Sales Hotline : 09448001653       Download App



မန္တလေးမြို့ အခြေခံပညာကျောင်းများတွင် ပင်စင်လစာငွေများကို ထုတ်ယူနိုင်မည်

မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ စက်တင်ဘာလပင်စင်လစာများ ထုတ်ပေးရာတွင် ပင်စင်လစာထုတ်ယူသည့် အသက်အရွယ်ကြီးသူများ ကိုဗစ်-၁၉   ရောဂါကူးစက်မှုမှ  ကာကွယ်နိုင်ရန် အတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲအစား အခြေခံ ပညာကျောင်းများတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁) မန္တလေးမှ မန်နေဂျာ ဦးမျိုးထက်အောင်၏ ပြောကြားချက်အရသိရသည်။

မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)မှ ပင်စင်လစာထုတ်ယူသူများအတွက် မန္တလေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)မှ ပင်စင်လစာထုတ်ယူသူများအတွက် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင်   လည်း ကောင်း၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၃)တွင်  ပင်စင်လစာထုတ်ယူသူများသည် ယင်းဘဏ်၌သာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပင်စင်လစာငွေများကို စက်တင်ဘာ ၂၁ ရက်မှ ၂၉ ရက် အတွင်း ရုံးပိတ်ရက်မပါ  နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ယူနိုင်သည်။   ထို့ပြင် ယခုလပင်စင်လစာမထုတ်ယူနိုင်ပါက  ထုတ်ယူ လိုသည့်လ၌    ပေါင်းထည့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးအရ ပင်စင်လစာမထုတ်ယူနိုင် သည့် ပင်စင်စားများအတွက် သက်ဆိုင်ရာမြို့နယ် အလိုက် ကွင်းဆင်းစိစစ်ပြီး ထုတ်ပေးသွားမည်ဖြစ် သည်။ ထို့ပြင် လူကိုယ်တိုင် လာရောက်မထုတ်ယူနိုင် ပါက Mobile Payment အပါအဝင် သတ်မှတ်ထား သည့် ငွေပေးစနစ်များမှတစ်ဆင့် ထုတ်ယူနိုင်အောင် စီစဉ်ပေးမည်ဖြစ်ပြီး ATM စက်များဖြင့်လည်း ကောင်း၊ Wave Money ဖြင့်လည်းကောင်း၊ Mobile Money ဖြင့်လည်းကောင်း ငွေစုစာအုပ်နှင့် ချက် စာအုပ်များတွင် ပင်စင်လစာငွေထည့်သွင်းပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပင်စင်လစာငွေများထုတ်ပေးရာတွင် လာရောက် ထုတ်ယူသူများကို ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများ စီစဉ်ပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး နီးကပ်ထိတွေ့မှုမရှိ စေရန် ဆောင်ရွက်ထားပြီး ကျန်းမာရေးစောင့်ရှောက် မှုများပါ စီစဉ်ထားမည်ဖြစ်သည်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်သည့်ကာလဖြစ်သောကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့်အတိုင်းဆောင်ရွက်၍ ပင်စင်လစာငွေများကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Source: The Mirror Daily 
 

Latest Post News Read 560 times