Sales Hotline : 09448001653       Download App



PEC (private School & IGCSE Centre) အလုပ်လျှောက်လွှာခေါ်ယူခြင်း

PEC (private School & IGCSE Centre) အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ ပုသိမ်မြို့တွင်ဖွင့်လှစ်ထားသော PEC(Private School & IGCSE Centre) ၏ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ခန့်အပ်ထားရန်အတွက် အောက်ပါပညာအရည်အချင်း သတ်မှတ်ချက်များ နှင့် ပြည့်စုံသော သင်ကြားရေးဆရာ၊ ဆရာမ၊ ၀န်ထမ်းများ အလိုရှိပါသည်။

 (က) မူကြို/ KG သင်ကြားရေးဆရာများ. (အသက် ၃၅ နှစ်အောက်)(အချိန်ပြည့်)

တက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ ထို့အပြင် -
မူကြိုသင်ကြားရေးအတွက် Early Child Care Development နှင့်ပတ်သက်၍ Diploma (သို့) Certificate ရှိသူ ဦးစားပေးမည်။ လုပ်ငန်းအတွေ့ အကြုံရှိသူ ဦးစားပေးမည်။

KG သင်ကြားရေးအတွက် KG သင်ရိုးသစ်သင်ကြားရေးဆရာလက်မှတ်/ အခြားသင်ကြားရေး နှင့်ဆိုင်သော ဆရာလက်မှတ် ရှိသူ ဦးစားပေးမည်။ လုပ်ငန်းအတွေ့ အကြုံရှိသူ ဦးစားပေးမည်။

English Skills ကောင်းမွန်ရမည်။

ကလေးပြုစုပျိုးထောင်ရေးနှင့် ဆရာအလုပ်အားအထူးနှစ်သက်မြတ်နိုးသူဖြစ်ရမည်။

အထူးသဖြင့်ကလေးငယ်များကိုချစ်ခင်ကြင်နာတတ်၍တက်ကြွစွာလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
(အရည်အချင်း၊ နှင့် အတွေ့ အကြုံ ပေါ်မူတည်၍ လစာညိုနှိုင်းပေးမည်။)

(ခ) အင်္ဂလိပ်ဘာသာစကား 4 skills သင်ကြားရေး (Language Teaching) ဆရာများ (Young Learners / Adult Learners) (အချိန်ပြည့်)

M.Ed, M.A / M.Sc (သို့မဟုတ်) ဘွဲ့တစ်ခုခုရရှိပြီး၊ အင်္ဂလိပ်စာ သင်ကြားရေး ဒီပလိုမာ/ အောင် လက်မှတ်ရရှိပြီးသူ ( အနည်းဆုံး IELTS 6.5 level နှင့်ညီမျှသော English Skills ရှိသူ)

အင်္ဂလိပ်စာ 4 Skills သင်ကြားရေး အတွေ့အကြုံ အနည်းဆုံး(၃) နှစ်ရှိသူ

ကျောင်းသားများကို ကျွမ်းကျင်စိတ်ရှည်စွာဖြင့် စိတ်ဝင်စားအောင် သင်ကြားပြသနိုင်သူ

Computer/ Email / Internet ကောင်းမွန်စွာအသုံးပြုနိုင်သူ
(အရည်အချင်း၊ နှင့် အတွေ့ အကြုံ ပေါ်မူတည်၍ လစာညိုနှိုင်းပေးမည်။)

(ဂ) သချာင်္သင်ကြားရေးဆရာများ (မူလတန်း/ အလယ်တန်း) (အချိန်ပြည့်)

ပညာရေးဘွဲ့  (သို့) မဟာဘွဲ့  (သို့) ရိုးရိုးဘွဲ့ နှင့် ပြည်တွင်း (သို့မဟုတ်) ပြည်ပမှ ဆရာအတတ်သင်လက်မှတ် / ဒီပလိုမာရရှိထားသူ

သင်္ချာ ဘာသာရပ်အားအထူးစိတ်ပါဝင်စား ကျွမ်းကျင်ပြီး သင်ကြားရေး အတွေ့အကြုံကောင်းများ ရှိ၍ ကျောင်းသားများ ရှင်းလင်းနားလည် သဘောပေါက်စေရန် ခေတ်မ်ီသင်ကြားနည်းများဖြင့် အကောင်းဆုံး သင်ကြားနိုင်သည်ဟု ယုံကြည်မှုရှိသူ ဖြစ်ရမည်။
(အရည်အချင်း၊ နှင့် အတွေ့ အကြုံ ပေါ်မူတည်၍ လစာညိုနှိုင်းပေးပါမည်။)

(ဃ) ဂီတ/ အနုပညာ သင်ကြားရေးဆရာ (မြန်မာ / နိုင်ငံတကာဂီတ)
(အချိန်ပြည့်/ အချိန်ပိုင်း)

တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။

တူရိယာ တစ်မျိုးမျိုးကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

မိမိကျွမ်းကျင်သည့် အဆို/ အက/ အတီး / အမှုတ် ပညာရပ်များအားအခြေခံမှစ၍ တတ်မြောက်သည်အထိ သင်ကြားပြသနိုင်ရမည်။

သက်ဆိုင်ရာ အတွေ့အကြုံကောင်းများရှိရမည်။ (အရည်အချင်း၊ နှင့် အတွေ့ အကြုံ ပေါ်မူတည်၍ လစာညိုနှိုင်းပေးမည်။)

(င) ပန်းချီ သင်ကြားရေးဆရာ (အချိန်ပြည့်/ အချိန်ပိုင်း)

တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။

ကလေးငယ်များအား ပန်းချီ ပညာရပ်များအား အခြေခံမှစပြီး အဆင့်ဆင့် စနစ်တကျ စိတ်ဝင်စားဖွယ် သင်ကြားပြသနိုင်ရမည်။
(အရည်အချင်း၊ နှင့် အတွေ့ အကြုံ ပေါ်မူတည်၍ လစာညိုနှိုင်းပေးမည်။)

(စ) အားကစားနည်းပြ ဆရာများ (အသက် ၄၅ နှစ်အောက်)
(အချိန်ပြည့်/ အချိန်ပိုင်း)

တက္ကသိုလ်ဝင်တန်းအောင် (သို့ ) ဘွဲ့တစ်ခုခု ရရှိရမည်။

အခြေခံ အားကစားပညာ နှင့် ကာယ ပညာအား နားလည်တတ်ကျွမ်းသူဖြစ်ရမည်။

စုပေါင်းအားကစားလှုပ်ရှားမှုများကို ကောင်းစွာနားလည်၍ ကျွမ်းကျင်စွာ သင်ကြားနိုင်ရမည်။

ဘောလုံး/ ဘော်လီဘော/ဘက်စ်ကက်ဘော/ ကရာတေး/ ကြက်တောင်/စားပွဲတင်တင်းနစ်/ ရေကူး အားကစားတစ်ခုခုထူးချွန်သူဖြစ်ရမည်။

ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ကလေးများ အားကစားကိုချစ်မြတ်နိုး စိတ်ဝင်စားပျော်ရွှင် အောင် အစီအစဉ်ကောင်းများဖြင့် တက်ကြွသွက်လက်စိတ်ရှည်စွာ လှုပ်ရှား သင်ကြား နိုင်သူ ဖြစ်ရမည်။ (အရည်အချင်း၊ နှင့် အတွေ့ အကြုံ ပေါ်မူတည်၍ လစာညိုနှိုင်းပေးမည်။)

(ဆ) တရုတ်စာ၊ဘာသာစကား သင်ကြားရေး ဆရာ (အချိန်ပြည့်/ အချိန်ပိုင်း)

အသက် (၆)နှစ် မှ (၁၃)နှစ်အတွင်း ကျောင်းသား၊သူများကို တရုတ်စာ အရေး၊ အဖတ်၊ အပြော၊ အကြားစွမ်းရည် (၄) မျိုးစလုံး အခြေခံမှစ၍ Levelအလိုက် စနစ်တကျ သင်ကြားပေးနိုင်သူ

ကလေးငယ်များကို တရုတ်စာ သင်ကြားရေး အတွေ့ အကြုံ အနည်းဆုံး (၃)နှစ်ရှိသူ


၂။ အထက်ပါရာထူးများတွင်လျှောက်ထားရန်စိတ်ပါဝင်စားပါက (၁၂ .၄. ၂၀၁၉) နောက်ဆုံး ထား၍ အောက်ပါလိပ်စာ (သို့) Email Address သို့ အောက်ဖော်ပြပါ အချက်အလက်များနှင့် အတူ ပူးတွဲလျက် လျှောက်ထားနိုင်ပါသည်။

လိုအပ်သည့်အချက်အလက်များ

(၁) ကိုယ်ရေးအချက်အလက်အပြည့်အစုံ CV
(လျှောက်ထားသည့်ရာထူးနေရာ/ဘာသာရပ်/အချိန်ပိုင်း-အချိန်ပြည့် ဖော်ပြပါရှိရပါမည်။)

(၂) နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ
(၃) ပညာရေးအထောက်အထား လက်မှတ်များ မိတ္တူ
(၄) passport size ဓာတ်ပုံ (၃)ပုံ
(၅) အိမ်ထောင်စုစာရင်းမိတ္တူ
(၆) အလုပ်သမားမှတ်ပုံတင် (လူတွေ့ခေါ်ဆိုသည့်အချိန်)

လျှောက်ထားရန်လိပ်စာ

P.E.C (Private High School) Pathein
မြက်တို၊ ပုသိမ်လေယာဉ်ကွင်းရှေ့၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။
ဖုန်း - ၀၉-၂၆၃၃၄၂၂၂၁, ၀၉-၂၆၃၃၄၂၂၂၃,
၀၉- ၇၈ ၅၂၀၀၄၄၄
Email: [email protected]

News Read 2409 times