Sales Hotline : 09448001653       Download App



နှစ်ရက်သာ တက်ရမည့် Digital Marketing သင်တန်းကို အွန်လိုင်းမှဖွင့်မည်

** Unicode **

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Digital Marketing သင်တန်းကို ဇွန် (၂၀) ရက်မှာ အွန်လိုင်းမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ Digital Marketing အကြောင်း သိလိုသူများ၊ ဈေးကွက်မဟာဗျူဟာအကြောင်း သိလိုသူများအတွက် Japanese style management ပုံစံနဲ့ ဈေးကွက် ချိတ်ဆက်ပုံ နည်းလမ်းတွေကို သင်ကြားပေးမှာဖြစ်ပြီး work shop နဲ့ Case study တွေ ပါဝင်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်ကြားရမယ့် ဘာသာရပ်တွေကတော့ What is Digital Marketing, Market Research, Branding, Personal Marketing , Customer journey map, Triple media strategy, Earned Media (incl. Influencer marketing), Owned Media, Paid Media, New 4Cs, Inbound Marketing, Content Marketing, O2O Marketing, KGI/KPI setting တွေပဲဖြစ်ပါတယ်။

သင်တန်းကာလက ဇွန် (၂၀) ရက်နဲ့ (၂၁) ရက် ဖြစ်ပြီး ဦးအောင်ကျော်လင်းက သင်ကြားပေးမှာဖြစ်ကာ မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းကြေး (၃၉၀၀၀) ကျပ် ဖြစ်ပြီး သင်တန်းသားဦးရေ အယောက် (၃၀) လက်ခံမှာဖြစ်ကာ Zoom Apps နဲ့သင်ကြားပေးမယ်လို့ သိရပါတယ်။

"ယခုနှစ်တွင်တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို Website တွင်သာထုတ်ပြန်နိုင်ဖွယ်ရှိ"

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ ဇွန် (၁၇) ရက် ၊ နေ့လယ် (၁၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းရုံးခန်း အဆောင် (၁၄)၊ ဒုတိယထပ်၊ အခန်း (၃၀၁)၊ ဖုန်း – ၉၃၃၉၂၂၀ ၊ ၀၉-၆၇၈၃၄၅၁၅၀ သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Credit: Internet 

 

** Zawgyi **







Credit: Internet 

 

News Tips Latest Post Read 991 times