ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် Post Graduate Diploma in Geography of Tourism (PGDGT) သင်တန်းကို Online ဖြင့် သင်ကြားမည်ဖြစ်ပြီး မတ်လ (၃) ရက်နေ့မှ စ၍ Online ဖြင့် ဝင်ခွင့်လျှောက်ထားနိုင်သည်။
အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် အောက်ပါအရည်အချင်းကိုက်ညီသူများ လျှောက်ထားနိုင်သည် -
သင်တန်းကို ၂၀၂၆ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၀) လ ကြာမြင့်ပါမည်။ သင်တန်းလျှောက်လွှာများကို https://hrdgeogreg.yude.edu.mm/ မှတဆင့် မတ်လ (၃) ရက်နေ့မှ (၂၀) ရက်နေ့အထိ စာရင်းပေးသွင်း လျှောက်ထားနိုင်သည်။
သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက Register Form ပိတ်သွားမည်ဖြစ်သည်။ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး အွန်လိုင်းစာရင်းပေးသွင်း အောင်မြင်သူများအား အီးမေးလ်မှတဆင့် အကြောင်းကြားပေးပါမည်။
သင်တန်းနှင့်ပတ်သက်၍ စုံစမ်းလိုပါက ဖုန်း-၀၉၄၂၀၁၇၁၅၆၅၊ ၀၁-၂၃၀၅၉၃၈ နှင့် ၀၉-၄၄၈၀၁၈၅၅၆ တို့ကို ဆက်သွယ်၍ဖြစ်စေ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်တွင် ဆက်သွယ်စုံစမ်းနိုင်သည်။