Sales Hotline : 09448001653       Download App



အခြေခံကျောင်းများတွင် ကျောင်းအပ်နှံရာတွင် သိရှိရမည့်အချက်များ

အခြေခံကျောင်းများတွင် ကျောင်းအပ်နှံရာတွင် သိရှိရမည့်အချက်များ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်များနှင့် အခမဲ့ထောက်ပံ့မှုများကို သိရှိစေရန် အလို့ငှာ အောက်တွင် ဖော်ပြလိုက်သည်။

သူငယ်တန်း (KG) တန်းအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံတန်ဖိုးမှာ (၁၄၁၇)ကျပ် (၇၅)ပြား ဖြစ်ပြီး ပါရှိသည့် ပြဋ္ဌာန်းစာအုပ်များမှာ သင်္ချာအခြေခံ၊ ပုံဆွဲခြင်းနှင့်ဆေးခြယ်ခြင်း၊ သင်ယူမှုရလဒ်မှတ်တမ်းနှင့် ဗျည်းအက္ခရာ၊ ကိန်းဂဏန်းတွေ အရေးကျင့်ကြမယ်တို့ ဖြစ်ပါသည်။

ပထမတန်း (Grade-1) သင်ရိုးသစ်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံတန်ဖိုးမှာ (၃၆၂၈)ကျပ် (၂၀)ပြား၊ ဒုတိယတန်း (Grade-2) သင်ရိုးသစ်အတွက် (၃၂၇၉)ကျပ် (၆၈)ပြား၊ တတိယတန်း (Grade-3) သင်ရိုးသစ်အတွက် (၂၉၈၉)ကျပ် (၈၀)ပြား တို့ဖြစ်ပါသည်။ ၄င်းတို့၏ ဗလာစာအုပ် တစ်ဒါဇင်တန်ဖိုးမှာ (၂၀၀၀)ကျပ်ဖြစ်ပြီး ပါရှိသည့် ပြဋ္ဌာန်းစာအုပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးနှင့် စာရိတ္တနှင့်ပြည်သူ့နီတိတို့ ဖြစ်ပါသည်။

ပညာရေးမှူးရုံးများ -http://bit.ly/2HFl4ZU 

စတုတ္ထတန်း (သင်ရိုးဟောင်း) အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံတန်ဖိုးမှာ (၂၂၉၀)ကျပ် (၈၀)ပြားနှင့် ဗလာစာအုပ် တစ်ဒါဇင်တန်ဖိုးမှာ (၂၀၀၀)ကျပ်တို့ ဖြစ်ပြီး ပါရှိသည့် ပြဋ္ဌာန်းစာအုပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး တို့ဖြစ်ပါသည်။

ဆဋ္ဌမတန်း (Grade-6) (သင်ရိုးသစ်) အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံတန်ဖိုးမှာ (၆၂၄၉)ကျပ် (၄၂)ပြားနှင့် ပါရှိသည့် ပြဋ္ဌာန်းစာအုပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ သမိုင်း၊ ပထဝီဝင်၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတ)နှင့် အနုပညာ(ပန်းချီ) တို့ဖြစ်ပါသည်။

ဆဋ္ဌမတန်း (သင်ရိုးဟောင်း) အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံတန်ဖိုးမှာ (၃၂၁၆)ကျပ် ဖြစ်ပြီး ပါရှိသည့် ပြဋ္ဌာန်းစာအုပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေသိပ္ပံ၊ သမိုင်းနှင့် ပထဝီဝင် တို့ဖြစ်ပါသည်။

သတ္တမတန်းအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံတန်ဖိုးမှာ (၃၅၇၆)ကျပ်နှင့် အဋ္ဌမတန်းမှာ (၄၀၇၂)ကျပ်တို့ ဖြစ်ပြီး ပါရှိသည့် ပြဋ္ဌာန်းစာအုပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေသိပ္ပံ၊ သမိုင်းနှင့် ပထဝီဝင် တို့ဖြစ်ပါသည်။

Read More: "အစိုးရနည်းပညာအထက်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့်ရက်တိုးမြှင့်ခြင်း"

နဝမတန်းအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံတန်ဖိုးမှာ တွဲ-(၅၆၀၀)ကျပ်၊ တွဲ-(၅၉၆၀)ကျပ်နှင့် တွဲ-(၅၂၁၆)ကျပ် ဖြစ်ပြီး ဒသမတန်းအတွက် တွဲ-(၆၈၄၀)ကျပ်၊ တွဲ-(၆၅၄၄)ကျပ်နှင့် တွဲ-(၆၆၄၈)ကျပ် တို့ဖြစ်သည်။ ပါရှိသည့် ပြဋ္ဌာန်းစာအုပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒ တို့ဖြစ်ပါသည်။

ထို့အပြင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမှ ပေးဆောင်ရန်မလိုပါ။

(ပညာရေးဝန်ကြီးဌာန)

News Read 2073 times