ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒဿနပညာဘွဲ့လွန်ဒီပလိုမာသင်တန်း

ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒဿနပညာဘွဲ့လွန်ဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့အထိ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

သင်တန်းအား (၈) လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Post Graduate Diploma in Applied Philosophy (PGDAPhil) ကို ရရှိပါမည်။

အဆိုပါသင်တန်းကို အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ တက်ရောက်နိုင်ပြီး လျှောက်လွှာကို အမရဆောင် AA-104၊ ရန်ကုန်တက္ကသိုလ်တွင် လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်သည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက်နေ့တွင် သင်တန်းဝင်ခွင့်အတွက် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး ဒီဇင်ဘာ (၁) ရက်နေ့တွင် သင်တန်းစတင်ဖွင့်လှစ်ပါမည်။

သင်တန်းကို အပတ်စဉ် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရပါမည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဒဿနိကဗေဒဌာနရုံးခန်း၊ ရန်ကုန်တက္ကသိုလ်သို့ သွားရောက်၍ ဖြစ်စေ၊ ဖုန်းနံပါတ် (၀၉-၉၅၃၃၉၃၀၁၀) သို့ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်သည်။

===================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 2090 times