Sales Hotline : 09448001653       Download App



ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (၁၅)နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (၁၅)နှစ်ပြည့် အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၁၀ နာရီတွင်  အွန်လိုင်းစနစ် ဖြင့် ကျင်းပသည်။

အွန်လိုင်းဖြင့်ပါဝင်တက်ရောက်
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊  ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး  ဦးနိုင်ငံလင်း၊  အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊  ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်စိုး၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ အရာ ထမ်းအမှုထမ်းများ၊ ကျောင်းသားကျောင်းသူ များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်း ဖြင့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်  (၁၅)နှစ်ပြည့် အထိမ်းအမှတ်သည် နောင်နှစ် ပေါင်းများစွာ တည်တံ့ခိုင်မြဲ၍ အရည်အချင်း ပြည့်ဝသော ဘွဲ့ရလူငယ်မောင်မယ်များ ဆက် လက်မွေးထုတ်ပေးနိုင်ပါစေဟု  ဆုမွန်ကောင်း တောင်းပါကြောင်း၊ ရန်ကုန်အနောက်ပိုင်းနည်း ပညာတက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်း အမြစ်  ပြုစုပျိုးထောင်ပေးခြင်းများကို  ၂၀၀၅ ခုနှစ်မှ ယနေ့အချိန်အထိ B.Tech ဘွဲ့ရ ၁၂၃၃၀၊ BE/ B.Arch ဘွဲ့ရ ၁၁၅၄၅ ဦး၊  ME/ M.Arch ဘွဲ့ရ  ၆၁၉ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်၍ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မဟာဘွဲ့ရများ ယခုထက်  ပိုမိုပြုစုပျိုးထောင် မွေးထုတ်ပေး နိုင်မည်ဟု မျှော်လင့်ပါကြောင်း။ 

သိပ္ပံနှင့်နည်းပညာ အခန်းကဏ္ဍဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်ရန်အတွက်  ပြည်တွင်း၊ ပြည်ပ သုတေသနပညာရှင်များဖြင့် Interna-tional Paper များ  ဖတ်ကြားခွင့်ရရှိနိုင်ရန်  ၂၀၁၈  ခုနှစ်  နိုဝင်ဘာလတွင်  နိုင်ငံတကာ စာတမ်းဖတ်ပွဲ ပထမအကြိမ်၊  ၂၀၁၉ ခုနှစ်  နိုဝင်ဘာလတွင်  ဒုတိယအကြိမ် ကျင်းပနိုင်ခဲ့သည်ကိုသိရပါကြောင်း၊ အဆိုပါ စာတမ်းများ အပေါ်အခြေခံ၍ တိုင်းကျိုးပြည်ပြုလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် သုတေသနစာတမ်းဖတ်ပွဲများကို နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များတွင် ကျင်းပနေသည်ကို တွေ့ရှိ ရသဖြင့် ဝမ်းမြောက်ပါကြောင်း။

ဝမ်းသာဂုဏ်ယူ
မွေးထုတ်လိုက်သည့် အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များအတွက် အရည်အသွေး အာမခံမှုဆိုင်ရာ  လုပ်ငန်းစဉ်များကို  ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ၂၀၁၅ ခုနှစ်မှစတင်၍ Quality Management System စတင်ထူထောင်ကာ ၂၀၁၈ ခုနှစ်တွင် AUN-QA Associate Member တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ ပြီး ယနေ့အချိန်အထိ အရည်အသွေးအာမခံမှု ဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေခြင်း အတွက် အထူးပဲဝမ်းသာဂုဏ်ယူပါကြောင်း။

နည်းပညာတက္ကသိုလ်များ အနေဖြင့် မွေးထုတ်ပေးလိုက်တဲ့ ဘွဲ့ရကျောင်းသူ၊ ကျောင်းသားများ အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိနိုင်စေရေးအတွက်  လုပ်ငန်းခွင်နှင့် ပိုမိုပြီးတော့ နီးစပ်စွာ ဆောင်ရွက်နိုင်ရေး School Industry Partnership လုပ်ငန်းစဉ် သည် အရေးကြီးပါကြောင်း၊ ရန်ကုန်အနောက် ပိုင်းနည်းပညာတက္ကသိုလ်အနေဖြင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအတွက် Internship Programme လုပ်ငန်းစဉ် ဆောင် ရွက်နေပြီး ရှစ်ပတ်ဆက်တိုက် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်သည် ကောင်းမွန်ပါကြောင်း၊ Internship Programme သည်  ကျောင်းသား ကျောင်းသူများအတွက် သင်ကြားမှု၊ သင်ယူမှု ကို အထောက်အကူပြုစေပြီး စက်ရုံ အလုပ်ရုံ များမှ တန်ဖိုးရှိသောအတွေ့အကြုံများ၊ ပညာရပ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

စက်ရုံ အလုပ်ရုံများတွင်  လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည့် အပြင်  ကျောင်းသား  ကျောင်းသူများ Intern-ship ဆင်းနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ စက်ရုံ/အလုပ်ရုံများ၊ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းသည် အလွန်ကောင်းမွန်ပါ ကြောင်း၊ အထူးသဖြင့် အင်ဂျင်နီယာ/ ဗိသုကာ ကျောင်းသား၊ ကျောင်းသူများ Internship ဆင်းနိုင်ရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့မှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး ကူညီဆောင် ရွက်ပေးနေခြင်းကိုလည်း အထူးပဲကျေးဇူးတင် ရှိပါကြောင်း၊ ဆက်လက်ကူညီဆောင်ရွက် ပေးရန်လည်း မေတ္တာရပ်ခံပါကြောင်း။

ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား ကျောင်းသူဟောင်းများ အခန်း ကဏ္ဍသည် အင်မတန်အရေးပါကြောင်း၊ ကျောင်းသား ကျောင်းသူဟောင်းများအနေဖြင့် ပြင်ပလုပ်ငန်းခွင်များကို  ရောက်ရှိသည့်အခါ သင်ကြားပို့ချပေးလိုက်သည့်  သင်ခန်းစာနှင့် လုပ်ငန်းခွင်ဆောင်ရွက်ချိန်တွင် လိုအပ်ချက် များ၊ လုပ်ငန်းခွင်တွင် သုံးစွဲနေသော ခေတ်မီ စက်ကိရိယာများ၊ နည်းပညာများ၊ Stake-holder များ၏ လိုအပ်ချက်များကို မိမိတို့ သက်ဆိုင်ရာတက္ကသိုလ်တွင် ပြန်လည်အကြံပြု ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ အား Seminar ပေးခြင်း၊ ပြင်ပလုပ်ငန်းရှင်များ နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းစဉ်များသည် အင်မတန် ကောင်းမွန် ပါကြောင်း၊ ကျောင်းသားဟောင်းများကိုလည်း ကျေးဇူးတင်ပါကြောင်း။

ကမ္ဘာတည်သရွေ့တည်တံ့ပါစေ
ပညာရေးတွင် အရေးအကြီးဆုံး တန်ဖိုး အရှိဆုံးသည်  သင်ယူခြင်း (Learning) ဖြစ်ပါ ကြောင်း၊ သင်ယူခြင်းသည်သာ အနန္တရတနာ သိုက်ဖြစ်ပါကြောင်း၊  နည်းပညာတက္ကသိုလ် အနေဖြင့် အမြင့်ဆုံးစွမ်းဆောင်ရည်ရှိသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်၍ ဒေသ ၏အကျိုး၊ နိုင်ငံ၏အကျိုးကို စုပေါင်းအင်အား ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် တက္ကသိုလ်အဖြစ် နှစ်ပေါင်းရာထောင်ချီ ကမ္ဘာတည်သရွေ့ တည်တံ့ ပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။ 

ထို့နောက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ဂုဏ်ပြု အမှာစကားပြောကြား၍  ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၏  ဆောင်ရွက်မှုများ ပါဝင်သည့်  (၁၅)နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်းတင် Video Clip ကိုပြသသည်။

ယင်းနောက် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားကြောင်း သိရသည်။

Source: The Mirror Daily

News Latest Post Read 446 times