Sales Hotline : 09448001653       Download App



တက္ကသိုလ်အချို့တွင် အချိန်ပိုင်းနည်းပြ ဆရာ၊ ဆရာမများခန့်အပ်မည်

**Unicode**

တက္ကသိုလ်အချို့တွင် အချိန်ပိုင်းနည်းပြ ဆရာ၊ ဆရာမများကို တစ်ရက်လျှင် ကျပ် (၃,၆၀၀) နှုန်းဖြင့်ခန့်အပ်ရန် ပညာရေးဝန်ကြီးဌာနကခွင့်ပြုထားပြီး မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြင်းခြံဒီဂရီကောလိပ်တို့က အချိန်ပိုင်းနည်းပြဆရာ၊ ဆရာမများခေါ်ယူနေပါသည်။

တက္ကသိုလ်အချို့တွင် ဆရာ၊ ဆရာမလိုအပ်ချက်အရ မဟာဘွဲ့ရပြီးသူများနှင့် မဟာဘွဲ့သင်တန်းတက်နေသော ကျောင်းသား၊ ကျောင်းသူများကို တစ်ရက်လျှင် (၃,၆၀၀) ကျပ်နှုန်းဖြင့် နေ့စား (ပုတ်ပြတ်) (အချိန်ပိုင်းနည်းပြ) အဖြစ် ပညာရေးဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီက ခန့်ထားခွင့်ပြုခဲ့သည်။ 

 "အချိန်ပိုင်းနည်းပြတွေခန့်ဖို့ တက္ကသိုလ်တချို့က တင်ပြတာရှိပါတယ်။ ခန့်ခွင့်ပြုထားပြီးသားပါ"ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကဆိုသည်။ 

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် အင်္ဂလိပ်စာဌာန၊ ဂျပန်ဘာသာ၊ ဂျာမန်ဘာသာ၊ တရုတ်ဘာသာ၊ ရုရှားဘာသာ၊ ပြင်သစ်ဘာသာ၊ ကိုရီးယားဘာသာ၊ ဒဿနိကဗေဒ၊ မြန်မာစာ၊ သမိုင်း၊ ဘာသာဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနများအတွက် အချိန်ပိုင်းနည်းပြများခန့်ထားမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၁၄) ရက်အထိ လျှောက်ထားနိုင်ကြောင်းကြေညာထားသည်။

မြင်းခြံဒီဂရီကောလိပ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒဌာနတို့တွင် အချိန်ပိုင်းနည်းပြများ ခန့်ထားမည်ဖြစ်ပြီး မဟာသိပ္ပံဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့ ရရှိထားပြီး အသက် (၃၀) နှစ်ထက်မကျော်သူများကို လျှောက်ခွင့်ပြုထားသည်။

အဆိုပါရာထူးအတွက် တစ်ရက်လျှင် (၃,၆၀၀) နှုန်းထားသည်  အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက် (၄,၈၀၀) ထက်နည်းနေခြင်းကြောင့် ပညာရေးအသိုင်းအဝိုင်းတွင် ဝေဖန်မှုများရှိနေသည်။

အချိန်ပိုင်းနည်းပြခန့်ထားနိုင်ရန် ရန်ကုန်စီးပွားရေးတက္ကသိုလ်က အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြရာ တစ်ရက်လျှင် ကျပ် (၁,၀၀၀) နှုန်းဖြင့် တစ်လလျှင် ကျပ် (၂၀,၀၀၀) သာပေးနိုင်မည်ဟု မူလကသတ်မှတ်ခဲ့သည်။ ထိုနှုန်းထားကို ဝေဖန်မှုများရှိခဲ့ခြင်းကြောင့် ပြန်လည်ညှိနှိုင်းကာ နေ့စား (ပုပ်ပြတ်) (အချိန်ပိုင်းနည်းပြ) အဖြစ် တစ်ရက်လျှင် ကျပ် (၃,၆၀၀) နှုန်းတိုးပေးခဲ့ခြင်းဖြစ်သည်။

အချိန်ပိုင်းအဖြစ်ခန့်ထားခြင်းကြောင့် အနည်းဆုံးလုပ်ခ လစာသတ်မှတ်ချက် (၄,၈၀၀) ကျပ်ထက်နည်းနေခြင်းဖြစ်သည်ဟု ပြည်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကပြောသည်။ 

မဟာတန်းတက်ရောက်နေဆဲ ကျောင်းသား၊ ကျောင်းသူအများစုသည် တက္ကသိုလ်အချိန်ပိုင်းနည်းပြ လျှောက်ထားကြပြီး ၎င်းတို့သည် လစာငွေကြေးထက်အတွေ့အကြုံကို ပိုမိုလိုချင်ကြသည်ဟု ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာအောင်မြင့်ဦးကဆိုသည်။ 

လက်ရှိတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့အပါအဝင် တက္ကသိုလ်၊ ဒီဂရီကောလိပ် အချို့တွင် အချိန်ပိုင်းနည်းပြများခန့်ထားသည်။

တက္ကသိုလ်အချိန်ပိုင်းနည်းပြအဖြစ် ကျောင်းတက်ရောက်ဆဲကျောင်းသား၊ ကျောင်းသူများကို ယခင်ကခန့်ထားမှုနည်းပါးကြောင်း ဒေါက်တာအောင်အောင်မင်းကပြောသည်။

Source: 7Day News

 

**Zawgyi**

တကၠသိုလ္အခ်ိဳ႔တြင္ အခ်ိန္ပိုင္းနည္းျပ ဆရာ၊ ဆရာမမ်ားကို တစ္ရက္လွ်င္ က်ပ္ (၃,၆၀၀) ႏႈန္းျဖင့္ခန္႔အပ္ရန္ ပညာေရးဝန္ႀကီးဌာနကခြင့္ျပဳထားၿပီး မႏၱေလးႏိုင္ငံျခားဘာသာတကၠသိုလ္ႏွင့္ ျမင္းျခံဒီဂရီေကာလိပ္တို႔က အခ်ိန္ပိုင္းနည္းျပဆရာ၊ ဆရာမမ်ားေခၚယူေနပါသည္။

တကၠသိုလ္အခ်ိဳ႔တြင္ ဆရာ၊ ဆရာမလိုအပ္ခ်က္အရ မဟာဘဲြ႔ရၿပီးသူမ်ားႏွင့္ မဟာဘဲြ႔သင္တန္းတက္ေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို တစ္ရက္လွ်င္ (၃,၆၀၀) က်ပ္ႏႈန္းျဖင့္ ေန႔စား (ပုတ္ျပတ္) (အခ်ိန္ပိုင္းနည္းျပ) အျဖစ္ ပညာေရးဝန္ႀကီးဌာနစီမံခန္႔ခဲြေရးေကာ္မတီက ခန္႔ထားခြင့္ျပဳခဲ့သည္။ 

 "အခ်ိန္ပိုင္းနည္းျပေတြခန္႔ဖို႔ တကၠသိုလ္တခ်ိဳ႔က တင္ျပတာရွိပါတယ္။ ခန္႔ခြင့္ျပဳထားၿပီးသားပါ"ဟု အဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္းကဆိုသည္။ 

မႏၱေလးႏိုင္ငံျခားဘာသာတကၠသုိလ္ အဂၤလိပ္စာဌာန၊ ဂ်ပန္ဘာသာ၊ ဂ်ာမန္ဘာသာ၊ တရုတ္ဘာသာ၊ ရုရွားဘာသာ၊ ျပင္သစ္ဘာသာ၊ ကိုရီးယားဘာသာ၊ ဒႆနိကေဗဒ၊ ျမန္မာစာ၊ သမိုင္း၊ ဘာသာေဗဒ၊ ႏိုင္ငံတကာဆက္ဆံေရးပညာဌာနမ်ားအတြက္ အခ်ိန္ပိုင္းနည္းျပမ်ားခန္႔ထားမည္ျဖစ္ၿပီး ေဖေဖာ္ဝါရီ (၁၄) ရက္အထိ ေလွ်ာက္ထားႏိုင္ေၾကာင္းေၾကညာထားသည္္။

ျမင္းျခံဒီဂရီေကာလိပ္ ျမန္မာစာ၊ အဂၤလိပ္စာ၊ ပထဝီဝင္၊ သမိုင္း၊ ဓာတုေဗဒ၊ ရူပေဗဒ၊ သတၱေဗဒ၊ ရုကၡေဗဒဌာနတို႔တြင္ အခ်ိန္ပိုင္းနည္းျပမ်ား ခန္႔ထားမည္ျဖစ္ၿပီး မဟာသိပၸံဘဲြ႔၊ မဟာဝိဇၨာဘဲြ႔ ရရွိထားၿပီး အသက္ (၃၀) ႏွစ္ထက္မေက်ာ္သူမ်ားကို ေလ်ွာက္ခြင့္ျပဳထားသည္။

အဆိုပါရာထူးအတြက္ တစ္ရက္လွ်င္ (၃,၆၀၀) ႏႈန္းထားသည္  အနည္းဆံုးလုပ္ခလစာ သတ္မွတ္ခ်က္ (၄,၈၀၀) ထက္နည္းေနျခင္းေၾကာင့္ ပညာေရးအသိုင္းအဝိုင္းတြင္ ေဝဖန္မႈမ်ားရွိေနသည္။

အခ်ိန္ပိုင္းနည္းျပခန္႔ထားႏိုင္ရန္ ရန္ကုန္စီးပြားေရးတကၠသိုလ္က အဆင့္ျမင့္ပညာဦးစီးဌာနသို႔ တင္ျပရာ တစ္ရက္လွ်င္ က်ပ္ (၁,၀၀၀) ႏႈန္းျဖင့္ တစ္လလွ်င္ က်ပ္ (၂၀,၀၀၀) သာေပးႏိုင္မည္ဟု မူလကသတ္မွတ္ခဲ့သည္။ ထိုႏႈန္းထားကို ေဝဖန္မႈမ်ားရွိခဲ့ျခင္းေၾကာင့္ ျပန္လည္ညွိႏိႈင္းကာ ေန႔စား (ပုပ္ျပတ္) (အခ်ိန္ပိုင္းနည္းျပ) အျဖစ္ တစ္ရက္လွ်င္ က်ပ္ (၃,၆၀၀) ႏႈန္းတိုးေပးခဲ့ျခင္းျဖစ္သည္။

အခ်ိန္ပိုင္းအျဖစ္ခန္႔ထားျခင္းေၾကာင့္ အနည္းဆံုးလုပ္ခ လစာသတ္မွတ္ခ်က္ (၄,၈၀၀) က်ပ္ထက္နည္းေနျခင္းျဖစ္သည္ဟု ျပည္တကၠသိုလ္တာဝန္ခံ ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ေအာင္မင္းကေျပာသည္။ 

မဟာတန္းတက္ေရာက္ေနဆဲ ေက်ာင္းသား၊ ေက်ာင္းသူအမ်ားစုသည္ တကၠသိုလ္အခ်ိန္ပိုင္းနည္းျပ ေလွ်ာက္ထားၾကၿပီး ၄င္းတို႔သည္ လစာေငြေၾကးထက္အေတြ႔အၾကံဳကို ပိုမိုလိုခ်င္ၾကသည္ဟု ရန္ကုန္တကၠသိုလ္ ျမန္မာစာဌာနပါေမာကၡ (ဌာနမွဴး) ေဒါက္တာေအာင္ျမင့္ဦးကဆိုသည္။ 

လက္ရွိတြင္ ရန္ကုန္တကၠသိုလ္၊ မႏၱေလးတကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ မိတၳီလာစီးပြားေရးတကၠသိုလ္တို႔အပါအဝင္ တကၠသိုလ္၊ ဒီဂရီေကာလိပ္ အခ်ိဳ႔တြင္ အခ်ိန္ပိုင္းနည္းျပမ်ားခန္႔ထားသည္။

တကၠသိုလ္အခ်ိန္ပိုင္းနည္းျပအျဖစ္ ေက်ာင္းတက္ေရာက္ဆဲေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ယခင္ကခန္႔ထားမႈနည္းပါးေၾကာင္း ေဒါက္တာေအာင္ေအာင္မင္းကေျပာသည္။

Source: 7Day News

Latest Post News Read 5265 times