Sales Hotline : 09448001653       Download App



သင်ရိုးသစ်သင်တန်းတက်ရောက်ရေးကန့်သတ်ချက်များနှင့်မကိုက်ညီပါကမလွှတ်ရန်အခြေခံပညာဦးစီးညွှန်ကြား

**Unicode**

လာမည့်ပညာသင်နှစ်တွင် သင်ရိုးသစ်ပြောင်းမည့်အခြေခံပညာအတန်းများအတွက် တစ်နိုင်ငံလုံးတွင်ရှိသော ဆရာ၊ ဆရာမ လေးသိန်းခွဲကို သင်ပြနည်းသင်တန်းပေးမည်ဖြစ်ပြီး ကျန်းမာရေးမကောင်းသူ၊ အငြိမ်းစားယူရန်နီးကပ်သူနှင့် အခြားသင်တန်းရှိသည့် ဆရာ၊ ဆရာမများအား သင်တန်းသို့ မလွှတ်ရန် အခြေခံပညာဦးစီးဌာနက ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကြေညာသည်။ 

လာမည့်ဇွန်လကျောင်းဖွင့်ချိန်တွင် အခြေခံပညာစတုတ္ထတန်း (Grade-4)၊ သတ္တမတန်း (Grade-7)၊ ဒသမတန်း (Grade-10) တို့ကို သင်ရိုးညွှန်းတမ်းအသစ်ပြောင်းမည်ဖြစ်ရာ ဆရာ၊ ဆရာမများကို သင်ရိုးသစ်သင်ပြနည်းသင်တန်းပေးမည်ဖြစ်ပါသည်။ 

ဗဟိုအဆင့်ဦးဆောင်ပို့ချသူများသင်တန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ဟူ၍ အဆင့် (၃) ဆင့်ခွဲကာ သင်ရိုးသစ်သင်ပြနည်းသင်တန်းပေးမည်ဖြစ်ပြီး သင်တန်းအဆင့်အလိုက် တစ်ဆင့်ပြန်လည်ပို့ချရမည်ဖြစ်သည်။ 

စတုတ္ထတန်း သင်ရိုးသစ်အတွက် တစ်နိုင်ငံလုံးရှိ မူလတန်းပြဆရာ၊ ဆရာမအားလုံး သင်ပြနည်းသင်တန်းတက်ရမည်ဖြစ်ပြီး သတ္တမတန်းသင်ရိုးသစ်သင်ပြနည်းသင်တန်းကို အလယ်တန်းပြဆရာ၊ ဆရာမအားလုံး ဒသမတန်းသင်ရိုးသစ်သင်ပြနည်းသင်တန်းကို အထက်တန်းပြဆရာ၊ ဆရာမအားလုံးတက်ရောက်ရမည်ဖြစ်သည်။  သို့သော် ကျန်းမာရေးမကောင်းသူ၊ အငြိမ်းစားယူရန်နီးကပ်သူနှင့် အခြားသင်တန်းရှိသည့်ဆရာ၊ ဆရာမများအားသင်တန်းသို့မလွှတ်ရန် အခြေခံပညာဦးစီးဌာနကညွှန်ကြားထားသည်။ 

Source: 7Day News

 

**Zawgyi**

လာမည့္ပညာသင္ႏွစ္တြင္ သင္ရိုးသစ္ေျပာင္းမည့္အေျခခံပညာအတန္းမ်ားအတြက္ တစ္ႏိုင္ငံလံုးတြင္ရွိေသာ ဆရာ၊ ဆရာမ ေလးသိန္းခဲြကို သင္ျပနည္းသင္တန္းေပးမည္ျဖစ္ၿပီး က်န္းမာေရးမေကာင္းသူ၊ အၿငိမ္းစားယူရန္နီးကပ္သူႏွင့္ အျခားသင္တန္းရွိသည့္ ဆရာ၊ ဆရာမမ်ားအား သင္တန္းသို႔ မလႊတ္ရန္ အေျခခံပညာဦးစီးဌာနက ေဖေဖာ္ဝါရီလ (၇) ရက္ေန႔တြင္ ေၾကညာသည္။ 

လာမည့္ဇြန္လေက်ာင္းဖြင့္ခ်ိန္တြင္ အေျခခံပညာစတုတၳတန္း (Grade-4)၊ သတၱမတန္း (Grade-7)၊ ဒသမတန္း (Grade-10) တို႔ကို သင္ရိုးညႊန္းတမ္းအသစ္ေျပာင္းမည္ျဖစ္ရာ ဆရာ၊ ဆရာမမ်ားကို သင္ရိုးသစ္သင္ျပနည္းသင္တန္းေပးမည္ျဖစ္ပါသည္။ 

ဗဟိုအဆင့္ဦးေဆာင္ပို႔ခ်သူမ်ားသင္တန္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္၊ ၿမိဳ႕နယ္အဆင့္ဟူ၍ အဆင့္ (၃) ဆင့္ခဲြကာ သင္ရိုးသစ္သင္ျပနည္းသင္တန္းေပးမည္ျဖစ္ၿပီး သင္တန္းအဆင့္အလိုက္ တစ္ဆင့္ျပန္လည္ပို႔ခ်ရမည္ျဖစ္သည္။ 

စတုတၳတန္း သင္ရိုးသစ္အတြက္ တစ္ႏိုင္ငံလံုးရွိ မူလတန္းျပဆရာ၊ ဆရာမအားလံုး သင္ျပနည္းသင္တန္းတက္ရမည္ျဖစ္ၿပီး သတၱမတန္းသင္ရိုးသစ္သင္ျပနည္းသင္တန္းကို အလယ္တန္းျပဆရာ၊ ဆရာမအားလံုး ဒသမတန္းသင္ရိုးသစ္သင္ျပနည္းသင္တန္းကို အထက္တန္းျပဆရာ၊ ဆရာမအားလံုးတက္ေရာက္ရမည္ျဖစ္သည္။  သို႔ေသာ္ က်န္းမာေရးမေကာင္းသူ၊ အၿငိမ္းစားယူရန္နီးကပ္သူႏွင့္ အျခားသင္တန္းရွိသည့္ဆရာ၊ ဆရာမမ်ားအားသင္တန္းသို႔မလႊတ္ရန္ အေျခခံပညာဦးစီးဌာနကညႊန္ၾကားထားသည္။ 

Source: 7Day News

Latest Post News News Read 26937 times