Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များ ကို(ဇွန်) လကုန်တွင်ထုတ်ပေးရန်စီစဉ်

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များ ကို(ဇွန်) လကုန်တွင်ထုတ်ပေးရန်စီစဉ်

ယခုအချိန်အခါတွင် ထုတ်ပေးနေသည်မှာ တက္ကသိုလ်ဝင်တန်း (၁၀) တန်း အမှတ်စာရင်းသာဖြစ်ပါတယ်။

အောင်လက်မှတ်များကို ထုတ်ပေးရန်အတွက် စီစဉ်နေဆဲသာရှိနေပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များကို အမှတ်စာရင်းထုတ်ယူသောနေရာတွင်သာ ထုတ်ပေးမှာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ပါရမီလမ်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)နှင့် ရုံးအမှတ် (၅၂) နေပြညတော်ရုံးတို့တွင် ထုတ်ပေးမည်ဖြစ်ပါတယ်။

ယခုလက်ရှိမှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် တက္ကသိုလ်ဝင်တန်း (၁၀) တန်းအမှတ်စာရင်းများကို ရှိတဲ့ဝန်ထမ်းအင်အားဖြင့် အဆင်ပြေစေရန် ဆောင်ရွက်ပေးနေပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်ထုတ်ပေးနိုင်ဖို့ကို အချိန်ယူပြီးဆောင်ရွက်နေပါတယ်။

အမှတ်စာရင်းလာရောက်ထုတ်သူတွေ အချိန်ကြာလာတယ်နဲ့အမျှ လျော့နည်းသွားမည် ဆိုတာနဲ့ အောင်လက်မှတ် ကောင်တာကို ခွဲထုတ်ပြီး တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ကို စတင်ထုတ်ပေးမည်ဖြစ်ပါတယ်။

ယခု(ဇွန်) လကုန်ထုတ်ပေးနိုင်ရေးအတွက်စီစဉ်နေကြောင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်မှ ပြောကြားခဲ့ပါတယ်။

ကျောင်းသား/သူများအနေဖြင့် ထုတ်ယူရန်လိုအပ်ချက်များအပြည့်အစုံယူသွားရန်တိုက်တွန်းအပ်ပါတယ်။

လိုအပ်ချက်များကိုအောက်တွင် ဖော်ပြအပ်ပါတယ်…

**မိမိတို့ဖြေဆိုခဲ့သော စာစစ်ဌာန

**နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူ

**ခုံအမှတ်

**အဘအမည်

**မွေးသက္ကရာဇ်

**နေရပ်လိပ်စာ

**() လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ() ပုံ တို့လိုအပ်ပါတယ်။

 

Read More: ၄နှစ်သင် စတင်တော့မည့် ပညာရေး ဒီဂရီကောလိပ် ပညာရေး

 

ကိုယ်တိုင်သွားရောက်မထုတ်ယူနိုင်သော ကျောင်းသား/သူများအနေဖြင့် ကိုယ်စားထုတ်ယူနိုင်ပြီး ထုတ်ယူခွင့်ကို အရင်လျှောက်ထားရမှာဖြစ်ပါတယ်။

ကိုယ်စားထုတ်ယူမည့်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ ပါရှိရမည်ဖြစ်ပြီး ကျတ်ထုတ်သည့်ချက်အလက်များမှာ ကျောင်းသား/သူ၏အချက်အလက်အပြည့်အစုံ တို့ဖြင့်သာ သွားရောက်၍ ကိုယ်စားထုတ်ယူနိုင်ပါတယ်။

 

EDGE.com.mm

 

 

News Read 3507 times