Sales Hotline : 09448001653       Download App



အီဂျစ်လူငယ်များအတွက်ICTနယ်ပယ်ဆိုင်ရာပညာသင်ဆုများကိုပေးအပ်ရန်Orange Egyptနှင့်Elsewedy သဘောတူစာချုပ်

မြန်ဆန်သော အင်တာနက်ကွန်ယက်များ၊ ဖုန်းများ၊ တက်ပလက် အစရှိသော နက်ဝက်ဘ်ကွန်ယက် နှင့် အီလက်ထရောနစ်ပစ္စည်းများကို ‌ရောင်းချလျက်ရှိသော Orange Egypt ကော်ပိုရေးရှင်း သည်  အီဂျစ်နိုင်ငံရှိ လူငယ်များ တိုးတက်ရေးအတွက် Elsewedy အီလက်ထရောနစ် ဖောင်ဒေရှင်းမှ ဖွင့်လှစ်ထားသည့် Elsewedy Technical Academy ‘STA” သို့ အိုင်စီတီ နည်းပညာများနှင့် ပတ်သက်သည့် ပညာသင်ဆုများကို ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ထိုပညာသင်ဆုမှာ သုံးနှစ် ကြာမည်ဖြစ်ပြီး ဆက်သွယ်ရေးနှင့် သတင်းနှင့် အချက်အလက်နည်းပညာနယ်ပယ်တွင် လိုအပ်လျက်ရှိသော  ကျွမ်းကျင်လုပ်သားများ  ပိုမိုများပြားလာစေရန် ရည်ရွယ်၍ အီဂျစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့် သင်ကြားပေးမည့် အစီအစဉ်ဖြစ်သည်။ Orange မှ ထောက်ပံ့သော ပညာသင်ဆုကို Elsewedy Technical Academy မှ ကြိုတင်ပြင်ဆင်ထားသည့်လက်မှတ် ကိုင်‌‌ဆောင်ထားသည့် ကျောင်းသားများ လျှောက်ထားနိုင်ပြီး ပညာရေးနှင့် နည်းပညာ ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် စာတွေ့၊ လက် တွေ့ ပူးတွဲ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

ထို ပညာသင်ဆုတွင် အဓိကအားဖြင့် အပိုင်း နှစ်ပိုင်းခွဲထားပြီး ကျောင်းသားများကို လက်ရှိဖြစ်ပွားလျက် ရှိသော သတင်း အချက်အလက်နှင့် နည်းပညာ ဂယက်ရိုက်မှုများကို လက်တွေ့ သင်ကြားခြင်း ၈၀ရာခိုင်နှုန်း နှင့် သီအိုရီ အရစာတွေ့ သင်ကြားခြင်း ၂၀ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။ Orange Egypt  သည် Elsewedy Technical Academy  ကျောင်းရှိကျောင်းသားများ၏ စွမ်းရည်များ တိုးမြင့်စေရန် ရည်ရွယ်၍ ထရိန်နင် အစီအစဉ်များကို ထောက်ပံ့ပေး မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျောင်းသားများအနေဖြင့် Orange  ရုံးချုပ်သို့ သွားရောက်ကာ နည်းပညာနယ်ပယ်တွင် လက်ရှိအသုံးပြုလျက်ရှိသော နောက်ဆုံးပေါ် နည်းပညာများကို လေ့လာခွင့်ရမည် ဖြစ်သည်။ အဆိုပါ ပညာသင်ဆုတွင် ကျောင်းသားများအတွက် လိုအပ်သည့် ယူနီဖောင်းများ၊ သင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးများ အပြင် ကျန်းမာရေးနှင့် ညီညွှတ်ပြီး အရည်အသွေးမြင့်မား သည့် အစားအသောက်များကို ထောက်ပံ့ပေးထားပါသည်။

ဘွဲ့ရပြီးနောက် ကျောင်းသားများအနေဖြင့် အသိအမှတ်ပြု လက်မှတ် နှစ်ခု ရရှိမည် ဖြစ်ပြီး ပထမတစ်ခုမှာ ပညာရေးနှင့် နည်းပညာဝန်ကြီး ဌာနမှ အသိအမှတ်ပြုထားသည့် နည်းပညာ ဒီပလိုမာ လက်မှတ်ဖြစ်ပြီး ကျန်တစ်ခုမှာ ဖင်လန်နိုင်ငံရှိ Omnia Education Partnership International (OEP) မှ အသိအမှတ်ပြုထား‌သော လက်မှတ်ဖြစ်သည်။ 

By Myanmar Education Guide- EDGE

Ref: MENAFN
 

Latest Post News News Read 748 times