Sales Hotline : 09448001653       Download App



လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်းကာလ တိုးမြှင့်ဖွင့်ရန်စီစဉ်

** Unicode **

မူလတန်းပြအဖြစ် ခန့်အပ်မည့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) ကိုယခင်က ပညာသင်ကာလ (၆) လသာ သတ်မှတ်သော်လည်း (၁) နှစ်သို့ ပြောင်းလဲရန်ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

ယခင်နှစ်များက PPTT သင်တန်းကို ပညာရေးကောလိပ်များတွင် နှစ်စဉ် ဧပြီလတွင် စတင်ဖွင့်လှစ်ပြီး စာတွေ့ (၄) လ၊ လက်တွေ့ (၂) နှစ်လတက်ရပါတယ်။

သင်တန်းကာလ (၆) လပြီးပါက သက်ဆိုင်ရာ မြို့နယ်များရှိ လစ်လပ်နေရာများတွင် မူလတန်းပြဆရာ/ဆရာမအဖြစ်ခန့်အပ်ပါတယ်။

ယခုနှစ်တွင် PPTT သင်တန်းကို သင်တန်းကာလ (၆) လမှ (၁) နှစ်သို့ တိုးမြှင့်ရန်စီစဉ်နေပြီး သင်ရိုးညွှန်းတမ်းများ ပြန်လည်ဆန်းစစ်ခြင်း ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်တွင် ဇန်နဝါရီ (၁၇) ရက်နှင့် (၁၈) ရက်တွင် ပြုလုပ်မည်ဖြစ်ပါတယ်။

PPTT သင်တန်းသို့ အသက် (၃၀) နှစ်ထက်မကြီးသည့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီး သူများနှင့် ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက်မကြီးသူများအား သက်ဆိုင်ရာဌာနဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားခွင့်ပြုပြီး သင်တန်းဝင်ခွင့်အတွက် အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတ ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပါတယ်။

PPTT သင်တန်းဝင်ခွင့်ဖြေဆိုသူဦးရေ နှစ်စဉ် လေးသောင်းအထက်ရှိသော်လည်း ပညာရေးကောလိပ်များ၏ ဝင်ဆံ့အနေအထားအရ သင်တန်းသား ခြောက်ထောင်မှ တစ်သောင်းကျော်အထိသာ ရွေးချယ်လက်ခံခဲ့ပါတယ်။

Read More:>>>  ေဖေဖာ္ဝါရီလႏွင့္မတ္လတြင္ စာေမးပြဲႏွင့္ပတ္သက္၍ အေလးေပးေဆာင္ရြက္ရမည့္အခ်က္မ်ား

လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတွက် ပညာသင်တန်း (PPTT) ကို ၂၀၁၄ တွင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။

Credit: 7Day News
 

** Zawgyi **

မူလတန္းျပအျဖစ္ ခန္႔အပ္မည့္ လုပ္ငန္းခြင္အႀကိဳမူလတန္းဆရာအတတ္ပညာသင္တန္း (PPTT) ကိုယခင္က ပညာသင္ကာလ (၆) လသာ သတ္မွတ္ေသာ္လည္း (၁) ႏွစ္သို႔ ေျပာင္းလဲရန္ပညာေရးဝန္ႀကီးဌာနက စီစဥ္ေနပါတယ္။

ယခင္ႏွစ္မ်ားက PPTT သင္တန္းကိုု ပညာေရးေကာလိပ္မ်ားတြင္ ႏွစ္စဥ္ ဧၿပီလတြင္ စတင္ဖြင့္လွစ္ၿပီး စာေတြ႔ (၄) လ၊ လက္ေတြ႔ (၂) ႏွစ္လတက္ရပါတယ္။

သင္တန္းကာလ (၆) လၿပီးပါက သက္ဆိုင္ရာ ၿမိဳ႕နယ္မ်ားရွိ လစ္လပ္ေနရာမ်ားတြင္ မူလတန္းျပဆရာ/ဆရာမအျဖစ္ခန္႔အပ္ပါတယ္။

ယခုႏွစ္တြင္ PPTT သင္တန္းကို သင္တန္းကာလ (၆) လမွ (၁) ႏွစ္သို႔ တိုးျမွင့္ရန္စီစဥ္ေနၿပီး သင္ရိုးညႊန္းတမ္းမ်ား ျပန္လည္ဆန္းစစ္ျခင္း ညွိႏႈိင္းေဆြးေႏြးပြဲကို ေနျပည္ေတာ္တြင္ ဇန္နဝါရီ (၁၇) ရက္ႏွင့္ (၁၈) ရက္တြင္ ျပဳလုပ္မည္ျဖစ္ပါတယ္။

PPTT သင္တန္းသို႔ အသက္ (၃၀) ႏွစ္ထက္မႀကီးသည့္ တကၠသုိလ္တစ္ခုခုမွ ဘြဲ႔ရၿပီး သူမ်ားႏွင့္ ဝန္ထမ္းျဖစ္ပါက အသက္ (၃၅) ႏွစ္ထက္မႀကီးသူမ်ားအား သက္ဆိုင္ရာဌာနဝန္ထမ္းအဖြဲ႔အစည္း အႀကီးအကဲ၏ ခြင့္ျပဳခ်က္ျဖင့္ ေလ်ွာက္ထားခြင့္ျပဳၿပီး သင္တန္းဝင္ခြင့္အတြက္ အဂၤလိပ္စာႏွင့္ အေထြေထြ ဗဟုသုတ ေရးေျဖစာေမးပြဲေျဖဆိုရမည္ျဖစ္ပါတယ္။

PPTT သင္တန္းဝင္ခြင့္ေျဖဆိုသူဦးေရ ႏွစ္စဥ္ ေလးေသာင္းအထက္ရွိေသာ္လည္း ပညာေရးေကာလိပ္မ်ား၏ ဝင္ဆံ့အေနအထားအရ သင္တနး္သား ေျခာက္ေထာင္မွ တစ္ေသာင္းေက်ာ္အထိသာ ေရြးခ်ယ္လက္ခံခဲ့ပါတယ္။

Read More:>>>  ေဖေဖာ္ဝါရီလႏွင့္မတ္လတြင္ စာေမးပြဲႏွင့္ပတ္သက္၍ အေလးေပးေဆာင္ရြက္ရမည့္အခ်က္မ်ား

လုပ္ငန္းခြင္ အႀကိဳမူလတန္းဆရာအတြက္ ပညာသင္တန္း (PPTT) ကို ၂၀၁၄ တြင္စတင္ဖြင့္လွစ္ခဲ့ပါတယ္။

Credit: 7Day News
 

Latest Post News News Read 1883 times