Sales Hotline : 09448001653       Download App



ပန်းချီ၊ ဂီတ၊ ကာယဘာသာရပ်ဆိုင်ရာ ဘွဲ့ရသူများအားခန့်ထား

**Zawgyi**

အေျခခံပညာေက်ာင္းမ်ားတြင္ လိုအပ္ပါက ပန္းခ်ီ၊ ဂီတ၊ ကာယဘာသာရပ္ဆိုင္ရာဘြဲ႕ရသူမ်ားအား ခန႔္ထားႏိုင္ရန္ စီစဥ္လ်က္ရွိဟု ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ေျပာၾကားပါတယ္။


ႏိုဝင္ဘာ (၇) ရက္က ျပဳလုပ္သည့္ အမ်ိဳးသားလႊန္ေတာ္အစည္းအေဝးတြင္ မႏၲေလးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၇) မွဦးေက်ာ္တုတ္က အေျခခံပညာသင္႐ိုးၫႊန္းတမ္းအသစ္တြင္ပါရွိေသာ ပန္းခ်ီ၊ ဂီတ၊ ကာယဘာသာရပ္မ်ားကို အေလးအနက္ထား၍ ထိေရာက္စြာသင္ၾကားႏိုင္ရန္ ဆရာ/ဆရာမမ်ားအား မည္သို႔စီမံထားသည္ကို သိရွိလိုေၾကာင္းေပးျမန္းခဲ့ပါတယ္။


ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက "အေျခခံပညာေက်ာင္းမ်ားရွိ ဆရာ/ဆရာမမ်ားသည္ ပန္းခ်ီ၊ ဂီတ၊ ကာယဘာသာရပ္မ်ားကို ကေလးမ်ားႏွင့္ အတူ ပူးေပါင္းေဆာင္႐ြက္ သင္ၾကားလ်က္ရွိၿပီး လိုအပ္ပါက ပန္းခ်ီ၊ ဂီတ၊ ကာယဆိုင္ရာဘြဲ႕ရသူမ်ားအား ခြင့္ျပဳခန႔္ထားႏိုင္မည့္ ဦးေရအရယွဥ္ၿပိဳင္ေ႐ြးခ်ယ္၍ သင္တန္းေပးၿပီး လုပ္ထုံးလုပ္နည္းႏွင့္အညီ ခန႔္ထားႏိုင္ရန္ ညႇိႏႈိင္းစီစဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္" ဟုေျပာၾကားခဲ့ပါတယ္။


ေမးခြန္းေမးျမန္းခဲ့သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ထုတ္က အေျခခံပညာသင္႐ိုးသစ္တြင္ ပါဝင္သည့္အတြက္ အေလးအနက္ထားကာ ထိေရာက္စြာ သင္ၾကားရန္ ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ေျပာင္းလဲမႈအျဖစ္ အေျခခံပညာသင္႐ိုးၫႊန္းတမ္းမ်ားကို ၂၀၁၆၊ ၂၀၁၇ ခုႏွစ္တြင္ စတင္ခဲ့ၿပီးျဖစ္ေၾကာင္း၊ အမ်ိဳးသားပညာေရးမဟာဗ်ဴဟာထဲတြင္ အလြတ္မက်က္မွတ္ေသာစနစ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းျဖင့္ ေက်ာင္းသားမ်ားတီထြင္ဖန္တီးႏိုင္ေသာ စြမ္းရည္၊ ေဝဖန္ပိုင္းျခားစြမ္းရည္မ်ား ဖြံ႕ၿဖိဳးရရွိမည္ျဖစ္ေၾကာင္း၊ ၎သင္႐ိုးၫႊန္းတမ္းကို သိသာျမင္သာစြာ ေျပာင္းလဲေပးမည့္ဘာသာရပ္မွာ ပန္းခ်ီ၊ ဂီတဘာသာရပ္မ်ားျဖစ္ေၾကာင္း၊ ဂီတစုေပါင္းကစားျခင္းတို႔ျဖင့္ အေကာင္းျမင္သေဘာထားမ်ားရရွိရန္၊ က်န္းမာေဘးကင္းလုံၿခဳံစြာ လႈပ္ရွားတတ္ရန္၊ အျခားသူမ်ား၏ မတူကြဲျပားမႈကို လက္ခံရန္ပန္းခ်ီကလည္း စိတ္ကူးအေတြး၊ အေတြးကို အေကာင္အထည္ေဖာ္ႏိုင္ရန္ ယခုသင္႐ိုးသစ္မွာ တြဲဖက္သင္႐ိုးမဟုတ္ေၾကာင္း၊ ႏွစ္စႏွစ္ဆုံး ျပဌာန္းထားေသာ သင္႐ိုးအတိုင္း သင္ၾကားမႈမရွိပါက ရည္မွန္းခ်က္အတိုင္း ရရွိမည္မဟုတ္ေၾကာင္း၊ ပညာေရးရည္မွန္းခ်က္ ေအာင္ျမင္ေအာင္ ပန္းခ်ီ၊ ဂီတဘာသာရပ္မ်ားကို ထိေရာက္စြာသင္ၾကားႏိုင္ ပန္းခ်ီ၊ ဂီတ၊ သင္ၾကားမည့္ဆရာ/ဆရာမ မ်ားရွိရန္ လိုအပ္ေၾကာင္းေျပာၾကားပါတယ္။

Read More:>>> သင့္မွာ ရွစ္တန္းကေလးရွိရင္ ဒါဖတ္ပါ
Source: Daily Eleven

**Unicode**

အခြေခံပညာကျောင်းများတွင် လိုအပ်ပါက ပန်းချီ၊ ဂီတ၊ ကာယဘာသာရပ်ဆိုင်ရာဘွဲ့ရသူများအား ခန့်ထားနိုင်ရန် စီစဉ်လျက်ရှိဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားပါတယ်။


နိုဝင်ဘာ (၇) ရက်က ပြုလုပ်သည့် အမျိုးသားလွှန်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှဦးကျော်တုတ်က အခြေခံပညာသင်ရိုးညွှန်းတမ်းအသစ်တွင်ပါရှိသော ပန်းချီ၊ ဂီတ၊ ကာယဘာသာရပ်များကို အလေးအနက်ထား၍ ထိရောက်စွာသင်ကြားနိုင်ရန် ဆရာ/ဆရာမများအား မည်သို့စီမံထားသည်ကို သိရှိလိုကြောင်းပေးမြန်းခဲ့ပါတယ်။


ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက "အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမများသည် ပန်းချီ၊ ဂီတ၊ ကာယဘာသာရပ်များကို ကလေးများနှင့် အတူ ပူးပေါင်းဆောင်ရွက် သင်ကြားလျက်ရှိပြီး လိုအပ်ပါက ပန်းချီ၊ ဂီတ၊ ကာယဆိုင်ရာဘွဲ့ရသူများအား ခွင့်ပြုခန့်ထားနိုင်မည့် ဦးရေအရယှဉ်ပြိုင်ရွေးချယ်၍ သင်တန်းပေးပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ခန့်ထားနိုင်ရန် ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်" ဟုပြောကြားခဲ့ပါတယ်။


မေးခွန်းမေးမြန်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထုတ်က အခြေခံပညာသင်ရိုးသစ်တွင် ပါဝင်သည့်အတွက် အလေးအနက်ထားကာ ထိရောက်စွာ သင်ကြားရန် ပညာရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြောင်းလဲမှုအဖြစ် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာထဲတွင် အလွတ်မကျက်မှတ်သောစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသားများတီထွင်ဖန်တီးနိုင်သော စွမ်းရည်၊ ဝေဖန်ပိုင်းခြားစွမ်းရည်များ ဖွံ့ဖြိုးရရှိမည်ဖြစ်ကြောင်း၊ ၎င်းသင်ရိုးညွှန်းတမ်းကို သိသာမြင်သာစွာ ပြောင်းလဲပေးမည့်ဘာသာရပ်မှာ ပန်းချီ၊ ဂီတဘာသာရပ်များဖြစ်ကြောင်း၊ ဂီတစုပေါင်းကစားခြင်းတို့ဖြင့် အကောင်းမြင်သဘောထားများရရှိရန်၊ ကျန်းမာဘေးကင်းလုံခြုံစွာ လှုပ်ရှားတတ်ရန်၊ အခြားသူများ၏ မတူကွဲပြားမှုကို လက်ခံရန်ပန်းချီကလည်း စိတ်ကူးအတွေး၊ အတွေးကို အကောင်အထည်ဖော်နိုင်ရန် ယခုသင်ရိုးသစ်မှာ တွဲဖက်သင်ရိုးမဟုတ်ကြောင်း၊ နှစ်စနှစ်ဆုံး ပြဌာန်းထားသော သင်ရိုးအတိုင်း သင်ကြားမှုမရှိပါက ရည်မှန်းချက်အတိုင်း ရရှိမည်မဟုတ်ကြောင်း၊ ပညာရေးရည်မှန်းချက် အောင်မြင်အောင် ပန်းချီ၊ ဂီတဘာသာရပ်များကို ထိရောက်စွာသင်ကြားနိုင် ပန်းချီ၊ ဂီတ၊ သင်ကြားမည့်ဆရာ/ဆရာမ များရှိရန် လိုအပ်ကြောင်းပြောကြားပါတယ်။

Read More:>>> သင့်မှာ ရှစ်တန်းကလေးရှိရင် ဒါဖတ်ပါ
Source: Daily Eleven

 

News Tips Latest Post Read 1737 times