဲ့ခြင်းဖြစ်ပါတယ်။

အခြေခံပညာဆရာများ အရည်အသွေးတိုးတက်ရေးနှင့် အရည်အချင်းပြည့်မီရေးအတွက် လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးက ဆွေးနွေးခဲ့ပြီး ဖြစ်နိုင်ခြေရှိသော ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များတွင် ပညာရေးဌာန (သို့) အလားတူဌာန ဖွင့်လှစ်ကာ ဘွဲ့ရပြီးသူများ ဆက်လက်တက်ရောက်နိုင်သည့် (၁) နှစ်ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း (သို့) အလားတူ အစီအစဉ်များ တိုးချဲ့ဖွင့်လှစ်ရန် ဆေးနွေးခဲ့မူအပေါ်ရှင်းလင်းခဲ့ပါတယ်။

Human Resources (98) လူ႔စြမ္းအားအရင္းအျမစ္ ႏွင့္ပက္သက္ျပီး သင္တန္း (၉၈) ခု ရွာရန္ႏွိပ္ပါ။

လက်ရှိတွင် အခြေခံပညာကဏ္ဍအတွက် ဆရာ/ဆရာမများမွေးထုတ်ပေးနေသည့် အခြေအနေသာရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများကို ပညာရေးတက္ကသိုလ်၊ ကောလိပ်များသို့ တက်ရောက်စေပြီး ပညာရေးဘွဲ့နှင့် ပညာရေးဒီပလိုမာ အပ်နှင်းသည့် အစီအစဉ်နှင့် ပြင်ပဘွဲ့ရများကို လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ ဒီပလိုမာ (၁) နှစ်သင်တန်းတက်ရောက်စေသည့် အစီအစဉ်တို့ဖြစ်ပါတယ်။

Read More:>>>  ဧၿပီလေက်ာင္းဖြင့္ခ်ိန္အမီ ေလ်ွာက္ထားနိုင္မည့္ ဘြဲ႔သင္တန္းမ်ား

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၄၀) ကျော်နှင့် ပညာရေးတက္ကသိုလ် (၂) ခု၊ ပညာရေးကောလိပ် (၂၅) ခုရှိနေပါတယ်။

Credit: The Voice
 

** Zawgyi **

ဝိဇၨာသိပၸံတကၠသုိလ္အခ်ိဳ႕တြင္ ပညာေရးဌာနမ်ားဖြင့္လွစ္၍ ဘြဲ႔လြန္ပညာေရးဒီပလိုမာ (၁) ႏွစ္သင္တန္းမ်ားဖြင့္လွစ္ႏိုင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

ေဖေဖာ္ဝါရီလ (၁၉) ရက္ေန႔တြင္ ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ အမ်ိဳးသားပညာေရးမူဝါဒ ေကာ္မရွင္၏ (၆) လတာကာလ လုပ္ငန္းေဆာင္ရြက္မႈအစီရင္ခံစာႏွင့္စပ္လ်ဥ္း၍ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြးမႈကို ျပန္လည္ရွင္းျပခဲ့ျခင္းျဖစ္ပါတယ္။

အေျခခံပညာဆရာမ်ား အရည္အေသြးတိုးတက္ေရးႏွင့္ အရည္အခ်င္းျပည့္မီေရးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ (၁၅) ဦးက ေဆြးေႏြးခဲ့ၿပီး ျဖစ္ႏိုင္ေျခရွိေသာ ဝိဇၨာ/သိပၸံ တကၠသုိလ္မ်ားတြင္ ပညာေရးဌာန (သို႔) အလားတူဌာန ဖြင့္လွစ္ကာ ဘြဲ႔ရၿပီးသူမ်ား ဆက္လက္တက္ေရာက္ႏိုင္သည့္ (၁) ႏွစ္ဘြဲ႔လြန္ပညာေရးဒီပလိုမာသင္တန္း (သို႔) အလားတူ အစီအစဥ္မ်ား တိုးခ်ဲ႔ဖြင့္လွစ္ရန္ ေဆးေႏြးခဲ့မူအေပၚရွင္းလင္းခဲ့ပါတယ္။

Human Resources (98) လူ႔စြမ္းအားအရင္းအျမစ္ ႏွင့္ပက္သက္ျပီး သင္တန္း (၉၈) ခု ရွာရန္ႏွိပ္ပါ။

လက္ရွိတြင္ အေျခခံပညာက႑အတြက္ ဆရာ/ဆရာမမ်ားေမြးထုတ္ေပးေနသည့္ အေျခအေနသာရွိၿပီး တကၠသုိလ္ဝင္စာေမးပြဲေအာင္ျမင္သူမ်ားကို ပညာေရးတကၠသုိလ္၊ ေကာလိပ္မ်ားသို႔ တက္ေရာက္ေစၿပီး ပညာေရးဘြဲ႔ႏွင့္ ပညာေရးဒီပလိုမာ အပ္ႏွင္းသည့္ အစီအစဥ္ႏွင့္ ျပင္ပဘြဲ႔ရမ်ားကို လုပ္ငန္းခြင္အႀကိဳမူလတန္းဆရာအတတ္ပညာ ဒီပလိုမာ (၁) ႏွစ္သင္တန္းတက္ေရာက္ေစသည့္ အစီအစဥ္တို႔ျဖစ္ပါတယ္။

Read More:>>>  ဧၿပီလေက်ာင္းဖြင့္ခ်ိန္အမီ ေလ်ွာက္ထားနိုင္မည့္ ဘြဲ႔သင္တန္းမ်ား

တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ဝိဇၨာ/သိပၸံတကၠသုိလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္ (၄၀) ေက်ာ္ႏွင့္ ပညာေရးတကၠသုိလ္ (၂) ခု၊ ပညာေရးေကာလိပ္ (၂၅) ခုရွိေနပါတယ္။

Credit: The Voice
 

News Tips Latest Post Read 2446 times