Sales Hotline : 09448001653       Download App



သူနာပြုသားဖွားသင်တန်းကျောင်းများတွင် သင်တန်းသား အယောက် ၄၀၀၀ ကျော်အထိ တိုးမြှင့် ခေါ်ယူမည်

၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် ဒီပလိုမာနှင့် ဘက်စုံသားဖွားသင်တန်း များအတွက် သင်တန်းသားများ  အရေအတွက် တိုးမြှင့်ခေါ်ယူလျက်ရှိပါသည်။ 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ သူနာပြုသားဖွားသင်တန်းကျောင်းများတွင် သင်တန်းသား  အယောက် ၄၀၀၀ ကျော်အထိ တိုးမြှင့် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။  

ဆက်စပ်ဖတ်ရှုရန်>>>> https://bit.ly/3m7jBxt

“အရင်နှစ်တွေက သူနာပြုဒီပလိုမာတန်း အတွက် အလွန်ဆုံးခေါ် အယောက် ၃၆၀၀ လောက်ပါ။ ဒီနှစ်ကတော့ ပိုခေါ်ယူဖြစ်မှာပါ။ သူနာပြုလိုအပ်မှုအရ ခေါ်ယူခြင်းဖြစ်ပါတယ်။ နှစ်စဉ်ပေးနေကျဖြစ်တဲ့ စတိုင်ပင် တစ်ယောက်ကို တစ်လ ၃၀,၀၀၀ ကျပ်ကို ပုံမှန်အတိုင်းဆက်ပေးဖြစ်မှာပါ’’ ဟု ကျန်းမာရေး နှင့်လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှတာဝန်ရှိသူ၏ပြောဆိုချက်အရသိရသည်။

 

 

အဆိုပါ သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြောငြာထားပြီးဖြစ်သည်။ 

ဆက်စပ်ဖတ်ရှုရန်>>>> https://bit.ly/2ZEXSnd

အဆိုပါသင်တန်းများကို ၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး ၂ဝ၂ဝ ပြည့်နှစ် မတ်လတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်သူများ လျှောက်ထား၍ မရကြောင်း၊သင်တန်း တက်ရောက်မည့်သူများကို တက္ကသိုလ်ဝင် စာမေးပွဲအောင်ရမှတ်များမှ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ သုံးဘာသာ ရမှတ်ပေါင်းပေါ်မူတည်၍ ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်

သင်တန်းကာလအတွင်း ပျက်ကွက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ချိုးဖောက်လျှင်ဖြစ်စေ သူနာပြုသားဖွား ဒီပလိုမာသုံးနှစ် သင်တန်းအတွက် ငွေကျပ် ရှစ်သိန်းတိတိ၊ ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းအတွက် ငွေကျပ် သုံးသိန်းတိတိ ပေးလျော်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊သင်တန်းအောင်မြင်ပြီး (အမှတ်ဖြင့် အထူးကိစ္စရပ်ဖြင့် ရွေးချယ်)သူများကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို လိုအပ်ချက်ရှိသော တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ အနည်းဆုံးသုံးနှစ် မပျက်မကွက် တာဝန် ထမ်းဆောင်နိုင်သူဖြစ် ရမည် ဖြစ်ကြောင်းသိရသည်။ 

လျှောက်လွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ၌ ရယူကာ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၂၈ ရက်ထက် နောက်မကျဘဲ လျှောက်ထားရမည်ဖြစ်သည်။ 

By Myanmar Education Guide - EDGE 

Latest Post News News Read 62355 times